အေမျဖစ္သူက ေမြးေန႔မွာ ဒိုင္လွ်ိဳေလး စပ႐ိုက္လုပ္ေပးခဲ့တာေၾကာင့္ ေပ်ာ္ေနတဲ့ ရဲရင့္ေအာင္

ပရိသတ္ႀကီးေရ R&B , Soul ဂီတအမ်ိဳးအစားေတြနဲ႔ လူႀကိဳက္မ်ားတဲ့ အဆိုေတာ္ျဖစ္လာတဲ့ရဲရင့္ေအာင္ရဲ႕ အႏုပညာ အစက( ၂၀၁၁)ခုႏွစ္ကလို႔ ဆိုရမွာပါ။Bo Bo Entertainment group အေခြေတြမွာ သူ႔သီခ်င္းေတြပါဝင္လာၿပီးေနာက္မွာ (၂၀၁၂ ) ေဖေဖာ္ဝါရီလမွာေတာ့ အဆိုေတာ္

သားသားနဲ႔အတူ ” အမုန္းဒိုင္ယာရီ ” duet album ေလး ထြက္ရွိႏိုင္ခဲ့ပါတယ္။အဲ့ဒီအေခြမွာပဲ ရဲရင့္ေအာင္ရဲ႕ပရိသတ္ အားေပးမႈကအံ့အားသင့္စရာျဖစ္ခဲ့ၿပီး သီခ်င္းတိုင္း ေပါက္ခဲ့တယ္လို႔ ေျပာရမယ္ဆိုရင္မွားမယ္မထင္ပါဘူး။ (၂၀၁၄) မွာ တကိုယ္ေတာ္ စီးရီးကို “ေခ်” ဆိုတဲ့နာမည္နဲ႔ထြက္ခဲ့ၿပီး ေအာင္ျမင္မႈကေတာ့ အံ့မခန္းပါပဲ။႐ုပ္ရွင္ဇာတ္ကားေတြ ဗီဒီယိုဇာတ္ကားေတြမွာ

ပါဝင္႐ိုက္ကူးခဲ့ၿပီး သ႐ုပ္ေဆာင္ပိုင္းေရာ မေခ ေၾကာင္း ျပႏိုင္ခဲ့တာေၾကာင့္ အမ်ိဳးသမီး ပရိသတ္ေတြ ပိုခ်စ္ကာ အကဲပိုခဲ့ရတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ ရဲရင့္ေအာင္အျဖစ္ရပ္တည္လာႏိုင္ခဲ့တာပါ။ ပရိသတ္ေတြ အခ်စ္ပိုရတဲ့ ရဲရင့္ေအာင္မွာ အမ်ိဳးသမီးပရိသတ္ႀကီးပဲ မ်ားတယ္လို႔ မေျပာႏိုင္ျပန္ပါဘူး။ ခိုင္မာတဲ့အမ်ိဳးသားပရိသတ္ေတြလဲ ရွိပါတယ္ေနာ္။ ဒီေန႔က်ေရာက္တဲ့

ၾသဂုတ္လ(၁၈)ရက္ေန႔ကေတာ့ ရဲရင့္ေအာင္ ရဲ႕ ေမြးေန႔ရက္ျမတ္ေလးျဖစ္ၿပီးသူ႔ရဲ႕ မိခင္က ေမြးေန႔ကိတ္ေလးနဲ႔ surprise လုပ္ခဲ့ ေၾကာင္းကို” အေမ့ရဲ႕ဒိုင္ရႈိစီစဥ္မႈ”ဆိုတဲ့စာေလးနဲ႔ပုံေလးတင္လာခဲ့တာပါ။ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Read in UNICODE

ပရိသတ်ကြီးရေ R&B , Soul ဂီတအမျိုးအစားတွေနဲ့ လူကြိုက်များတဲ့ အဆိုတော်ဖြစ်လာတဲ့ရဲရင့်အောင်ရဲ့ အနုပညာ အစက( ၂၀၁၁)ခုနှစ်ကလို့ ဆိုရမှာပါ။Bo Bo Entertainment group အခွေတွေမှာ သူ့သီချင်းတွေပါဝင်လာပြီးနောက်မှာ (၂၀၁၂ ) ဖေဖော်ဝါရီလမှာတော့ အဆိုတော်

သားသားနဲ့အတူ ” အမုန်းဒိုင်ယာရီ ” duet album လေး ထွက်ရှိနိုင်ခဲ့ပါတယ်။အဲ့ဒီအခွေမှာပဲ ရဲရင့်အောင်ရဲ့ပရိသတ် အားပေးမှုကအံ့အားသင့်စရာဖြစ်ခဲ့ပြီး သီချင်းတိုင်း ပေါက်ခဲ့တယ်လို့ ပြောရမယ်ဆိုရင်မှားမယ်မထင်ပါဘူး။ (၂၀၁၄) မှာ တကိုယ်တော် စီးရီးကို “ချေ” ဆိုတဲ့နာမည်နဲ့ထွက်ခဲ့ပြီး အောင်မြင်မှုကတော့ အံ့မခန်းပါပဲ။ရုပ်ရှင်ဇာတ်ကားတွေ ဗီဒီယိုဇာတ်ကားတွေမှာ

ပါဝင်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ပိုင်းရော မခေ ကြောင်း ပြနိုင်ခဲ့တာကြောင့် အမျိုးသမီး ပရိသတ်တွေ ပိုချစ်ကာ အကဲပိုခဲ့ရတဲ့ အဆိုတော် သရုပ်ဆောင် ရဲရင့်အောင်အဖြစ်ရပ်တည်လာနိုင်ခဲ့တာပါ။ ပရိသတ်တွေ အချစ်ပိုရတဲ့ ရဲရင့်အောင်မှာ အမျိုးသမီးပရိသတ်ကြီးပဲ များတယ်လို့ မပြောနိုင်ပြန်ပါဘူး။ ခိုင်မာတဲ့အမျိုးသားပရိသတ်တွေလဲ ရှိပါတယ်နော်။ ဒီနေ့ကျရောက်တဲ့

သြဂုတ်လ(၁၈)ရက်နေ့ကတော့ ရဲရင့်အောင် ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီးသူ့ရဲ့ မိခင်က မွေးနေ့ကိတ်လေးနဲ့ surprise လုပ်ခဲ့ ကြောင်းကို” အမေ့ရဲ့ဒိုင်ရှိုစီစဉ်မှု”ဆိုတဲ့စာလေးနဲ့ပုံလေးတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Yair Yint Aung’s Facebook

Add a Comment

Your email address will not be published. Required fields are marked *