ဘာလုပ်လုပ် အများသိဖို့မလိုပဲ အမှားမရှိဖို့ပဲလိုတယ်လို့ ပြောခဲ့တဲ့ ဖြူဖြူထွေး
Read in UNICODE
ဖြူဖြူထွေးဟာဆိုရင် ဘဝတူအနုပညာသမားတွေကို စာနာစိတ်နဲ့ ခက်ခဲနေတဲ့အချိန်မှာ အလုပ်တွေပေးတတ်တဲ့ စိတ်ထားကောင်းသလို အပြုံးလေးတွေကလည်း အေးမြသူတစ်ယောက် ပါ။ ရှုတင်တွေသိပ်မရိုက်ရလို့ ဝင်ငွေနည်းနေကြတဲ့ ဇာတ်ပို့ ဇာတ်ရံ
အနုပညာရှင် တွေကို အဆင်ပြေအောင် အလုပ်တွေပေးပြီး ရိုက်ပြီးတဲ့အခါမှာလည်း အားလုံးကို ဆန်၊ဆီနဲ့ လိုအပ်တာတွေ ကန်တော့ပေးခဲ့ပါသေး တယ်။ မိဘတွေကိုလည်းသိတတ်သလို အလှူအတန်းဆိုလည်း လက်မနှေးတတ်သူလေးတစ်ယောက်ပါ။ ချစ်ဖို့ကောင်းသလို
စိတ်စေတနာ လည်းဖြူတာမို့ ပရိသတ်တွေရဲ့မေတ္တာကို အပြည့်အဝရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ အသက် (၂၁) နှစ်အရွယ်မှာပဲ ထူးထူးခြားခြားအောင်မြင်မှုတွေနဲ့ အနုပညာလောကမှာ ရပ်တည်နေနိုင်ခဲ့တဲ့ ဖြူဖြူထွေးရဲ့ အရည်အချင်းကတော့ တော်ရုံမဟုတ်ပါဘူး။ သူမရဲ့မြန်မာဆန်ဆန်ပုံရိပ်လေးတွေကိုလည်း
” ဘာပဲလုပ်လုပ် အများသိဖို့မလိုဘူး အမှားမရှိဖို့ပဲလိုတယ်နော်အသဲတို့ ” ဆိုပြီး လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။ မြန်မာဆန်ဆန်လေး အမြဲနေတတ်ပြီး ရင်အေးစေတဲ့ချစ်စဖွယ်အပြုံးလေးဟာ အားလုံးချစ်တဲ့ သူမရဲ့အမှတ်အသား လေးတစ်ခုလို့တောင်ပြောနိုင်လောက်ပါရဲ့ပရိသတ်ကြီးရေ။
Source : Phyu Phyu Htwe’s Facebook
Add a Comment
Your email address will not be published. Required fields are marked *