ဖခင်ဖြစ်သူနဲ့ မကြာသေးခင်ကမှ ပြန်လည်တွေ့ဆုံရပြီး ပျော်ရွှင်နေတဲ့အချိန်လေးမှာ ဆုံးပါးသွားတာကြောင့် ရင်နဲ့မဆံ့အောင် ခံစားနေရတဲ့ ထက်ထက်မိုးဦး





Read in UNICODE

မင်းသမီး ထက်ထက်မိုးဦးကို မှုန်ရွှေရည်လို့ ဆိုလိုက်တာနဲ့ တန်းမြင်မိမယ်ထင်ပါတယ်နော်.။ ကြော်ငြာမင်းသမီးလို့ တင်စားရလောက်အောင် တီဗီအစီအစဉ်ကြော်ငြာတိုင်းကို ရိုက်ကူးခဲ့ရပြီး ကြော်ငြာခဲ့တဲ့ ကုန်ပစ္စည်းတိုင်းကလည်း ရောင်းထွက်ခဲ့ကြတာပါ.။ သရုပ်ဆောင်ပိုင်းမှာလည်း တော်ပြီး အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုကိုလည်း ပိုင်ဆိုင်ထားသူ ထက်ထက်မိုးဦးကတော့ မြန်မာနိုင်ငံရဲ့

ဒိတ်ဒိတ်ကျဲ နာမည်ကြီး မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်ေ နာ်.။ ကျန်းမာရေးကြောင့် ရပ်နားထားရတဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတဲ့ ထက်ထက်မိုးဦးကတော့ နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်နေခဲ့တဲ့ ဖခင်ရှိရာ မိုးကုတ်မြို့ဆီကို သွားလည်ခဲ့ပြီး အဖေရဲ့ ကျန်းမာရေးကြောင့်

ဆေးရုံတက်ရတဲ့ အချိန်တွေမှာလည်း သားသမီးဝတ္တရားကျေပွန်စွာ လုပ်ဆောင်ပေးခဲ့သူပါ.။ ဒီနေ့ သြဂုတ်လ (၁၈)ရက်နေ့မှာတော့ ဖခင်ဖြစ်သူမှာ ကွယ်လွန်ခဲ့ပြီး ဝမ်းနည်းပူဆွေးရတဲ့ သူမရဲ့ ခံစားချက်တစ်ချို့ကို “အဖေရေ…” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ မကြာသေးမီကမှာ အတူပြန်ဆုံတွေ့ရတဲ့ အချိန်လေးမှာပဲ

ဖခင်ဖြစ်သူက ခွဲခွာသွားခဲ့ပြန်ပြီမို့ ထက်ထက်တစ်ယောက် ဝမ်းနည်းမှုတွေကို ရင်နဲ့မဆံ့အောင် ခံစားနေရမယ် ထင်ပါတယ်နော်.ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း ဝမ်းနည်းမှုတွေခံစားနေရတဲ့ ထက်ထက်မိုးဦးအတွက် အားပေးစကားလေးတွေ ရေးသွားခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Htet Htet Moe Oo’s Facebook

Add a Comment

Your email address will not be published. Required fields are marked *