အရင်လို ခင်မင်မှုတွေနဲ့ ပြန်လည်သင့်မြတ်သွားကြပြီဖြစ်တဲ့ Lucky 7 ထုတ်လုပ်ရေးပဲ့ကိုင်ရှင် ကိုအုန်းဝင်းနဲ့ ယုန်လေး
Read in UNICODE
ယုန်လေးကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က သူကိုယ်တိုင်စီစဉ်ရိုက်ကူးတဲ့ “ငါတို့အားလုံးရဲ့မြေ” သီချင်းနဲ့ ပက်သတ်ပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဘက်ဘက်က ဖိအားတွေများနေတဲ့အချိန်မှာ ယုန်လေးက သူ့ကို ဝိုင်းဝန်းပြစ်တင်ပြောဆိုကြတယ်ဆိုပြီး ဒေါသတွေနဲ့ Live လွှင့်ခဲ့ပါသေးတယ်။ ထိုပြဿနာတွေမှာ
ယုန်လေးက Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးပဲ့ကိုင်ရှင် ကိုအုန်းဝင်းရဲ့ နာမည်ကို ထည့်သွင်းပြီး အထင်အမြင် လွဲမှားခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးက သူ့ရဲ့စိတ်ကို ရက်အတော်ကြာ အနားပေးခဲ့ပြီးနောက်မှာတော့ ဒီကနေ့မှာ လူမှုကွန်ယက်စာမျက်နှာပေါ်ကို
ပြန်လည်ရောက်ရှိလာပြီး သူရိုက်ထားတဲ့ ကြော်ငြာလေးတစ်ပုဒ်ကို မျှဝေပေးလာပါတယ်။ ထိုပို့်စ်အောက်မှာ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးပဲ့ကိုင်ရှင် ကိုအုန်းဝင်းက ယုန်လေးအတွက် အားပေးစကားပြောကာ ယုန်လေးကလည်း ကိုအုန်းဝင်းကို အရင်ခင်မင်ခဲ့တဲ့ ပုံစံအတိုင်း ရင်းရင်းနှီးနှီးသာ ပြန်လည်တုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ယုန်လေးကတော့
သူ့စိတ်ကို အချိန်အတော်ကြာ အနားပေးခဲ့ပြီး အခုချိန်မှာတော့ အေးအေးဆေးဆေး တည်ငြိမ်ပြီး သူချစ်တဲ့သူတွေနဲ့လည်း အရင်ကအတိုင်း အဆက်အဆံရှိနေပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Yone Lay’s Facebook