ပထမဆံုးျပန္လည္ရရွိခဲ့တဲ့ အႏုပညာေၾကးေလးနဲ႔ ေစ်းေရာင္းရင္း ေဆးကုေနရတဲ့ အဖြားကို ကန္ေတာ့ခဲ့တဲ့ ယုန္ေလး

ငါတို႔အားလုံးရဲ႕ေျမ သီခ်င္းဗြီဒီယိုဖန္တီးမႈေၾကာင့္ ေဝဖန္တိုက္ခိုက္မႈမ်ားစြာႀကဳံခဲ့ရတဲ့ယုန္ေလးကေတာ့ အခ်ိန္တစ္ခုေလာက္ သူကိုယ္သူျပန္လည္တည္ေဆာက္ၿပီးခ်ိန္မွာေတာ့ အရင္လိုပဲအလုပ္ေတြျပန္စလုပ္ေတာ့မွာျဖစ္ေၾကာင္း မေန႔က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ

မွ်ေဝခဲ့ပါတယ္။ အဲ့လိုေရးသားမွ်ေဝၿပီးၿပီးခ်င္းမွာပဲ အလုပ္အပ္သူတစ္ေယာက္ရရွိခဲ့တာေၾကာင့္ ယုန္ေလးက ေက်းဇူးတင္စကားဆိုခဲ့ပါေသးတယ္။ ဒီေန႔မွာေတာ့ ပထမဆုံးျပန္လည္ရရွိလာတဲ့အႏုပညာေၾကးေလးနဲ႔ သူလုပ္ေနၾက ပရဟိတအလုပ္ေတြကို

ျပန္လည္စတင္ေနၿပီျဖစ္ေၾကာင္း သတင္းေကာင္းေလးကို မွ်ေဝလာပါတယ္။ အႏုပညာေၾကးရရျခင္း လႉခ်င္တာနဲ႔ ညီေလးတစ္ေယာက္ပို႔ထားတဲ့ (၂၃)လမ္းမွာ ေဈးေရာင္းတဲ့အဖြားဆီ ညတြင္းခ်င္းသြားခဲ့ေပမယ့္ မေတြ႕လို႔ မလႉခဲ့ရပါဘူးတဲ့။ ဒါေပမယ့္ ဒီေန႔မွာေတာ့

အဖြားဆီကို ေနာက္တစ္ေခါက္ျပန္သြားၿပီး တစ္သိန္းလႉဒါန္းေပးႏိုင္ခဲ့တဲ့အျပင္ သူလက္ထဲပါတဲ့ပိုက္ဆံငါးသိန္းစလုံးကို လမ္းမွာေတြ႕သမွ် ခက္ခက္ခဲခဲပိုက္ဆံရွာေနတဲ့သူေတြအကုန္လုံးကို လႉဒါန္းေပးခဲ့ပါတယ္တဲ့ ပရိသတ္ႀကီးေရ…ယုန္ေလးကေတာ့ သူ႔ကို အလုပ္အပ္တဲ့သူေတြလည္း

ကုသိုလ္ထပ္တူရေစဖို႔ သူ႔ရဲ႕အလႉဒါနေလးကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။ ပထမဆုံးျပန္လည္ရရွိတဲ့အႏုပညာေၾကးနဲ႔ ခက္ခက္ခဲခဲ႐ုန္းကန္ေနရတဲ့သူေတြကို လိုက္လံလႉဒါန္းေပးခဲ့တဲ့ ယုန္ေလးရဲ႕ဒီေန႔ျပဳလုပ္ခဲ့တဲ့ အလႉဒါနပုံရိပ္ေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ငါတို့အားလုံးရဲ့မြေ သီချင်းဗွီဒီယိုဖန်တီးမှုကြောင့် ဝေဖန်တိုက်ခိုက်မှုများစွာကြုံခဲ့ရတဲ့ယုန်လေးကတော့ အချိန်တစ်ခုလောက် သူကိုယ်သူပြန်လည်တည်ဆောက်ပြီးချိန်မှာတော့ အရင်လိုပဲအလုပ်တွေပြန်စလုပ်တော့မှာဖြစ်ကြောင်း မနေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ

မျှဝေခဲ့ပါတယ်။ အဲ့လိုရေးသားမျှဝေပြီးပြီးချင်းမှာပဲ အလုပ်အပ်သူတစ်ယောက်ရရှိခဲ့တာကြောင့် ယုန်လေးက ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ ပထမဆုံးပြန်လည်ရရှိလာတဲ့အနုပညာကြေးလေးနဲ့ သူလုပ်နေကြ ပရဟိတအလုပ်တွေကို

ပြန်လည်စတင်နေပြီဖြစ်ကြောင်း သတင်းကောင်းလေးကို မျှဝေလာပါတယ်။ အနုပညာကြေးရရခြင်း လှူချင်တာနဲ့ ညီလေးတစ်ယောက်ပို့ထားတဲ့ (၂၃)လမ်းမှာ ဈေးရောင်းတဲ့အဖွားဆီ ညတွင်းချင်းသွားခဲ့ပေမယ့် မတွေ့လို့ မလှူခဲ့ရပါဘူးတဲ့။ ဒါပေမယ့် ဒီနေ့မှာတော့

အဖွားဆီကို နောက်တစ်ခေါက်ပြန်သွားပြီး တစ်သိန်းလှူဒါန်းပေးနိုင်ခဲ့တဲ့အပြင် သူလက်ထဲပါတဲ့ပိုက်ဆံငါးသိန်းစလုံးကို လမ်းမှာတွေ့သမျှ ခက်ခက်ခဲခဲပိုက်ဆံရှာနေတဲ့သူတွေအကုန်လုံးကို လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…ယုန်လေးကတော့ သူ့ကို အလုပ်အပ်တဲ့သူတွေလည်း

ကုသိုလ်ထပ်တူရစေဖို့ သူ့ရဲ့အလှူဒါနလေးကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ပထမဆုံးပြန်လည်ရရှိတဲ့အနုပညာကြေးနဲ့ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့သူတွေကို လိုက်လံလှူဒါန်းပေးခဲ့တဲ့ ယုန်လေးရဲ့ဒီနေ့ပြုလုပ်ခဲ့တဲ့ အလှူဒါနပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yone Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *