အေဖျဖစ္သူ ခင္လွိုင္နဲ႔ ႐ိုက္ကြင္းေနာက္ကြယ္က ရီေနရတဲ့ အလႊဲေလးေတြကို မွ်ေဝခဲ့တဲ့ သဇင္ထူးျမင့္

သဇင္ထူးျမင့္က အကယ္ဒမီဆုေပးပြဲမွာ ေ႐ႊႀကိဳအျဖစ္ စတင္ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ လူသိမ်ားေအာင္ျမင္လာခဲ့တာ ျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ႕အႏုပညာအေမြေတြကို ဆက္ခံခဲ့တဲ့ သဇင္ထူးျမင့္ကို ပရိသတ္ေတြကလည္း ခ်စ္ခင္အားေပးၾကတာျဖစ္ပါတယ္။ အခုဆိုရင္

သဇင္ထူးျမင့္က ေၾကာ္ျငာနဲ႔ သီခ်င္းဗီဒီယိုေလးေတြ မနားတမ္း႐ိုက္ကူးေနရတဲ့အျပင္ ဇာတ္လမ္းတြဲေလးေတြမွာေတာင္ ပါဝင္ေနရၿပီ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း သဇင္ထူးျမင့္က “ရည္းစားလိုခ်င္တယ္” ဆိုတဲ့ သီခ်င္းဗီဒီယိုေလးကို လက္ခံ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒီသီခ်င္းဗီဒီယိုေလးကိုေတာ့

ခင္လႈိင္ကိုယ္တိုင္ ဒါ႐ိုက္တာအျဖစ္႐ိုက္ကူးၿပီး ေနမိုးဝင္း၊ ထြန္းဝီရနဲ႔ သဇင္ထူးျမင့္တို႔က ပါဝင္သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ အခုလည္း သဇင္ထူးျမင့္က ႐ိုက္ကြင္းေနာက္ကြယ္က အလြဲေလးေတြနဲ႔အတူ ေပ်ာ္စရာအမွတ္တရေလးေတြကို ဗီဒီယိုဖိုင္ေလးနဲ႔မွ်ေဝေပးထားတာ ျဖစ္ပါတယ္။ ဒီဗီဒီယိုေလးမွာ ေဖေဖခင္လႈိင္ကလည္း

သမီးေခ်ာေလး သဇင္ထူးျမင့္နဲ႔အတူ ႐ိုက္ကူးေရးျပဳလုပ္ရင္း စေနာက္ရယ္ေမာကာ ေပ်ာ္႐ႊင္ေနခဲ့တာပဲ ျဖစ္ပါတယ္။ ကဲ ခင္လႈိင္တို႔သားအဖပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “ရည္းစားလိုခ်င္တယ္” Music Video ေလးရဲ႕Behind the scene ဗီဒီယိုေလးကို ေအာက္မွာ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

သဇင်ထူးမြင့်က အကယ်ဒမီဆုပေးပွဲမှာ ရွှေကြိုအဖြစ် စတင်ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့အနုပညာအမွေတွေကို ဆက်ခံခဲ့တဲ့ သဇင်ထူးမြင့်ကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။ အခုဆိုရင်

သဇင်ထူးမြင့်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ မနားတမ်းရိုက်ကူးနေရတဲ့အပြင် ဇာတ်လမ်းတွဲလေးတွေမှာတောင် ပါဝင်နေရပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သဇင်ထူးမြင့်က “ရည်းစားလိုချင်တယ်” ဆိုတဲ့ သီချင်းဗီဒီယိုလေးကို လက်ခံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းဗီဒီယိုလေးကိုတော့

ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးပြီး နေမိုးဝင်း၊ ထွန်းဝီရနဲ့ သဇင်ထူးမြင့်တို့က ပါဝင်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုလည်း သဇင်ထူးမြင့်က ရိုက်ကွင်းနောက်ကွယ်က အလွဲလေးတွေနဲ့အတူ ပျော်စရာအမှတ်တရလေးတွေကို ဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာ ဖေဖေခင်လှိုင်ကလည်း

သမီးချောလေး သဇင်ထူးမြင့်နဲ့အတူ ရိုက်ကူးရေးပြုလုပ်ရင်း စနောက်ရယ်မောကာ ပျော်ရွှင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ခင်လှိုင်တို့သားအဖပါဝင်သရုပ်ဆောင်ထားတဲ့ “ရည်းစားလိုချင်တယ်” Music Video လေးရဲ့Behind the scene ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Thazin Htoo Myint – Thel’s Facebook

Add a Comment

Your email address will not be published. Required fields are marked *