ပြည်တွင်းကူးစက်မှုတွေကြောင့် အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့ ပရိသတ်တွေကို သတိပေးတိုက်တွန်းခဲ့တဲ့ စိုးမြတ်နန္ဒာ
Read in UNICODE
အကယ်ဒမီမင်းသမီးစိုးမြတ်နန္ဒာကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ စိုးမြတ်နန္ဒာကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပေးမယ့်လည်း အားပေးနေတဲ့ပရိသတ်တွေရဲ့ အချစ်ကိုတော့ အခိုင်အမာရရှိထားတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် ညီအစ်မတွေနဲ့အတူ
စပ်တူလုပ်ကိုင်ထားတဲ့ “မင်းသမီးပိုးထည်တိုက်”ကလည်း အောင်မြင်လျက်ရှိပါတယ်။ စိုးမြတ်နန္ဒာကတော့ ချစ်စရာကောင်းလွန်းတဲ့သားလေးနဲ့အတူ သာယာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ သူမကိုအားပေးနေတဲ့ပရိသတ်တွေအတွက်လည်း အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့
စိုးမြတ်နန္ဒာက” Covid-19 ပြည်တွင်းကူးစက်မှုတွေ ရှိလာပြီမို့ မပေါ့ကြပါနဲ့နော် ကိုယ်တိုင် ရော ကိုယ့်မိသားစု အတွက်ရော ဂရုစိုက်ကြပါလို့ Mask လေးတွေလဲ တပ်ကြပါ လက်လေးတွေလဲ ဆေးကြပါ ကမ္ဘာ့နိုင်ငံတွေမှာလဲ ကူးစက်နေကြဆဲမို့ မြန်မာနိုင်ငံက ချစ်ခင်ရသူတွေ သတိရှိကြပါနော်”လို့ဆိုပြီး လတ်တလောမှာ ပြည်တွင်းကူးစက်ခံရမှုတွေကြောင့်
ဂရုစိုက်ကြဖို့ တိုက်တွန်းထားတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ စိုးမြတ်နန္ဒာကတော့ ပရိသတ်တွေအတွက် စိုးရိမ်ပူပန်စွာနဲ့ ဂရုစိုက်ကြဖို့ကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Soe Myat Nandar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *