ခ်စ္သူေလးနဲ႔ ဝါကြ်တ္ရင္ လက္ထပ္ဖို႔ ျမန္မာ့အဖိုးတန္ နီလာအစစ္နဲ႔လုပ္ထားတဲ့ လက္စြပ္ကို ျပင္ဆင္ထားတယ္ဆိုတဲ့ ႏိုင္းဝမ္း

ဂီတေလာကမွာ ေအာင္ျမင္မႈမ်ားစြာနဲ႔ ရပ္တည္ေနတဲ့ အဆိုေတာ္ ႏိုင္းဝမ္းကေတာ့ မသိသူမရွိေလာက္ေအာင္ နာမည္ရေနၿပီးသား ျဖစ္ပါတယ္။ ႏိုင္းဝမ္းက “နင္သာရွိရင္၊ စလုံးကခ်စ္သူ၊ အေရာင္မဆိုးနဲ႔ ” ဆိုတဲ့ သီခ်င္းေကာင္းမ်ားစြာနဲ႔ ပရိသတ္ေတြရဲ႕ႏွစ္ၿခိဳက္အားေပးမႈကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း ႏိုင္းဝမ္းက အဆိုေတာ္

Jewel နဲ႔အတူ “ခ်စ္ႀကိဳက္တြဲ မညား” ဆိုတဲ့သီခ်င္းေလးတစ္ပုဒ္ကို ဖန္တီးခဲ့ေသးတာျဖစ္ပါတယ္။ ခ်စ္စရာေကာင္းတဲ့ ခ်စ္သူေလးကိုပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ ႏိုင္းဝမ္းကေတာ့ မၾကာခင္အခ်ိန္မွာပဲ လက္ထပ္ေတာ့မွာ ျဖစ္ပါတယ္။ ႏိုင္းဝမ္းက သူ႔ရဲ႕ခ်စ္သူေလးနဲ႔ ခ်စ္သူသက္တမ္း (၁၀)

ႏွစ္ေက်ာ္ၾကာေအာင္ နားလည္မႈရွိရွိ လက္တြဲလာခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ႏိုင္းဝမ္းက ခ်စ္သူေလးကိုလက္ထပ္ဖို႔အတြက္ အဖိုးတန္နီလာနဲ႔ ျပဳလုပ္ထားတဲ့ လက္ထပ္လက္စြပ္ႏွစ္ကြင္းကိုေတာင္ ျပင္ဆင္ထားၿပီးၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို ႏိုင္းဝမ္းက “ကိုယ့္ဘဝထဲလွမ္းခဲ့ေတာ့

ၾကင္နာသူေ႐ႊမင္းသမီးေလးရယ္ မဂၤလာပြဲေတြ ဘယ္အခ်ိန္မွက်င္းပခြင့္ေပးမယ္မသိေပမယ့္လည္း ဝါကြၽတ္တာနဲ႔ လက္ထပ္ဖို႔ရာ လက္ထပ္လက္စြပ္ကအစ အဆင္သင့္ျဖစ္ေနပါၿပီလို႔ ဖူးစာမွန္ရင္ ေယာက္်ားေလးရဲ႕လက္သန္းနဲ႔ မိန္းကေလးရဲ႕လက္သန္းႂကြယ္ ဆိုဒ္ကတစ္ခုထဲဆိုတာနဲ႔လည္း ကြက္တိ (တည္ၿငိမ္ ၿငိမ္းခ်မ္းမႈဆိုတဲ့အျပာေရာင္) ျမန္မာ့အဖိုးတန္နီလာစစ္စစ္နဲ႔ပဲ ျပဳလုပ္လိုတဲ့

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕စိတ္ကူးေလးကို (သန႔္ရွင္းျဖဴစင္ျခင္းဆိုတဲ့အျဖဴေရာင္) စိန္နဲ႔ေ႐ႊျဖဴေတြပါဝန္းရံလို႔ အေကာင္းမြန္ဆုံးဖန္တီးျပဳလုပ္ေပးတဲ့အျပင္ ဒစ္စေကာင့္ပါထပ္ေလွ်ာ့ေပးေသးတဲ့ SP Gems ကို အထူးပင္ေက်းဇူးတင္ရွိပါတယ္ခင္ဗ်ာ” ဆိုၿပီး လက္ထပ္လက္စြပ္ေလးကို ျပသထားတာ ျဖစ္ပါတယ္။ ကဲ ႏိုင္းဝမ္းတို႔ခ်စ္သူႏွစ္ဦးရဲ႕ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ဂီတလောကမှာ အောင်မြင်မှုများစွာနဲ့ ရပ်တည်နေတဲ့ အဆိုတော် နိုင်းဝမ်းကတော့ မသိသူမရှိလောက်အောင် နာမည်ရနေပြီးသား ဖြစ်ပါတယ်။ နိုင်းဝမ်းက “နင်သာရှိရင်၊ စလုံးကချစ်သူ၊ အရောင်မဆိုးနဲ့ ” ဆိုတဲ့ သီချင်းကောင်းများစွာနဲ့ ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း နိုင်းဝမ်းက အဆိုတော်

Jewel နဲ့အတူ “ချစ်ကြိုက်တွဲ မညား” ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကို ဖန်တီးခဲ့သေးတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ချစ်သူလေးကိုပိုင်ဆိုင်ထားတဲ့ အဆိုတော် နိုင်းဝမ်းကတော့ မကြာခင်အချိန်မှာပဲ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ နိုင်းဝမ်းက သူ့ရဲ့ချစ်သူလေးနဲ့ ချစ်သူသက်တမ်း (၁၀)

နှစ်ကျော်ကြာအောင် နားလည်မှုရှိရှိ လက်တွဲလာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်းဝမ်းက ချစ်သူလေးကိုလက်ထပ်ဖို့အတွက် အဖိုးတန်နီလာနဲ့ ပြုလုပ်ထားတဲ့ လက်ထပ်လက်စွပ်နှစ်ကွင်းကိုတောင် ပြင်ဆင်ထားပြီးပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို နိုင်းဝမ်းက “ကိုယ့်ဘဝထဲလှမ်းခဲ့တော့

ကြင်နာသူရွှေမင်းသမီးလေးရယ် မင်္ဂလာပွဲတွေ ဘယ်အချိန်မှကျင်းပခွင့်ပေးမယ်မသိပေမယ့်လည်း ဝါကျွတ်တာနဲ့ လက်ထပ်ဖို့ရာ လက်ထပ်လက်စွပ်ကအစ အဆင်သင့်ဖြစ်နေပါပြီလို့ ဖူးစာမှန်ရင် ယောက်ျားလေးရဲ့လက်သန်းနဲ့ မိန်းကလေးရဲ့လက်သန်းကြွယ် ဆိုဒ်ကတစ်ခုထဲဆိုတာနဲ့လည်း ကွက်တိ (တည်ငြိမ် ငြိမ်းချမ်းမှုဆိုတဲ့အပြာရောင်) မြန်မာ့အဖိုးတန်နီလာစစ်စစ်နဲ့ပဲ ပြုလုပ်လိုတဲ့

ကျွန်တော်တို့နှစ်ယောက်ရဲ့စိတ်ကူးလေးကို (သန့်ရှင်းဖြူစင်ခြင်းဆိုတဲ့အဖြူရောင်) စိန်နဲ့ရွှေဖြူတွေပါဝန်းရံလို့ အကောင်းမွန်ဆုံးဖန်တီးပြုလုပ်ပေးတဲ့အပြင် ဒစ်စကောင့်ပါထပ်လျှော့ပေးသေးတဲ့ SP Gems ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” ဆိုပြီး လက်ထပ်လက်စွပ်လေးကို ပြသထားတာ ဖြစ်ပါတယ်။ ကဲ နိုင်းဝမ်းတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Kyaw Zin Latt’s Facebook

Add a Comment

Your email address will not be published. Required fields are marked *