ထမင္းလက္စံုစားရင္း ေဒြးကို သတိရေနၾကတယ္ဆိုတဲ့ ထက္ထက္မိုးဦးနဲ႔ ဇင္ေယာ္ေမာင္ေမာင္

တေခတ္တစ္ခါက ေၾကာ္ျငာ ဘုရင္ေတြျဖစ္တဲ့ ေဒြးနဲ႔ ထက္ထက္မိုးဦးတို႔ရဲ႕အတြဲညီမႈကေတာ့ ပရိသတ္ေတြ အားလုံးသိၿပီးျဖစ္မွာပါေနာ္ ။ ဒါ႐ိုက္တာ ဇင္ေယာ္ေမာင္ေမာင္နဲ႔အတူ ေၾကာ္ျငာေတြအမ်ားႀကီးအတူတူ တြဲဖက္႐ိုက္ကူးခဲ့ၾကတဲ့ ေငြၾကယ္ပြင့္ႏွစ္ေယာက္လို႔ေျပာရင္

လည္းမမွားပါဘူးေနာ္ ။လတ္တေလာမွာေတာ့ ဒါ႐ိုက္တာ ဇင္ေယာ္ေမာင္ေမာင္နဲ႔အတူ ထက္ထက္ တစ္ေယာက္ TVC တစ္ခု ထပ္မံ႐ိုက္ကူးေနတယ္လို႔သိရပါတယ္ ။ ညီမ ငယ္ ထက္ထက္ကို အိမ္မွာ TVC တြက္ Recording လာလုပ္ေပးပါတယ္.. ၿပီး ေတာ့ရွိတာ

ေလးနဲ႔ ထမင္းစားသြား ပါ တယ္.. အရင္တုန္းက ေၾကာ္ ျငာ ေတြ မ်ားႀကီး႐ိုက္ခဲ့တာသတိရ မိ တယ္.. ဆိုတဲ့စာသားေလးနဲ႔အတူ ဒီေန႔ထက္ထက္နဲ႔အတူ ထမင္းလက္စုံ စားရင္း အရင္ကအမွတ္တရေတြကို သတိရမိေၾကာင္း ဒါ႐ိုက္တာဇင္ေယာ္ေမာင္ေမာင္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ေရးသားေဖာ္ျပခဲ့တာျဖစ္ပါတယ္ ။ ထက္ထက္နဲ႔ အရင္က

ေၾကာ္ျငာ႐ိုက္ခဲ့တဲ့ အမွတ္တရေတြျပန္ေျပာရင္း ထက္ထက္နဲ႔ အရမ္းကို တြဲဖက္ညီခဲ့တဲ့ ကိုသားႀကီး ေဒြး ကိုလည္းသတိရ မိ တယ္.. လို႔ေရးသားထားပါေသးတယ္ ။ ပရိသတ္ႀကီးေရာ အတြဲညီခဲ့တဲ့ ေၾကာ္ျငာ ၾကယ္ပြင့္ႏွစ္ေယာက္ကို သတိရၾကရဲ႕လားမွတ္ခ်က္ေပးခဲ့ပါဦးေနာ္ ..။

Read in UNICODE

တခေတ်တစ်ခါက ကြော်ငြာ ဘုရင်တွေဖြစ်တဲ့ ဒွေးနဲ့ ထက်ထက်မိုးဦးတို့ရဲ့အတွဲညီမှုကတော့ ပရိသတ်တွေ အားလုံးသိပြီးဖြစ်မှာပါနော် ။ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူ ကြော်ငြာတွေအများကြီးအတူတူ တွဲဖက်ရိုက်ကူးခဲ့ကြတဲ့ ငွေကြယ်ပွင့်နှစ်ယောက်လို့ပြောရင်

လည်းမမှားပါဘူးနော် ။လတ်တလောမှာတော့ ဒါရိုက်တာ ဇင်ယော်မောင်မောင်နဲ့အတူ ထက်ထက် တစ်ယောက် TVC တစ်ခု ထပ်မံရိုက်ကူးနေတယ်လို့သိရပါတယ် ။ ညီမ ငယ် ထက်ထက်ကို အိမ်မှာ TVC တွက် Recording လာလုပ်ပေးပါတယ်.. ပြီး တော့ရှိတာ

လေးနဲ့ ထမင်းစားသွား ပါ တယ်.. အရင်တုန်းက ကြော် ငြာ တွေ များကြီးရိုက်ခဲ့တာသတိရ မိ တယ်.. ဆိုတဲ့စာသားလေးနဲ့အတူ ဒီနေ့ထက်ထက်နဲ့အတူ ထမင်းလက်စုံ စားရင်း အရင်ကအမှတ်တရတွေကို သတိရမိကြောင်း ဒါရိုက်တာဇင်ယော်မောင်မောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ် ။ ထက်ထက်နဲ့ အရင်က

ကြော်ငြာရိုက်ခဲ့တဲ့ အမှတ်တရတွေပြန်ပြောရင်း ထက်ထက်နဲ့ အရမ်းကို တွဲဖက်ညီခဲ့တဲ့ ကိုသားကြီး ဒွေး ကိုလည်းသတိရ မိ တယ်.. လို့ရေးသားထားပါသေးတယ် ။ ပရိသတ်ကြီးရော အတွဲညီခဲ့တဲ့ ကြော်ငြာ ကြယ်ပွင့်နှစ်ယောက်ကို သတိရကြရဲ့လားမှတ်ချက်ပေးခဲ့ပါဦးနော် ..။

Source : Zin Yaw Maung Maung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *