အရင္လို လူေတြကို ကူညီၿပီး ပရဟိတေတြလုပ္ႏိုင္ဖို႔ အေကာင္းဆံုး ျပန္လည္ႀကိဳးစားသြားမယ္ဆိုတဲ့ ယုန္ေလး

လြန္ခဲ့တဲ့ရက္ပိုင္းက ျဖစ္ေပၚခဲ့တဲ့ျပႆနာေတြေၾကာင့္ လူမႈကြန္ရက္အသုံးျပဳမႈရပ္နားခဲ့တဲ့ ယုန္ေလးကေတာ့ ဒီေန႔မွာ စိတ္ကို အေကာင္းဆုံးျပန္လည္တည္ေဆာက္ၿပီး ေရွ႕ဆက္သြားမယ့္အေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားမွ်ေဝလာပါတယ္။ သူ႔ဘဝရဲ႕ခက္ခဲခဲ့တဲ့အခ်ိန္ေတြမွာ အားေပးကူညီေပးခဲ့ၾကတဲ့ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ပရိသတ္ေတြကို ေက်းဇူးတင္စကားဆိုခဲ့တဲ့အျပင္ ဒီေန႔ကစၿပီး

အရင္လိုပဲ ပို႔စ္ေတြျပန္တင္ကာ ပရိသတ္နဲ႔ျပန္လည္ထိေတြ႕သြားပါမယ့္အေၾကာင္း ေရးသားခဲ့ပါတယ္။ ယုန္ေလးကေတာ့ ဟိုးအရင္ကတည္းက သူရရွိတဲ့အႏုပညာေၾကးေလးေတြကို ပရဟိတလုပ္ကာ အကူညီလိုသူအခ်ိဳ႕ကို ကူညီေထာက္ပံ့ေနသူပါ။ ဒီတစ္ေခါက္ျဖစ္ပြားခဲ့တဲ့ ဂယက္ေၾကာင့္ ယုန္ေလးကို ႐ုပ္ရွင္အစည္းအ႐ုံးက အႏုပညာလႈပ္ရွားခြင့္ တစ္ႏွစ္ပိတ္လိုက္ေပမယ့္လည္း

We Stand With Yone Lay, We Love Yone Lay Group ေတြက အမာခံပရိသတ္ေတြက သူတာဝန္ယူကူညီေပးေနတဲ့သူေတြကို လစဥ္စုေငြနဲ႔ ေထာက္ပံ့ေပးသြားမွာျဖစ္ၿပီး အခုလို သူ႔ကို အားေပးကူညီေပးတဲ့ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ဒါ့အျပင္ သူကိုယ္တိုင္လည္း ႐ုပ္ရွင္အစည္းအ႐ုံးကို စာတင္စရာမလိုဘဲ

႐ိုက္ကူးလို႔ရတဲ့ ေဖ့ဘြတ္ခ္ဗြီဒီယိုေလးေတြေနတဆင့္ သူ႔ဘဝကို ျပန္လည္တည္ေဆာက္သြားမွာျဖစ္ၿပီး အရင္လို ပရဟိတေတြ လိုအပ္တဲ့လူေတြကို ကူဖို႔ မရရေအာင္ ျပန္ႀကိဳးစားသြားမယ့္အေၾကာင္းကို ဒီေန႔မွာ ေရးသားမွ်ေဝလာပါတယ္… အားအင္သစ္ေတြနဲ႔ တဖန္ျပန္လည္ရပ္တည္ဖို႔ ႀကိဳးစားေနတဲ့ယုန္ေလးအတြက္ အားေပးစကားေျပာခဲ့ပါဦး ပရိသတ္ႀကီးေရ…

Read in UNICODE

လွန်ခဲ့တဲ့ရက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကြောင့် လူမှုကွန်ရက်အသုံးပြုမှုရပ်နားခဲ့တဲ့ ယုန်လေးကတော့ ဒီနေ့မှာ စိတ်ကို အကောင်းဆုံးပြန်လည်တည်ဆောက်ပြီး ရှေ့ဆက်သွားမယ့်အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားမျှဝေလာပါတယ်။ သူ့ဘဝရဲ့ခက်ခဲခဲ့တဲ့အချိန်တွေမှာ အားပေးကူညီပေးခဲ့ကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် ဒီနေ့ကစပြီး

အရင်လိုပဲ ပို့စ်တွေပြန်တင်ကာ ပရိသတ်နဲ့ပြန်လည်ထိတွေ့သွားပါမယ့်အကြောင်း ရေးသားခဲ့ပါတယ်။ ယုန်လေးကတော့ ဟိုးအရင်ကတည်းက သူရရှိတဲ့အနုပညာကြေးလေးတွေကို ပရဟိတလုပ်ကာ အကူညီလိုသူအချို့ကို ကူညီထောက်ပံ့နေသူပါ။ ဒီတစ်ခေါက်ဖြစ်ပွားခဲ့တဲ့ ဂယက်ကြောင့် ယုန်လေးကို ရုပ်ရှင်အစည်းအရုံးက အနုပညာလှုပ်ရှားခွင့် တစ်နှစ်ပိတ်လိုက်ပေမယ့်လည်း

We Stand With Yone Lay, We Love Yone Lay Group တွေက အမာခံပရိသတ်တွေက သူတာဝန်ယူကူညီပေးနေတဲ့သူတွေကို လစဉ်စုငွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး အခုလို သူ့ကို အားပေးကူညီပေးတဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ရုပ်ရှင်အစည်းအရုံးကို စာတင်စရာမလိုဘဲ

ရိုက်ကူးလို့ရတဲ့ ဖေ့ဘွတ်ခ်ဗွီဒီယိုလေးတွေနေတဆင့် သူ့ဘဝကို ပြန်လည်တည်ဆောက်သွားမှာဖြစ်ပြီး အရင်လို ပရဟိတတွေ လိုအပ်တဲ့လူတွေကို ကူဖို့ မရရအောင် ပြန်ကြိုးစားသွားမယ့်အကြောင်းကို ဒီနေ့မှာ ရေးသားမျှဝေလာပါတယ်… အားအင်သစ်တွေနဲ့ တဖန်ပြန်လည်ရပ်တည်ဖို့ ကြိုးစားနေတဲ့ယုန်လေးအတွက် အားပေးစကားပြောခဲ့ပါဦး ပရိသတ်ကြီးရေ…

Source : Yone Lay’s Facebook | Reference & Credit : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *