အခက်အခဲတွေရင်ဆိုင်နေရပြီး လေဖြတ်နေတဲ့ ဝါရင့်သရုပ်ဆောင် ဦးတင်မြင့်ဆီ ကိုယ်တိုင်သွားရောက် ကူညီခဲ့တဲ့ Sinon Loresca






Read in UNICODE

ဖိလစ်ပိုင်ရဲ့ နာမည်ကြီး Cat Walk King ဖြစ်တဲ့ Sinon Loresca ကိုတော့ မြန်မာပြည်သူပရိသတ်တွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာ မလိုလောက်တော့ပါဘူးနော်..။ ရက်ရက်ရောရောလှူဒါန်းမှုတွေနဲ့ မွန်မြတ်ကောင်းမွန်လွန်းတဲ့ ချစ်စရာစိတ်ထားလေးတွေကြောင့်

မြန်မာပရိသတ်တွေကြား ရေပန်းစားနေတဲ့ Sinon ကိုတော့ အားလုံးက ချစ်ခင်သဘောကျကြတာလည်း ဖြစ်ပါတယ်နော်..။ အနုပညာအလုပ်တွေကို လုပ်ဆောင်နေသလို ကြုံရင်ကြုံသလို အလှူအတန်းတွေလည်း တတ်နိုင်သလောက် မကြာခဏပြုလုပ်နေတဲ့ Sinon ဟာ

အခုတစ်ခါမှာလည်း လေဖြတ်ဝေဒနာခံစားနေရရှာပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝါရင့်သရုပ်ဆောင် ဘဘဦးတင်မြင့်ဆီကို ကိုယ်တိုင်သွားရောက်ကာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။ အလှူငွေတွေ လှူဒါန်းခဲ့တဲ့အပြင် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထွေးပွေ့ပေးခဲ့တဲ့

ကြည်နူးစရာပုံရိပ်လေးတွေကလည်း မြင်သူပရိသတ်တွေတိုင်းကို ကြည်နူးမှုအပျော်လေးတွေ ကူးစက်စေမှာပါနော်..။ “ကျွန်တော် ဦးကိုတွေ့လိုက်ရတာ ကျွန်တော့်အဖေ့ကို သတိရသွားစေတယ်ဗျာ ဦးနဲ့တွေ့ ခွင့်ရလို့အရမ်းပျော်ပါတယ် အဖိုးရဲ့ ဘဝအကြောင်းကနေသင်ခန်းစာတွေ အများကြီးရပါတယ်ခင်ဗျာ လေးစားပါတယ်ခင်ဗျာ ရှေ့ဆက်ကြိုးစားနေပါ

ကျွန်တော်တတ်နိုင်သလောက် ကူညီပါ့မယ် ချစ်တယ် အဖိုး(အဖေ)..” ဆိုပြီး ကြည်နူးစရာ အမှတ်တရလေးတွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။ ပရိသတ်တွေကလည်း Sinon အလှူလေးနဲ့ မွန်အြတ်တဲ့စိတ်ထားလေးတွေကိုလည်း သဘောကျနေကြပြီး အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။

Source : Sinon Loresca’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *