ည(၁၁)နာရီထိုးတာတောင် မနားရသေးပဲ အလုပ်တွေ ကြိုးစားနေကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ
Read in UNICODE
အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို သူမရဲ့ချစ်ခင်ပွန်း ပြေတီဦးကလည်း အောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။အိန္ဒြာကျော်ဇင်နဲ့ပြေတီဦးကလည်း လက်ရှိမှာလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေတာဖြစ်ပြီး
ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။အူဝဲနဲ့ပြေတီဦးတို့ရဲ့ မိသားစုဘဝလေးကလည်း သာယာအေးချမ်းလို့ ပရိသတ်တွေကတောင် အားကျနေကြတာပါနော်။ အိန္ဒြာကျော်ဇင်က ကလေးနှစ်ယောက်မွေးဖွားထားတဲ့ မိခင်ဖြစ်ပေမယ့်လည်း ခန္ဓာကိုယ်အလှလေးကလည်း မပျက်စီးသွားသလို မျက်နှာလေးကလည်း နုဖတ်ပြီး အရမ်းလှပတာဖြစ်ပါတယ်။အူဝဲက စိတ်သဘောထားလေးလည်းပြည့်ဝပြီး
မာန်မာနမကြီးတတ်လို့ ပရိသတ်တွေက အရမ်းချစ်နေကြတာဖြစ်ပါတယ်။မင်းသားချော ပြေတီဦးကလည်း ပျော်ပျော်နေတတ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်နော်။ အခုဆိုရင်တော့ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံနှစ်ယောက်က ကြော်ငြာလေးတစ်ခုကို အတူတူရိုက်ကူးနေကြတာဖြစ်ပါတယ်။အူဝဲကတော့
ဇနီးမောင်နှံနှစ်ယောက်လုံး ည(၁၁)နာရီအထိ အလုပ်တွေကြိုးစားနေကြတာလေးကို ဗီဒီယိုလေးရိုက်ပြီး သူမရဲ့ Facebook Myday မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအူဝဲတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source : Eaindra Kyaw Zin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *