မျက်စိအလင်းမရသော်လဲ ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့သူတွေကို သွားရောက် ဂုဏ်ပြု လှူဒါန်းခဲ့တဲ့ ခေးဆက်သွင်
Read in UNICODE
MRTV-4 ရုပ်သံဇာတ်လမ်းတွဲများနဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားသူ မင်းသမီးချော ခေးဆက်သွင်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ခေးဆက်သွင်ကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူ မင်းသမီးတစ်လက်ဖြစ်ပြီး ရိုက်ကူးခဲ့သမျှ ရုပ်သံဇာတ်လမ်းတွဲများစွာထဲကမှာ နှင်းဆီ ရုပ်သံဇာတ်လမ်းတွဲမှာတော့
ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှုတွေကို ရရှိခဲ့သူပဲဖြစ်ပါတယ်.။ ခေးဆက်သွင်ကတော့ သူမချစ်တဲ့ အနုပညာအလုပ်နဲ့ ပရိသတ်တွေ၊ မိသားစုတွေအတွက်သာ သူမရဲ့ အချိန်တွေကို ကုန်ဆုံးစေတတ်သူပါ.။ ခရီးတွေထွက်ကာ အားလပ်ရက်လေးတွေကို ယူူခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်.။ ဒီနေ့ သြဂုတ်လ
(၁၈)ရက်နေ့မှာတော့ ခေးဆက်သွင်က သူမရဲ့ သူငယ်ချင်းများနဲ့အတူ တက္ကသိုလ်ဝင်တန်း ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ လူမှုဝန်ထမ်းဦးစီးဌာန မျက်မမြင်ကျောင်းမှ ကျောင်းသားကျောင်းသူတွေဆီ သွားရောက်ခဲ့တဲ့အကြောင်းလေးကို “ဂုဏ်ထူးတွေနဲ့ ထူးထူးချွန်ချွန်အောင်ကြလို့ သွားရောက်ဂုဏ်ပြုအလှူ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ခေးဆက်သွင်တို့ အနုပညာသူငယ်ချင်းတစ်စုကတော့
ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့တဲ့ မျက်မမြင်ကျောင်းက ကျောင်းသားကျောင်းသူတွေအတွက် ဂုဏ်ပြု လှူဒါန်းမှုလေးတစ်ခုကို ပြုလုပ်ခဲ့ပုံလေးက ကြည်နူးစရာပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ခေးဆက်သွင်တို့ အနုပညာသူငယ်ချင်းတစ်စုရဲ့ ဂုဏ်ပြုအလှူလေးအပေါ် သာဓု ခေါ်ဆိုသွားပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Khay Sett Thwin’s Facebook
Add a Comment
Your email address will not be published. Required fields are marked *