သမီးလေးနဲ့အပြိုင်လှနေပြီး ကြည်နူးစရာ မိသားစုပုံလေးတွေ မျှဝေခဲ့တဲ့ ခိုင်သင်းကြည်





Read in UNICODE

အနုပညာလမ်းကြောင်းပေါ်ကို ခိုင်သင်းကြည်ကတော့ ဆယ်ကျော်သက် အရွယ်ကတည်းက ဝင်ရောက်ခဲ့ပြီး ဗီဒီယိုဇာတ်ကား အတော်များများမှာ ပါဝင်သရုပ်ဆောင်နေသူပါ။ သူမ ပါဝင်ထားတဲ့ ဇာတ်ကားတွေကလည်း ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေ

အကြိုက်တွေ့နေခဲ့တာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည်က ယနေ့တိုင် အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ခိုင်သင်းကြည်ဟာဆိုရင် အရမ်းချစ်ခင်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားတာကြောင့် စိတ်ပျိုကိုယ်နုဆိုသလို အမြဲတမ်းလှပကျော့ရှင်းနေတာဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့သမီးချောလေး

စံထိပ်ထားဦးကလည်း အမေတူသမီးလေးဖြစ်လို့ ချစ်မွှေးပါပြီး လူချစ်လူခင်ပေါများပါတယ်နော်။ ခိုင်သင်းကြည်တို့မိသားစုလေးက သာယာနွေးထွေးမှုအပြည့်နဲ့ အရမ်းပျော်ရွှင်စရာကောင်းလှပါတယ်နော်။ယနေ့မှာတော့ ခိုင်သင်းကြည်က မိသားစုတွေ ကြည်ကြည်နူးနူး ကုန်ဆုံးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်

စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ လှပတဲ့ ဂါဝန်ရှည်ကို ဝတ်ဆင်ကာ ဆယ်ကျော်သက် အရွယ် သမီးလေးနဲ့အပြိုင် အလှတွေပိုနေခဲ့တဲ့ ခိုင်သင်းကြည်ရဲ့ ပုံလေးတွေကလည်း တကယ်ကို ချစ်စရာကောင်းတာပါနော်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေကလည်း ခိုင်သင်းကြည်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်. ။

Source : Khine Thin Kyi’s Facebook

Add a Comment

Your email address will not be published. Required fields are marked *