ပရိသတ္ေတြက စိုင္းစိုင္းနဲ႔တူတယ္ဆိုၿပီး ေဝဖန္ၾကမွာကို ေၾကာက္တယ္ဆိုတဲ့ ထြန္းဝီရ

ထြန္းဝီရ ရဲ႕ အမူအရာေတြ၊ ေျပာပုံဆိုပုံေတြက အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္နဲ႔ ဆင္တူတယ္လို႔ သူ႔ကို ခ်စ္တဲ့ ပရိသတ္ေတြက ေျပာခဲ့ၾကပါတယ္။ ထြန္းဝီရအေနနဲ႔ စိုင္းစိုင္းခမ္းလႈိင္နဲ႔ ပတ္သက္လာရင္ အတုယူစရာေတြ ရွိခဲ့ဖူးတယ္လို႔ မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။ “ ကိုစိုင္းက ကြၽန္ေတာ္ ငယ္ငယ္ကတည္းက ႀကိဳက္ခဲ့ရတဲ့ အဆိုေတာ္ တစ္ေယာက္ပါ။ သူနဲ႔ကြၽန္ေတာ့္ကို တူတယ္လို႔ ေျပာၾကေတာ့ ခံစားခ်က္က ကြၽန္ေတာ့္ကို ဆဲၾကမွာ ေၾကာက္တယ္။ တူတယ္လို႔လည္း မေျပာခ်င္ဘူး၊ မတူဘူးလို႔လည္း မေျပာခ်င္ဘူး။ တခ်ိဳ႕ကေတာ့ စကားေျပာတဲ့ပုံေတြ တူတယ္လို႔

ေျပာတယ္။ သူ႔ကို ငယ္ငယ္ကတည္းက သေဘာက်ခဲ့တာဆိုေတာ့ ကိုယ့္ရဲ႕ မသိစိတ္ထဲက အတုယူမိတာေတြလည္း ရွိေကာင္း ရွိေနတယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္” လို႔ သူကဆိုပါတယ္။ ထြန္းဝီရက စိုင္းစိုင္းခမ္းလႈိင္ ေျပာခဲ့ဖူးတဲ့ စကားေတြထဲမွာ သူအႀကိဳက္ဆုံး စကားတစ္ခြန္းကို ထုတ္ေဖာ္ေျပာျပလာပါတယ္။ အႏုပညာအေပၚထားရွိတဲ့ စိုင္းစိုင္းရဲ႕ သေဘာထားကိုလည္း ေလးစားမိတယ္လို႔ ဆိုပါတယ္။ “ သေဘာက်ဆုံးအခ်က္ကေတာ့ သူ႔ရဲ႕ အိုင္ဒီယာ၊ အႏုပညာအေပၚထားတဲ့ သူ႔ရဲ႕ သေဘာထား၊ ကိုစိုင္းရဲ႕ ႀကိဳးစားမႈေတြကို အရမ္းအတုယူမိတယ္။ ဘယ္သူပဲ တိုက္ခိုက္ တိုက္ခိုက္

သူမက်ရႈံးသြားဘူး။ ေနရာတစ္ခုရေအာင္ သူႀကိဳးစားႏိုင္ခဲ့တယ္။ စီးပြားေရးမွာေရာ၊ အႏုပညာေလာကမွာပါ ေအာင္ျမင္ေနတဲ့ လူတစ္ေယာက္ျဖစ္လို႔ အရမ္းအားက်မိပါတယ္။ ကိုစိုင္းေျပာခဲ့ဖူးတဲ့စကားရွိတယ္ ပရိသတ္အေယာက္(၁၀၀၀) မွာ အေယာက္(၉၀၀)က ဆဲေနရင္ေတာင္ က်န္တဲ့ အေယာက္(၁၀၀) က ၾကည့္ခ်င္ေနရင္ အႏုပညာသမားတစ္ေယာက္အေနနဲ႔ သူ႔မွာ ေဖ်ာ္ေျဖဖို႔ တာဝန္ရွိတယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္လည္း ဒီလိုပဲ ခံယူထားပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ ထြန္းဝီရကိုေတာ့ ကေလးသ႐ုပ္ေဆာင္

တစ္ေယာက္အျဖစ္ တီဗီေၾကာ္ျငာေတြကေနတဆင့္ ပရိသတ္ေတြ အားေပးလာခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ ဗီဒီယိုဇာတ္ကားမ်ားစြာမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့သူပါ။ သူဟာ သ႐ုပ္ေဆာင္အလုပ္သာမက ဇာတ္သဘင္ အလုပ္ေတြမွာပါ ျမန္မာအဆို၊ အက ေတြကို ကြၽမ္းက်င္ပိုင္ႏိုင္စြာ ကျပေဖ်ာ္ေျဖတတ္သူ တစ္ေယာက္ပါ။ ပညာေရးေၾကာင့္ အႏုပညာအလုပ္ေတြ ရပ္နားခဲ့တာ ျဖစ္ၿပီး ေ႐ႊႀကိဳၿပိဳင္ပြဲ ပထမအႀကိမ္လူေတြ႕ စစ္ေဆးတဲ့ေန႔မွာပဲ သူ႔ရဲ႕ ဓာတ္ပုံေတြကေနတဆင့္ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ျပန္လည္ ရရွိခဲ့တာျဖစ္ပါတယ္။

Read in UNICODE

ထွန်းဝီရ ရဲ့ အမူအရာတွေ၊ ပြောပုံဆိုပုံတွေက အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ ဆင်တူတယ်လို့ သူ့ကို ချစ်တဲ့ ပရိသတ်တွေက ပြောခဲ့ကြပါတယ်။ ထွန်းဝီရအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပတ်သက်လာရင် အတုယူစရာတွေ ရှိခဲ့ဖူးတယ်လို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ “ ကိုစိုင်းက ကျွန်တော် ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော် တစ်ယောက်ပါ။ သူနဲ့ကျွန်တော့်ကို တူတယ်လို့ ပြောကြတော့ ခံစားချက်က ကျွန်တော့်ကို ဆဲကြမှာ ကြောက်တယ်။ တူတယ်လို့လည်း မပြောချင်ဘူး၊ မတူဘူးလို့လည်း မပြောချင်ဘူး။ တချို့ကတော့ စကားပြောတဲ့ပုံတွေ တူတယ်လို့

ပြောတယ်။ သူ့ကို ငယ်ငယ်ကတည်းက သဘောကျခဲ့တာဆိုတော့ ကိုယ့်ရဲ့ မသိစိတ်ထဲက အတုယူမိတာတွေလည်း ရှိကောင်း ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ သူကဆိုပါတယ်။ ထွန်းဝီရက စိုင်းစိုင်းခမ်းလှိုင် ပြောခဲ့ဖူးတဲ့ စကားတွေထဲမှာ သူအကြိုက်ဆုံး စကားတစ်ခွန်းကို ထုတ်ဖော်ပြောပြလာပါတယ်။ အနုပညာအပေါ်ထားရှိတဲ့ စိုင်းစိုင်းရဲ့ သဘောထားကိုလည်း လေးစားမိတယ်လို့ ဆိုပါတယ်။ “ သဘောကျဆုံးအချက်ကတော့ သူ့ရဲ့ အိုင်ဒီယာ၊ အနုပညာအပေါ်ထားတဲ့ သူ့ရဲ့ သဘောထား၊ ကိုစိုင်းရဲ့ ကြိုးစားမှုတွေကို အရမ်းအတုယူမိတယ်။ ဘယ်သူပဲ တိုက်ခိုက် တိုက်ခိုက်

သူမကျရှုံးသွားဘူး။ နေရာတစ်ခုရအောင် သူကြိုးစားနိုင်ခဲ့တယ်။ စီးပွားရေးမှာရော၊ အနုပညာလောကမှာပါ အောင်မြင်နေတဲ့ လူတစ်ယောက်ဖြစ်လို့ အရမ်းအားကျမိပါတယ်။ ကိုစိုင်းပြောခဲ့ဖူးတဲ့စကားရှိတယ် ပရိသတ်အယောက်(၁၀၀၀) မှာ အယောက်(၉၀၀)က ဆဲနေရင်တောင် ကျန်တဲ့ အယောက်(၁၀၀) က ကြည့်ချင်နေရင် အနုပညာသမားတစ်ယောက်အနေနဲ့ သူ့မှာ ဖျော်ဖြေဖို့ တာဝန်ရှိတယ်လို့ ပြောတယ်။ ကျွန်တော်လည်း ဒီလိုပဲ ခံယူထားပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ ထွန်းဝီရကိုတော့ ကလေးသရုပ်ဆောင်

တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ သူဟာ သရုပ်ဆောင်အလုပ်သာမက ဇာတ်သဘင် အလုပ်တွေမှာပါ မြန်မာအဆို၊ အက တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ကပြဖျော်ဖြေတတ်သူ တစ်ယောက်ပါ။ ပညာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့တာ ဖြစ်ပြီး ရွှေကြိုပြိုင်ပွဲ ပထမအကြိမ်လူတွေ့ စစ်ဆေးတဲ့နေ့မှာပဲ သူ့ရဲ့ ဓာတ်ပုံတွေကနေတဆင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပြန်လည် ရရှိခဲ့တာဖြစ်ပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *