ကိုယ္ပိုင္နာမည္နဲ႔ ေဒသထြက္ စားစရာေလးေတြ ေရာင္းခ်သြားမယ္ဆိုတဲ့ ေမသန္းႏု

ေမသန္းႏုကေတာ့ သူမရဲ႕ ေမြးရပ္ဇာတိေျမျဖစ္တဲ့ ၿမိတ္ ကေန ေဒသထြက္ကုန္စားစရာေလးေတြ ေရာင္းခ်သြားမယ္လို႔ ဆိုပါတယ္။ ေ႐ႊဆင့္ ဆိုတဲ့ နာမည္ေလးနဲ႔ ေဈးစေရာင္းမယ္လို႔ မီဒီယာ ေတြကို ေျပာျပလာပါတယ္။ “ မဆင့္ကို သူငယ္ခ်င္းေတြက စားေသာက္ကုန္ေတြနဲ႔ ပတ္သက္ၿပီး ကတ္ေၾကးကိုက္ေတြ ဘာေတြ ေၾကာ္ေရာင္းပါလားေျပာတယ္။ လုပ္ေတာ့ လုပ္ခ်င္တယ္၊ ပရိသတ္ေတြကိုလည္း

ေကြၽးခ်င္တယ္။ ဒါကို တကယ္လုပ္ၿပီဆိုရင္ေတာ့ နည္းနည္းေလး အလုပ္ရႈပ္တယ္၊ အျပင္မွာ ကိုယ့္ကို ပံ့ပိုးမယ့္လူ လိုတယ္ေလ။ ကိုယ့္နာမည္နဲ႔ကိုယ့္တံဆိပ္နဲ႔ ကိုယ္လုပ္ခ်င္လို႔ ေဒသထြက္ေလးေတြ ေရာင္းဖို႔ အခုလို စဥ္းစားလိုက္တာ။ နာမည္ကိုလည္း ေ႐ႊဆင့္လို႔ပဲ နာမည္ေပးထားတယ္။ ေလာေလာဆယ္ေတာ့ ပုဇြန္ေျခာက္၊ ငါးပိ၊ သီဟိုေစ့ တို႔ စေရာင္းမယ္။ အခု ပစၥည္းေတြက အဆင္သင့္ဆိုရင္ Online ကေန ဒီလကုန္ေလာက္

စဖြင့္ေတာ့မယ္” လို႔ သူက ဆိုပါတယ္။ေမသန္းႏုဟာ Online ေပၚကေန ေဈးေရာင္းမွာျဖစ္လို႔ စိတ္မေကာင္းျဖစ္ေနၾကတဲ့ ပရိသတ္ေတြလည္းရွိတယ္လို႔ဆိုပါတယ္။ သူမအေနနဲ႔ အႏုပညာအလုပ္ေတြ မလုပ္ရေသးခင္အခ်ိန္မွာ စီးပြားေရးဘက္ကို ေျခလွမ္းေနတာလို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ “ အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီး ေဈးေရာင္းတာေပါ့ေလ။ အခုခ်ိန္မွာ အႏုပညာအလုပ္ေတြ လုပ္ဖို႔ဆိုတာလည္း မျဖစ္ေသးဘူးေလ။ အားလုံးက ရပ္ေနၾကတုန္းပဲ။ အခ်ိန္တန္ဖို႔ အခြင့္အခါ ေပးလာရင္ေတာ့

အႏုပညာအလုပ္ေတြ ျပန္လုပ္မွာေပါ့။ ဘာပဲေျပာေျပာ စီးပြားေရးတစ္ခုကေတာ့ လုပ္ကို လုပ္ေနရမွာပဲေလ။ အႏုပညာတစ္ခုပဲ ထိုင္ေစာင့္ေနလို႔ မျဖစ္ပါဘူး။ Online Shopping ကေနတဆင့္ ေနာက္ထပ္ စီးပြားေရးေတြလဲ ထပ္လုပ္လာမွာပါ။ အေသးဆုံးကိုေတာ့ ဒါနဲ႔ စလုပ္ၾကရမွာေပါ့” လို႔ သူက ဆိုပါတယ္။ သ႐ုပ္ေဆာင္ ေမသန္းႏုဟာ အႏုပညာေလာကမွာ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္မႈမ်ားနဲ႔ ရပ္တည္ႏိုင္ခဲ့ၿပီး အခုခ်ိန္ထိလည္း ပရီသတ္အားေပးမႈရေနတဲ့

သ႐ုပ္ေဆာင္တစ္ဦးပါ။ ေမသန္းႏုကို သၾကၤန္မိုး ႐ုပ္ရွင္ဇာတ္ကားကေန ပရိသတ္ေတြ စတင္သိရွိခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ၁၉၉၂ ခုႏွစ္မွာ “မူပိုင္ခ်စ္သူ”၊ ၁၉၉၅ ခုႏွစ္မွာ ”ပုဂံမွာသာတဲ့လ”၊ ၁၉၉၆ ခုႏွစ္မွာ “အလင္းေဖ်ာ့ေကာင္းကင္”၊ ၂၀၀၁ ခုႏွစ္မွာ ”ခ်စ္ျခင္း၏အျခားမဲ့၌” ႐ုပ္ရွင္ဇာတ္ကားေတြနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုမ်ား ရရွိခဲ့သလို ၂၀၀၂ ခုႏွစ္မွာလည္း “ငါသူတစ္ပါးေယာက်္ားမိန္းမ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို ထပ္မံရရွိခဲ့ပါတယ္။

Read in UNICODE

မေသန်းနုကတော့ သူမရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ မြိတ် ကနေ ဒေသထွက်ကုန်စားစရာလေးတွေ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ရွှေဆင့် ဆိုတဲ့ နာမည်လေးနဲ့ ဈေးစရောင်းမယ်လို့ မီဒီယာ တွေကို ပြောပြလာပါတယ်။ “ မဆင့်ကို သူငယ်ချင်းတွေက စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး ကတ်ကြေးကိုက်တွေ ဘာတွေ ကြော်ရောင်းပါလားပြောတယ်။ လုပ်တော့ လုပ်ချင်တယ်၊ ပရိသတ်တွေကိုလည်း

ကျွေးချင်တယ်။ ဒါကို တကယ်လုပ်ပြီဆိုရင်တော့ နည်းနည်းလေး အလုပ်ရှုပ်တယ်၊ အပြင်မှာ ကိုယ့်ကို ပံ့ပိုးမယ့်လူ လိုတယ်လေ။ ကိုယ့်နာမည်နဲ့ကိုယ့်တံဆိပ်နဲ့ ကိုယ်လုပ်ချင်လို့ ဒေသထွက်လေးတွေ ရောင်းဖို့ အခုလို စဉ်းစားလိုက်တာ။ နာမည်ကိုလည်း ရွှေဆင့်လို့ပဲ နာမည်ပေးထားတယ်။ လောလောဆယ်တော့ ပုဇွန်ခြောက်၊ ငါးပိ၊ သီဟိုစေ့ တို့ စရောင်းမယ်။ အခု ပစ္စည်းတွေက အဆင်သင့်ဆိုရင် Online ကနေ ဒီလကုန်လောက်

စဖွင့်တော့မယ်” လို့ သူက ဆိုပါတယ်။မေသန်းနုဟာ Online ပေါ်ကနေ ဈေးရောင်းမှာဖြစ်လို့ စိတ်မကောင်းဖြစ်နေကြတဲ့ ပရိသတ်တွေလည်းရှိတယ်လို့ဆိုပါတယ်။ သူမအနေနဲ့ အနုပညာအလုပ်တွေ မလုပ်ရသေးခင်အချိန်မှာ စီးပွားရေးဘက်ကို ခြေလှမ်းနေတာလို့ ဆက်လက် ပြောပြခဲ့ပါတယ်။ “ အခြေအနေအချိန်အခါကိုကြည့်ပြီး ဈေးရောင်းတာပေါ့လေ။ အခုချိန်မှာ အနုပညာအလုပ်တွေ လုပ်ဖို့ဆိုတာလည်း မဖြစ်သေးဘူးလေ။ အားလုံးက ရပ်နေကြတုန်းပဲ။ အချိန်တန်ဖို့ အခွင့်အခါ ပေးလာရင်တော့

အနုပညာအလုပ်တွေ ပြန်လုပ်မှာပေါ့။ ဘာပဲပြောပြော စီးပွားရေးတစ်ခုကတော့ လုပ်ကို လုပ်နေရမှာပဲလေ။ အနုပညာတစ်ခုပဲ ထိုင်စောင့်နေလို့ မဖြစ်ပါဘူး။ Online Shopping ကနေတဆင့် နောက်ထပ် စီးပွားရေးတွေလဲ ထပ်လုပ်လာမှာပါ။ အသေးဆုံးကိုတော့ ဒါနဲ့ စလုပ်ကြရမှာပေါ့” လို့ သူက ဆိုပါတယ်။ သရုပ်ဆောင် မေသန်းနုဟာ အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုများနဲ့ ရပ်တည်နိုင်ခဲ့ပြီး အခုချိန်ထိလည်း ပရီသတ်အားပေးမှုရနေတဲ့

သရုပ်ဆောင်တစ်ဦးပါ။ မေသန်းနုကို သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေ စတင်သိရှိခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၉၂ ခုနှစ်မှာ “မူပိုင်ချစ်သူ”၊ ၁၉၉၅ ခုနှစ်မှာ ”ပုဂံမှာသာတဲ့လ”၊ ၁၉၉၆ ခုနှစ်မှာ “အလင်းဖျော့ကောင်းကင်”၊ ၂၀၀၁ ခုနှစ်မှာ ”ချစ်ခြင်း၏အခြားမဲ့၌” ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုများ ရရှိခဲ့သလို ၂၀၀၂ ခုနှစ်မှာလည်း “ငါသူတစ်ပါးယောကျ်ားမိန်းမ” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *