စက္တင္ဘာလထဲမွာ အေျခခံလူတန္းစားေတြအတြက္ အလွဴအႀကီးႀကီး ျပဳလုပ္သြားမယ္ဆိုတဲ့ ယုန္ေလး

ျပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ယုန္ေလးကေတာ့ ျပႆနာေတြမ်ိဳးစံုျဖစ္ခဲ့ရျပီး အခုခ်ိန္မွာေတာ့ စိတ္ေရာလူေရာ ျပင္ဆင္ျပီး အရင္အတိုင္း ျပင္ဆင္ျပီး ေနထုိင္ေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက ဒီကေန့မွာေတာ့ သူ့ကိုခ်စ္တဲ့ ပရိသတ္တစ္ေယာက္ရဲ့ ေမြးေန့အၾကိဳလက္ေဆာင္ေလးကို ထုတ္ျပရင္း သူ့ရဲ့ေမြးလ စက္္တင္ဘာလအတြင္းမွာ ျပဳလုပ္မယ့္

အလွဴေလးအေၾကာင္းကို တစ္ခါတည္း အခုလိုပဲ ေျပာလာပါတယ္။ “ကြ်န္ေတာ့္ေမြးေန႔က September 13 ပါ။ ေမြးေန႔ အႀကိဳ လက္ေဆာင္ဆိုၿပီး We love အဖြဲ႕က ညီေလးခန္႔ညား။ ေမြးလ စတဲ့ 9 လ ပိုင္း 1 ရက္ေန႔မွာ အကုန္ပီတိျဖစ္ေစမယ့္ အလွဴေလးရိွပါတယ္။ အဲ့အတြက္ ေရွ႕တစ္ပတ္ေလာက္မွာ ကြ်န္ေတာ္နဲ႔ ကြ်န္ေတာ့္ကို ခ်စ္တဲ့ လူေတြ အဲ့အလွဴေလး ပိုထိေရာက္ၿပီး တကယ္ၾကည္ႏူးဖို႔အတြက္

ေညာင္ ၁၀ ပင္ဓိဌာန္ ၁ရက္ ဝင္ပါမယ္။ အတူတူဝင္မယ့္လူမ်ားရိွသလို ေနရာအခက္ခဲေၾကာင့္ဆိုရင္လည္း အဆင္ေျပတဲ့ေနရာမွာ ဝင္ေပးပါ။ ဒါမွမဟုတ္ ဒီအလႉေလး အထေျမာက္ဖို႔ ကုိယ့္ယံုၾကည္ရာ ကိုယ့္ကိုးကြယ္ရာ ဆုေတာင္းေပးပါေနာ္ 🙏🙏🙏 အလွဴ နည္းနည္းႀကီးမယ္ျဖစ္တဲ့အတြက္ အလွဴလည္းခံပါမယ္။ အစီစဥ္ကေတာ့ ႀကိဳမေျပာခ်င္ေသးလို႔ပါ။ အဓိကကေတာ့ ကြ်န္ေတာ္တို႔ကိုခ်စ္တဲ့ အေျခခံလူတန္းစားေတြ အတြက္ေပါ့” ဆိုျပီး အလွဴေလးအေၾကာင္းကို ေျပာလာပါတယ္။ ယုန္ေလးကေတာ့

သူ့ရဲ့ အရင္ကပံုစံအတိုင္း အလွဴအတန္းနဲ့ ပရဟိတအလုပ္ေတြကို လုပ္ကိုင္ရင္း ေရွ့ဆက္ေလွ်ာက္လွမ္းေနတာပဲ ျဖစ္ပါတယ္။ ယုန္ေလးရည္ရြယ္တဲ့ အလွဴေလးလည္း အထေျမာက္ေအာင္ျမင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ယုန်လေးကတော့ ပြဿနာတွေမျိုးစုံဖြစ်ခဲ့ရပြီး အခုချိန်မှာတော့ စိတ်ရောလူရော ပြင်ဆင်ပြီး အရင်အတိုင်း ပြင်ဆင်ပြီး နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ယုန်လေးက ဒီကနေ့မှာတော့ သူ့ကိုချစ်တဲ့ ပရိသတ်တစ်ယောက်ရဲ့ မွေးနေ့အကြိုလက်ဆောင်လေးကို ထုတ်ပြရင်း သူ့ရဲ့မွေးလ စက်တင်ဘာလအတွင်းမှာ ပြုလုပ်မယ့်

အလှူလေးအကြောင်းကို တစ်ခါတည်း အခုလိုပဲ ပြောလာပါတယ်။ “ကျွန်တော့်မွေးနေ့က September 13 ပါ။ မွေးနေ့ အကြို လက်ဆောင်ဆိုပြီး We love အဖွဲ့က ညီလေးခန့်ညား။ မွေးလ စတဲ့ 9 လ ပိုင်း 1 ရက်နေ့မှာ အကုန်ပီတိဖြစ်စေမယ့် အလှူလေးရှိပါတယ်။ အဲ့အတွက် ရှေ့တစ်ပတ်လောက်မှာ ကျွန်တော်နဲ့ ကျွန်တော့်ကို ချစ်တဲ့ လူတွေ အဲ့အလှူလေး ပိုထိရောက်ပြီး တကယ်ကြည်နူးဖို့အတွက်

ညောင် ၁၀ ပင်ဓိဌာန် ၁ရက် ဝင်ပါမယ်။ အတူတူဝင်မယ့်လူများရှိသလို နေရာအခက်ခဲကြောင့်ဆိုရင်လည်း အဆင်ပြေတဲ့နေရာမှာ ဝင်ပေးပါ။ ဒါမှမဟုတ် ဒီအလှူလေး အထမြောက်ဖို့ ကိုယ့်ယုံကြည်ရာ ကိုယ့်ကိုးကွယ်ရာ ဆုတောင်းပေးပါနော် 🙏🙏🙏 အလှူ နည်းနည်းကြီးမယ်ဖြစ်တဲ့အတွက် အလှူလည်းခံပါမယ်။ အစီစဉ်ကတော့ ကြိုမပြောချင်သေးလို့ပါ။ အဓိကကတော့ ကျွန်တော်တို့ကိုချစ်တဲ့ အခြေခံလူတန်းစားတွေ အတွက်ပေါ့” ဆိုပြီး အလှူလေးအကြောင်းကို ပြောလာပါတယ်။ ယုန်လေးကတော့

သူ့ရဲ့ အရင်ကပုံစံအတိုင်း အလှူအတန်းနဲ့ ပရဟိတအလုပ်တွေကို လုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ ယုန်လေးရည်ရွယ်တဲ့ အလှူလေးလည်း အထမြောက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *