သဘာဝအတိုင္း အသားပိုေတြကို ဖယ္ရွားေပးႏိုင္မည့္ နည္းလမ္းေကာင္းမ်ား

မ်ားေသာအားျဖင့္ အသားပိုေတြက အႏၲရာယ္လဲမရွိ မနာမက်င္ေပမယ့္ အသားပိုထြက္ရင္ လူတိုင္း စိတ္ဆင္းရဲရၿပီး ဖယ္ရွားခ်င္ၾကပါတယ္။ အသားပိုေတြကို အိမ္မွာပဲ လြယ္လြယ္ကူကူနဲ႔ ထိထိေရာက္ေရာက္ ဖယ္ရွားႏိုင္မယ့္သဘာဝနည္းလမ္းေကာင္းေတြကို ရွာေဖြတင္ဆက္ေပးလိုက္တယ္ေနာ္။ ပန္းသီးဗနီကာမွာ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားတဲ့အျပင္ သူ႔ရဲ႕သဘာဝအက္ဆစ္ဂုဏ္သတၱိေတြက

အသားပိုေတြဖယ္ရွားရာမွာ အလြန္အသုံးဝင္ပါတယ္။ ပန္းသီးဗနီကာက အသားအရည္ဆဲလ္ေတြကို ဖ်က္ဆီးေပးၿပီး ျမင္မေကာင္းတဲ့အသားပိုမ်ားကို ကြာက်ေစပါတယ္။ ဂြမ္းလုံးကို ပန္းသီးဗနီကာထဲစိမ္ေပးၿပီး အရည္ပိုေတြညႇစ္ေပးပါ။ၿပီးရင္ အဲ့ဂြမ္းလုံးကို အသားပိုေပၚတင္ေပး၍ ေနရာမေ႐ြ႕ေအာင္ ပလာစတာကပ္ေပးၿပီး တစ္ညထားေပးပါ။ ေန႔စဥ္လုပ္ေပးမယ္ဆိုရင္ အသားပိုေျခာက္လာၿပီး

သူ႔အလိုလိုျပဳတ္က်သြားပါလိမ့္မယ္။ ဂ်င္းမွာ အသားပိုေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ ထိထိေရာက္ေရာက္တိုက္ထုတ္ေပးႏိုင္တဲ့အျပင္ ပိုးမႊားေသေစႏိုင္တဲ့ဂုဏ္သတၱိေတြပိုင္ဆိုင္ထားတဲ့ ဇီဝျဒပ္ေပါင္းမ်ားစြာပါဝင္ေနပါတယ္။ အရင္ဆုံး အသားပိုရွိတဲ့ေနရာကို သန္႔ရွင္းေရးလုပ္ၿပီး ေျခာက္ေအာင္ထားေပးပါ။ ဂ်င္းတစ္ျပားကို ယူၿပီး အသားပိုရွိတဲ့ေနရာကို 2-3 မိနစ္ခန္႔ ပြတ္တိုက္ေပးပါ။ ဒီနည္းေလးကိုေတာ့ တစ္ေန႔ 4-5 ႀကိမ္ခန္႔ျပဳလုပ္ေပးႏိုင္ပါတယ္။ 100% tea tree oil စစ္စစ္မွာဆိုရင္

ပိုးမႊား၊ မႈိ၊ ဗိုင္းရပ္စ္ပိုးေသေစႏိုင္တဲ့ ဂုဏ္သတၱိေတြ ပိုင္ဆိုင္ထားပါတယ္။ Tea tree oil က အသုံးျပဳရလြယ္ကူၿပီး စိတ္ခ်ရပါတယ္။ ပထမဆုံး အသားပိုရွိတဲ့ေနရာတစ္ဝိုက္ကို သန္႔စင္ေပးၿပီးေျခာက္ေသြ႕ေအာင္ထားပါ။ Tea tree oil 2-3စက္ေလာက္ ဂြမ္းဖတ္ေပၚ အစက္ခ်ကာ အသားပိုရွိတဲ့ေနရာေပၚတင္ၿပီးညင္သာစြာ ႏွိပ္ေပးပါ။ ျမန္ျမန္ဆန္ဆန္နဲ႔ ပိုထိေရာက္ဖို႔ဆိုရင္ေတာ့ ဒီနည္းကို တစ္ေန႔ 3-4 ႀကိမ္ခန္႔ ျပဳလုပ္ေပးပါ။

Read in UNICODE

များသောအားဖြင့် အသားပိုတွေက အန္တရာယ်လဲမရှိ မနာမကျင်ပေမယ့် အသားပိုထွက်ရင် လူတိုင်း စိတ်ဆင်းရဲရပြီး ဖယ်ရှားချင်ကြပါတယ်။ အသားပိုတွေကို အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ ထိထိရောက်ရောက် ဖယ်ရှားနိုင်မယ့်သဘာဝနည်းလမ်းကောင်းတွေကို ရှာဖွေတင်ဆက်ပေးလိုက်တယ်နော်။ ပန်းသီးဗနီကာမှာ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့အပြင် သူ့ရဲ့သဘာဝအက်ဆစ်ဂုဏ်သတ္တိတွေက

အသားပိုတွေဖယ်ရှားရာမှာ အလွန်အသုံးဝင်ပါတယ်။ ပန်းသီးဗနီကာက အသားအရည်ဆဲလ်တွေကို ဖျက်ဆီးပေးပြီး မြင်မကောင်းတဲ့အသားပိုများကို ကွာကျစေပါတယ်။ ဂွမ်းလုံးကို ပန်းသီးဗနီကာထဲစိမ်ပေးပြီး အရည်ပိုတွေညှစ်ပေးပါ။ပြီးရင် အဲ့ဂွမ်းလုံးကို အသားပိုပေါ်တင်ပေး၍ နေရာမရွေ့အောင် ပလာစတာကပ်ပေးပြီး တစ်ညထားပေးပါ။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် အသားပိုခြောက်လာပြီး

သူ့အလိုလိုပြုတ်ကျသွားပါလိမ့်မယ်။ ဂျင်းမှာ အသားပိုတွေကို လျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက်တိုက်ထုတ်ပေးနိုင်တဲ့အပြင် ပိုးမွှားသေစေနိုင်တဲ့ဂုဏ်သတ္တိတွေပိုင်ဆိုင်ထားတဲ့ ဇီဝဒြပ်ပေါင်းများစွာပါဝင်နေပါတယ်။ အရင်ဆုံး အသားပိုရှိတဲ့နေရာကို သန့်ရှင်းရေးလုပ်ပြီး ခြောက်အောင်ထားပေးပါ။ ဂျင်းတစ်ပြားကို ယူပြီး အသားပိုရှိတဲ့နေရာကို 2-3 မိနစ်ခန့် ပွတ်တိုက်ပေးပါ။ ဒီနည်းလေးကိုတော့ တစ်နေ့ 4-5 ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။ 100% tea tree oil စစ်စစ်မှာဆိုရင်

ပိုးမွှား၊ မှို၊ ဗိုင်းရပ်စ်ပိုးသေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားပါတယ်။ Tea tree oil က အသုံးပြုရလွယ်ကူပြီး စိတ်ချရပါတယ်။ ပထမဆုံး အသားပိုရှိတဲ့နေရာတစ်ဝိုက်ကို သန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။ Tea tree oil 2-3စက်လောက် ဂွမ်းဖတ်ပေါ် အစက်ချကာ အသားပိုရှိတဲ့နေရာပေါ်တင်ပြီးညင်သာစွာ နှိပ်ပေးပါ။ မြန်မြန်ဆန်ဆန်နဲ့ ပိုထိရောက်ဖို့ဆိုရင်တော့ ဒီနည်းကို တစ်နေ့ 3-4 ကြိမ်ခန့် ပြုလုပ်ပေးပါ။

Source : CupofMon

Add a Comment

Your email address will not be published. Required fields are marked *