သစ္သီးေတြ လမ္းေဘးမွာ ေရာင္းခ်ေနတဲ့ အဖြားအိုကို သနားလို႔ တတ္ႏိုင္သေလာက္ ကိုယ္တိုင္သြားေရာက္ လွဴဒါန္းခဲ့တယ္ဆိုတဲ့ ေနေဒြး

ေနေဒြးကို ပရိသတ္ေတြအတြက္ အထူးတလည္မိတ္ဆက္ေပးဖို႔မလိုေလာက္ဘူးထင္ပါတယ္ေနာ္။ ေနေဒြးကေတာ့ ဇာတ္ကားတိုင္းရဲ႕ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္မႈေတြေၾကာင့္ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့သူတစ္ဦးပါပဲေနာ္။ လတ္တေလာမွာလည္း ေၾကာ္ျငာေလးေတြနဲ႔ သီခ်င္း MTVေတြကို ႐ိုက္ကူးေနရတာေတြကို ေတြ႕ရမွာပဲျဖစ္ပါတယ္။ သူရဲ႕အႏုပညာေၾကးေတြထဲကမွ

ကိုဗစ္ကာလအတြင္းလိုအပ္ေနတဲ့ သူေတြကို ကုိယ္တိုင္သြားေရာက္ကာ လွဴဒါန္းေပးေလ့ရွိတဲ့ပရဟိတသမားတစ္ဦးဆိုလည္း မွားမယ္မထင္ပါဘူးေနာ္။ သူရဲ႕ လွဴဒါန္းမႈမွတ္တမ္းပုံရိပ္ေလးေတြနဲ႕ ဗီဒီယုိေလးေတြကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးေလ့ရွိပါတယ္။ ဒီေန႕မွာလည္း ေနေဒြးက” အရမ္းပီတိျဖစ္ရပါတယ္အဖြားရယ္ ကိုယ္ေတြလႈတဲ့ ပိုက္ဆံနဲ႔ဝါဆိုသဃၤန္းကပ္မွာဆိုေတာ့ပိုၿပီးပိတိျဖစ္ရပါတယ္။ေနာက္ရက္အဖြားအိမ္ကိုထပ္သြားၿပီးကြၽန္ေတာ္ရဲ႕ဆန္နဲ႔ ဆီကိုထပ္ၿပီးသြားလႈပါ့မယ္။ဘိုးဘြားမ်ားကိုေစာင့္ေရွာက္ၾကပါစို႔။မွ်ေဝၾကပါစို႔”လို႕ဆိုျပီး

လမ္းေဘးမွာသစ္သီးေတြေရာင္းေနတဲ့ အဖြားအိုအတြက္ ကိုယ္တိုင္သြားေရာက္ျပီး အလွဴေငြက်ပ္လွဴဒါန္းရင္း အဖြားက အဲ့ေငြေတြနဲ႕ ဝါဆိုသကၤန္းကပ္မယ္ဆိုျပီး ေျပာလုိက္တာေၾကာင့္ ပီတိျဖစ္မိတဲ့အေၾကာင္းကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ ေရးသားေဖာ္ျပထားတာပဲျဖစ္ပါတယ္.။ အဖြားအတြက္ ကိုယ္တိုင္သြားေရာက္လွဴဒါန္းခဲ့တဲ့ပုံရိပ္ေလးေတြကိုလည္း ျပန္လည္ျပီးမွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပရိသတ္ေတြအားလုံးသာယာေပ်ာ္ရႊင္တဲ့ေန႕ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

နေဒွေးကို ပရိသတ်တွေအတွက် အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ နေဒွေးကတော့ ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်နေတဲ့သူတစ်ဦးပါပဲနော်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေနဲ့ သီချင်း MTVတွေကို ရိုက်ကူးနေရတာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ သူရဲ့အနုပညာကြေးတွေထဲကမှ

ကိုဗစ်ကာလအတွင်းလိုအပ်နေတဲ့ သူတွေကို ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းပေးလေ့ရှိတဲ့ပရဟိတသမားတစ်ဦးဆိုလည်း မှားမယ်မထင်ပါဘူးနော်။ သူရဲ့ လှူဒါန်းမှုမှတ်တမ်းပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း နေဒွေးက” အရမ်းပီတိဖြစ်ရပါတယ်အဖွားရယ် ကိုယ်တွေလှုတဲ့ ပိုက်ဆံနဲ့ဝါဆိုသင်္ဃန်းကပ်မှာဆိုတော့ပိုပြီးပိတိဖြစ်ရပါတယ်။နောက်ရက်အဖွားအိမ်ကိုထပ်သွားပြီးကျွန်တော်ရဲ့ဆန်နဲ့ ဆီကိုထပ်ပြီးသွားလှုပါ့မယ်။ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့။မျှဝေကြပါစို့”လို့ဆိုပြီး

လမ်းဘေးမှာသစ်သီးတွေရောင်းနေတဲ့ အဖွားအိုအတွက် ကိုယ်တိုင်သွားရောက်ပြီး အလှူငွေကျပ်လှူဒါန်းရင်း အဖွားက အဲ့ငွေတွေနဲ့ ဝါဆိုသင်္ကန်းကပ်မယ်ဆိုပြီး ပြောလိုက်တာကြောင့် ပီတိဖြစ်မိတဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်.။ အဖွားအတွက် ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Dway’s Facebook

Add a Comment

Your email address will not be published. Required fields are marked *