အွန်လိုင်းကနေ ဈေးရောင်းလို့ရတဲ့ ပိုက်ဆံတွေကို အကို အမနဲ့ အမေအတွက် စာအိတ်လေးထဲထည့်ပြီး ကန်တော့ခဲ့တဲ့ ဝေလာရီ





Read in UNICODE

ဝေလာရီကတော့ အဆိုတော် လိမ္မော်သီးရဲ့ ညီမလေးအဖြစ် ပရိသတ်တွေ သတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။ ဝေလာရီက သူမ ပထမဦးဆုံးဇာတ်လမ်းတွဲ “နှင်းဆီ” ဇာတ်လမ်းတွဲမှာလည်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးခြင်းခံခဲ့ရသူလေးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဝေလာရီက အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေသလို သူမတို့ မိသားစုစီးပွားရေးလုပ်ငန်းဖြစ်

တဲ့ J & W Clothing ကိုလည်း ကူညီလုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ လူလေးချစ်စရာကောင်းသလို လိမ္မာရေးခြားရှိတဲ့ ဝေလာရီက Live လွှင့်ပြီး ဈေးရောင်းလို့ရတဲ့ ပိုက်ဆံလေးတွေနဲ့ မိသားစုဝင်တွေကို ကန်တော့ဖြစ်ခဲ့ကြောင်း အခုလိုပဲပြောလာပါတယ်။ “ကိုယ့်တို့ မိသားစု အလုပ်လေး J & W Clothing က Live လွှင့်ရောင်းအပြီး အိမ်အတွက်၊ မိသားစုအတွက် တတ်နိုင်သလောက်လေး …🥰❤️

အနုပညာအလုပ်က ရတာလည်းပေး၊ ဈေးရောင်းပြီးရတဲ့ အမြတ်လေးလည်းပေး …❤️ အိမ်ဆောက်တော့လည်း ဒီအလုပ်လေးက ပိုက်ဆံစိုက်။ ကားဝယ်တော့လည်း ဒီအလုပ်လေးထဲက ပိုက်ဆံစိုက်။ အနုပညာ တစ်ဖက်နဲ့ စခဲ့တဲ့ အလုပ်လေး။ အရမ်း ပင်ပန်းပေမယ့် ပျော်ပါတယ်🥰လိမ္မာတယ်မလား …🥰❤️” ဆိုပြီး ပြောလာပါတယ်။ ဝေလာရီကတော့ အသက်ငယ်ပေမယ့်

မိသားစုတာဝန်တွေကို နိုင်သလောက်လေး ထမ်းဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လိမ္မာရေးခြားရှိတဲ့ ဝေလာရီလေးကို ဒီထက်မက ပိုချစ်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Wai Lar Ri’s Facebook

Add a Comment

Your email address will not be published. Required fields are marked *