အနုပညာကြေးပေးပြီး ဆိုင်မှာ စီးပွားတက်အောင် လာဘ်ခေါ်ဖို့ ကမ်းလှမ်းတာခံခဲ့ရကြောင်း ပြောပြခဲ့တဲ့ သံသာမိုးသိမ့်





Read in UNICODE

သရုပ်ဆောင်အလုပ်တွေမလုပ်ခင်မှာ သံသာမိုးသိမ့်ကတော့ အကယ်ဒမီရွှေကြိုဗန်းကိုင်အဖြစ်ပါဝင်ခဲ့ဖူးခဲ့သူတစ်ယောက်ပါ။အခုနောက်ပိုင်းမှာတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တာပါနော်။ မကြာသေးမီကလည်း မေပျိုဖြူဇာတ်ကောင်နဲ့

ပရိသတ်တွေအသည်းစွဲခဲ့ရသူတစ်ယောက်ပါ။ ဒီနေ့မှာတော့ ” ကိုယ်ဟာ Lucky day born သူဆိုတော့ ငယ်ငယ်ထဲက အိမ်က ကားလုပ်ငန်းလုပ်တော့ ကားသမားတွေ အိမ်ကမထွက်ခင် ကိုယ်ကျောင်းအသွားကို အမြဲအိမ်အောက်ကစောင့်ကျတယ် ကားကိုလက်လေးနဲ့သုံးချက်ပုတ်ပေးလိုက်ရင်အဲ့နေ့ထူးထူးဆန်းဆန်းကိုကားကငှားတဲ့သူလက်မလည်ဘူး.. နေ့တိုင်း ကိုယ့်မာ ကိုယ့်အဖေစီးပွားရေးဆိုတော့

ကျောင်းသွားပြီဆို ကားတွေကို ပုတ်ပုတ်ပြီး လာဘ်ခေါ်ပေးရတာပေါ့.. နောက်ပိုင်းဒီလုပ်ငန်းမလုပ်တော့တဲ့ချိန်ကျကိုယ်လည်းသိပ်မလုပ်ပေးဖြစ်တော့ဘူး ။ ကြိုကြားကြိုကြားသာ စိတ်ကူးပေါက်ရင် အသိဆိုင်တွေကိုထထလုပ်ပေးဖြစ်တယ်… ကိုယ်လည်းအသက်ကြီးလာတော့သိပ်မစွမ်းတော့ဘူးပေါ့…

ကိုယ်ကဒီတိုင်းလျှောက်လာဘ်ခေါ်လုပ်ပေးခဲ့တဲ့သူတွေကအဲ့နေ့ကစပြီးဆိုင်ကလူမပြတ်နဲ့ဆိုတော့ တစ်ယောက်လည်းမဟုတ် နှစ်ယောက်လည်းမဟုတ်နဲ့ အခုနောက်ဆုံး ဘယ်ကနေဘယ်လိုသတင်းတွေရလဲမသိဘူး ညီမလေးရေဆိုင်မာလပ်ကီးလေးလုပ်ချင်လို့ အနုပညာကြေးလေးဘယ်လောက်ယူလဲထိပါ ဖုန်းဆက်ခံနေရတယ်

Source : Than Thar Moe Theint’s Facebook

Add a Comment

Your email address will not be published. Required fields are marked *