ဆယ်တန်းစာမေးပွဲကို ဝိဇ္ဇာတွဲနဲ့ မြန်မာတစ်နိုင်ငံလုံး ပထမရရှိခဲ့တဲ့ ချင်းတိုင်းရင်းသားလေးကို သွားရောက် ဂုဏ်ပြုခဲ့တဲ့ အက်စတာ
Read in UNICODE
အက်စတာကတော့ ဒီနေ့သြဂုတ်လ (၂၀)ရက်နေ့မှာ (၂၀၂၀)ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝိဇ္ဇာဘာသာတွဲနဲ့ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ပြီး နိုင်ငံအဆင့်ပထမဆုရရှိတဲ့ ချင်းတိုင်းရင်းသားလေး ဆလိုင်းဘိုထော်ကို ဂုဏ်ပြုတဲ့ ဂုဏ်ပြုပွဲအခမ်း
အနားကို တက်ရောက်ခဲ့ပါတယ်။ အက်စတာကိုယ်တိုင်ကလည်း ချင်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်သလို အခုလို ထူးချွန်ထက်မြတ်လှတဲ့ ချင်းတိုင်းရင်းသားလေးကို
ဂုဏ်ပြုတဲ့ ပွဲလေးကိုကို ကိုယ်တိုင် တက်ရောက်ပြီး ဂုဏ်ပြုပေးခဲ့တာပါ။ အက်စတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “မီးမရှိကျူရှင်မတက်ဘဲနဲ့ ခက်ခက်ခဲခဲကြိုးစားပီးရတဲ့အောင်မြင်မှုအတွက်ဂုဏ်ယူလျက်ပါ ဘုရားရှင်သာ၍ကောင်းကြီးပေးပါစေ “လို့လည်း ဂုဏ်ပြုဖော်ပြထားပါသေးတယ်။ ပရိသတ်ကြီးရေ
ချီးမွမ်းဂုဏ်ပြုထိုက်တဲ့သူကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ အက်စတာရဲ့ လုပ်ရက်လေးကြောင့် အက်စတာရဲ့ပရိသတ်တွေကလည်း အက်စတာကို ချီးကျူးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးရေ အက်စတာရဲ့လုပ်ရက်လေးကလည်း ချီးကျူးဂုဏ်ပြုထိုက်ပါပေတဲ့ စိတ်ဓာတ်လေးပါပဲနော်။
Source : Ester DCS’s Facebook