မိတ္ေဆြေကာင္းပီပီ အခက္အခဲေတြၾကံဳေနခ်ိန္မွာ ေရွာင္ဖယ္မေနပဲ ကူညီခဲ့တဲ့ ေအာင္ေလးကို ဘယ္ေတာ့မွ ေက်းဇူးမေမ့ပါဘူးဆိုတဲ့ ယုန္ေလး

ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္က ယုန္ေလးကေတာ့ သူ႔ရဲ႕ “ငါတို႔အားလုံးရဲေျမ” သီခ်င္းနဲ႔ ေဝဖန္မႈေတြကို ျပင္းထန္စြာ ရင္ဆိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ယုန္ေလးက သူ႔ရဲ႕အခက္အခဲဆုံးအခ်ိန္မွာ အနားကေန ေဖးမကူညီေပးၾကတဲ့ မိတ္ေဆြစစ္ေတြနဲ႔ မလိုေတာ့မွ တစ္မ်ိဳးေျပာတဲ့ မိတ္ေဆြတုေတြကို ကြဲကြဲျပားျပား

သိခဲ့ရၿပီပဲ ျဖစ္ပါတယ္။ ယုန္ေလးကို အားေပးဝန္းရံၿပီး ကူညီခဲ့ၾကသူေတြထဲမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေအာင္ေလးလည္း အပါအဝင္ျဖစ္ခဲ့ၿပီး ယုန္ေလးကေတာ့ ညီငယ္ေအာင္ေလးရဲ႕ ေက်းဇူးကို ဘယ္ေတာ့မွမေမ့ပါဘူးဆိုတဲ့အေၾကာင္းကို ေျပာလာပါတယ္။ ေအာင္ေလးက

ယုန္ေလးရဲ႕ ပို႔စ္ေအာက္မွာ သတိတရေကာမန႔္မန႔္ခဲ့ရာ ယုန္ေလးက “ခ်စ္တယ္ေနာ္ ငါ့အခ်စ္ဆုံးညီေလး။ ညီေလး ကူညီထားတာေတြ လုံးဝမေမ့ပါဘူး ညီေလးေရ” ဆိုၿပီး ေက်းဇူးတင္စကားေျပာခဲ့ပါတယ္။ ယုန္ေလးရဲ႕ ေက်းဇူးတင္စကားကို ေအာင္ေလးက “ဟုတ္ကဲ့ပါခ်စ္ကိုႀကီးေရ အျမန္ဆုံးအရာအားလံုးအဆင္ေျပပါေစ 🙏🏻🙏🏻🙏🏻😍” ဆိုျပီး ျပန္လည္တံု့ျပန္ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။ ယုန္ေလးနဲ့

ေအာင္ေလးကေတာ့ တစ္ေယာက္လိုအပ္ခ်ိန္တုိင္းမွာ တစ္ေယာက္ အဆင္သင့္ရိွတဲ့ မိတ္ေဆြေကာင္းေတြပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းတဲ့ ေအာင္ေလးလည္း ဒီထက္မက ေအာင္ျမင္တဲ့ အနုပညာရွင္ၾကီးျဖစ္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးအားလံုးလည္း သာယာေပ်ာ္ရႊင္တဲ့ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က ယုန်လေးကတော့ သူ့ရဲ့ “ငါတို့အားလုံးရဲမြေ” သီချင်းနဲ့ ဝေဖန်မှုတွေကို ပြင်းထန်စွာ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ယုန်လေးက သူ့ရဲ့အခက်အခဲဆုံးအချိန်မှာ အနားကနေ ဖေးမကူညီပေးကြတဲ့ မိတ်ဆွေစစ်တွေနဲ့ မလိုတော့မှ တစ်မျိုးပြောတဲ့ မိတ်ဆွေတုတွေကို ကွဲကွဲပြားပြား

သိခဲ့ရပြီပဲ ဖြစ်ပါတယ်။ ယုန်လေးကို အားပေးဝန်းရံပြီး ကူညီခဲ့ကြသူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် အောင်လေးလည်း အပါအဝင်ဖြစ်ခဲ့ပြီး ယုန်လေးကတော့ ညီငယ်အောင်လေးရဲ့ ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူးဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ အောင်လေးက

ယုန်လေးရဲ့ ပို့စ်အောက်မှာ သတိတရကောမန့်မန့်ခဲ့ရာ ယုန်လေးက “ချစ်တယ်နော် ငါ့အချစ်ဆုံးညီလေး။ ညီလေး ကူညီထားတာတွေ လုံးဝမမေ့ပါဘူး ညီလေးရေ” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ယုန်လေးရဲ့ ကျေးဇူးတင်စကားကို အောင်လေးက “ဟုတ်ကဲ့ပါချစ်ကိုကြီးရေ အမြန်ဆုံးအရာအားလုံးအဆင်ပြေပါစေ 🙏🏻🙏🏻🙏🏻😍” ဆိုပြီး ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးနဲ့

အောင်လေးကတော့ တစ်ယောက်လိုအပ်ချိန်တိုင်းမှာ တစ်ယောက် အဆင်သင့်ရှိတဲ့ မိတ်ဆွေကောင်းတွေပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ အောင်လေးလည်း ဒီထက်မက အောင်မြင်တဲ့ အနုပညာရှင်ကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Yone Lay & Aung Lay’s Facebook

Add a Comment

Your email address will not be published. Required fields are marked *