သားလေးရဲ့မွေးနေ့မှာ လေလွင့်ခွေးဂေဟာကို ထမင်းတစ်ရက်စာ အလှူငွေတစ်သိန်း လှူဒါန်းခဲ့တဲ့ အောင်သူနဲ့ ပိုးအိအိခန့်
Read in UNICODE
အောင်သူနဲ့ ပိုးအိအိခန့်ကတော့ အွန်လိုင်းပေါ်မှာ ဂိမ်းအတူတူဆော့ကစားကြရင်းနဲ့ ဖူးစာဆုံခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်က ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကပဲ လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေး သွင်ဦးဟန်ကို ပိုင်ဆိုင်ထားခဲ့ပြီပဲ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်ကတော့ သူတို့ရဲ့ အလုပ်တွေထက် သားလေးကိုသာ အလေးထားပြီး ဂရုစိုက်စောင့်ရှောက်နေတဲ့
မိဘနှစ်ပါးဖြစ်ပါတယ်။ သားလေး သွင်ဦးဟန်ကလည်း အခုဆိုရင် (၁)နှစ်နဲ့ (၁)လအရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အောင်သူနဲ့ ပိုးအိအိခန့်ကလည်း သားလေးရဲ့ မွေးနေ့၊ မွေးလတိုင်းမှာ အလှူအတန်းတွေ ပြုလုပ်ပေးနေလျက်ရှိပါတယ်။ မနေ့က သြဂုတ်လ (၁၉) ရက်နေ့မှာတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ ဇနီးမောင်နှံက လေလွင့်ခွေးလေးတွေရှိရာ ပုလဲမေတ္တာဂေဟာသို့ ထမင်းတစ်ရက်စာ အလှူငွေ တစ်သိန်းကျပ်ကို
လှူဒါန်းပေးခဲ့ကြပါသေးတယ်။ အောင်သူနဲ့ ပိုးအိအိခန့်ကတော့ သားလေး မသိ နားမလည်သေးတဲ့ အရွယ်သာရှိသေးပေမယ့် သားလေးအတွက် အကောင်းဆုံးတွေကိုသာ ဖြည့်စည်းပေးနေတဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ အောင်သူနဲ့ ပိုးအိအိခန့်တို့ မိသားစုလေး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အလှူအတန်းတွေ အများကြီးပြုလုပ်နိုင်ပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Poe Ei Ei Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *