က်ီးမႏိုးေစတီတည္ရာမွာ ပါဝင္လွဴဒါန္းတဲ့အျပင္ အုတ္ျမစ္ခ်ရာမွာ ပန္းရံအျဖစ္ကိုယ္တိုင္ ဝင္လုပ္ရင္း ကုသိုလ္ယူေနတဲ့ ၿဖိဳးျမတ္ေအာင္

ပရိသတ္ႀကီးေရ Myanmar Idol Season (3)ရဲ႕ Winner ဆုရွင္လည္းျဖစ္သလို ေအာင္ျမင္တဲ့ အနုပညာရွင္အဆိုေတာ္ျဖစ္တဲ့ ၿဖိဳးျမတ္ေအာင္ကိုေတာ့ အထူးအေထြမိတ္ဆက္ေပးစရာမလိုေအာင္ ခ်စ္ခင္ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္.။ ၿဖိဳးျမတ္ေအာင္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရိုးသားကာ စိတ္ျဖဴစင္မႈနဲ႕အတူ အနုပညာေပၚမွာ ထားတဲ့ သူ႕ရဲ႕ စိတ္ဓာတ္နဲ႕

ေကာင္းမြန္တဲ့သီဆိုမႈပံုစံတုိ႕ေၾကာင့္ ရရွိထားသူျဖစ္ၿပီး သာသနာ့အက်ိဳးကိုလည္း ရတဲ့ အခ်ိန္ေလးမွာျဖစ္ေအာင္ လိုက္လံပါဝင္လုပ္ေဆာင္ေလ့ရွိသူတစ္ဦးပဲျဖစ္ပါ  တယ္။ အနုပညာပိုင္းမွာလည္း ခ်ီးက်ဴးဖြယ္ အနုပညာအရည္အခ်င္းေတြကို ပိုင္ဆို္င္ထားၿပီး မိဘဆရာသမားနဲ႕ ဘာသာသာသနာအက်ိဳးကိုလည္း

ထမ္းရြက္သူ ၿဖိဳးျမတ္ေအာင္ကေတာ့ လက္ရွိမွာေတာ့ အလွဴရွင္ေတြမ်ားစြာနဲ႕အတူ သူပါအပါအဝင္ပါတဲ့ က်ီးမနိုးေစတီတည္ဖို႕ လုပ္ေဆာင္ေနကာ ဒီေန႕ ၾသဂုတ္လ (၂၀)ရက္ေန႕မွာေတာ့ စတင္အုတ္ျမစ္ခ်ျခင္းနဲ႕ ဌာပနာအပ္ျခင္းတို႕ကို ျပဳလုပ္မယ့္အေၾကာင္းေလးကို “ခ်င္းေတာင္တန္းဆရာေတာ္ ၊ ေတာင္ညိဳေလးဆရာေတာ္၊ ဂဝံပ်ဴၿမိဳ႕ေဟာင္းဆရာေတာ္ ဘုရားတို႔ေမတၱာဓါတ္မ်ားျဖင့္ ညေန (၆) နာရီမွ မိုးအလင္း က်ီးမႏိုးခ်ိန္အထိ

က်ီးမႏိုးေစတီတည္ရန္အတြက္ အုတ္ျမစ္ခ်ျခင္းႏွင့္ ဌာပနာ အပ္ျခင္း။ အလွဴရွင္မ်ား အားလံုး နိဗၺာန္ အေထာက္အပံ့ မ်ား ရၾကပါေစ” ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္.။ “ခ်င္းေတာင္တန္း သာသနာျပဳ ဆရာေတာ္ဘုရား ေက်ာင္းအတြင္း ဘုရားတည္ သာသနာျပဳ” ဆုိၿပီးေတာ့လည္း ၿဖိဳးျမတ္ေအာင္ရဲ႕ညီျဖစ္သူအေကာင့္ကေန Live လႊင့္ကာ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္.။ Live ထဲမွာ ၿဖိဳးျမတ္ေအာင္ကေတာ့

အုတ္ျမစ္ခ်တဲ့ ေနရာမွာ ကိုယ္တိုင္ပန္းရံကိုင္ကာ ကူညီကုသုိလ္ယူေနတာပဲျဖစ္ပါတယ္ေနာ္..ပရိသတ္ႀကီး။ ပရိသတ္ႀကီးအတြက္ ၿဖိဳးျမတ္ေအာင္ရဲ႕ ကိုယ္တိုင္ပါဝင္ကုသိုလ္ယူ ပန္းရံကိုင္ေနတဲ့ Live ဗီဒီယုိဖိုင္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္.။ ဖတ္ရႈ႕ေပးခဲ့ၾကတဲ့ ပရိသတ္ႀကီးလည္း ေပ်ာ္ရႊင္သာယာတဲ့ ေန႕ေလးတစ္ေန႕ကို ပိုင္ဆိုင္နိုင္ၾကပါေစလို႕ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္.။

Read in UNICODE

ပရိသတ်ကြီးရေ Myanmar Idol Season (3)ရဲ့ Winner ဆုရှင်လည်းဖြစ်သလို အောင်မြင်တဲ့ အနုပညာရှင်အဆိုတော်ဖြစ်တဲ့ ဖြိုးမြတ်အောင်ကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဖြိုးမြတ်အောင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရိုးသားကာ စိတ်ဖြူစင်မှုနဲ့အတူ အနုပညာပေါ်မှာ ထားတဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့

ကောင်းမွန်တဲ့သီဆိုမှုပုံစံတို့ကြောင့် ရရှိထားသူဖြစ်ပြီး သာသနာ့အကျိုးကိုလည်း ရတဲ့ အချိန်လေးမှာဖြစ်အောင် လိုက်လံပါဝင်လုပ်ဆောင်လေ့ရှိသူတစ်ဦးပဲဖြစ်ပါ  တယ်။ အနုပညာပိုင်းမှာလည်း ချီးကျူးဖွယ် အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားပြီး မိဘဆရာသမားနဲ့ ဘာသာသာသနာအကျိုးကိုလည်း

ထမ်းရွက်သူ ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာတော့ အလှူရှင်တွေများစွာနဲ့အတူ သူပါအပါအဝင်ပါတဲ့ ကျီးမနိုးစေတီတည်ဖို့ လုပ်ဆောင်နေကာ ဒီနေ့ သြဂုတ်လ (၂၀)ရက်နေ့မှာတော့ စတင်အုတ်မြစ်ချခြင်းနဲ့ ဌာပနာအပ်ခြင်းတို့ကို ပြုလုပ်မယ့်အကြောင်းလေးကို “ချင်းတောင်တန်းဆရာတော် ၊ တောင်ညိုလေးဆရာတော်၊ ဂဝံပျူမြို့ဟောင်းဆရာတော် ဘုရားတို့မေတ္တာဓါတ်များဖြင့် ညနေ (၆) နာရီမှ မိုးအလင်း ကျီးမနိုးချိန်အထိ

ကျီးမနိုးစေတီတည်ရန်အတွက် အုတ်မြစ်ချခြင်းနှင့် ဌာပနာ အပ်ခြင်း။ အလှူရှင်များ အားလုံး နိဗ္ဗာန် အထောက်အပံ့ များ ရကြပါစေ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ “ချင်းတောင်တန်း သာသနာပြု ဆရာတော်ဘုရား ကျောင်းအတွင်း ဘုရားတည် သာသနာပြု” ဆိုပြီးတော့လည်း ဖြိုးမြတ်အောင်ရဲ့ညီဖြစ်သူအကောင့်ကနေ Live လွှင့်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ Live ထဲမှာ ဖြိုးမြတ်အောင်ကတော့

အုတ်မြစ်ချတဲ့ နေရာမှာ ကိုယ်တိုင်ပန်းရံကိုင်ကာ ကူညီကုသိုလ်ယူနေတာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး။ ပရိသတ်ကြီးအတွက် ဖြိုးမြတ်အောင်ရဲ့ ကိုယ်တိုင်ပါဝင်ကုသိုလ်ယူ ပန်းရံကိုင်နေတဲ့ Live ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်.။

Source : Ba Chit’s Facebook

Add a Comment

Your email address will not be published. Required fields are marked *