အသည္းအဆီဖုံး အနာေဆြး အနာေဟာင္း ဒူလာ လိပ္ေခါင္း ေရာဂါသည္မ်ားအတြက္ သက္ရင္းႀကီး႐ြက္

အသည္းႀကီးသူ။သရက္ရြက္ႀကီးသူ။ေရာင္သူ။ေဖာသူ။ေရဖ်ဥ္းစြဲသူမ်ားသက္ရင္းႀကီးရြက္ႏုကိုေရေႏြးေဖ်ာၿပီးအတို႔အျမႇုပ္လုပ္ကာေန႔စဥ္စားသုံးေပးပါ။ အစာမေၾကေရာဂါရွိသူ။ ဝမ္းပိုက္စူေဖာင္းၿပီးေလဝဝသူ။ဝမ္းႏႈတ္ေဆးစားမွဝမ္းမွန္သူ။သလိပ္မထြက္ေသာရင္ၾကပ္ေရာဂါရွိသူ။ ဝမ္းတြင္း၍အလုံးအက်ိတ္ရွိသူ။ဝမ္းေၾကာတင္းသူမ်ား

ေန႔စဥ္စားလၽွင္ဝမ္းမွန္ေလသက္လာေစနိုင္သည္။ သက္ရင္းႀကီးပင္သည္အရြက္။အေခါက္။အျမစ္အားလုံးေဆးဘက္ဝင္ေသာအပင္မ်ိဳးျဖစ္ၿပီးျမန္ျပည္ေနရာတိုင္းတြင္ေပါက္ေရာက္သည္။သတ္၍ပင္ေသခဲေသာအပင္မ်ိဳးျဖစ္သည္။စာေရးသူဧ။္ အဖိုးသည္ခါးနာေရာဂါစြဲေနရာ သက္ရင္းႀကီးရြက္ရရြက္ကိုခါးတြင္ထိုးၿပီးညအိပ္သည္ကိုမွတ္မိဘူးပါသည္။

ေဆးက်မ္းမ်ားအလို

အျမစ္ကိုထန္းလ်က္ႏွင့္စိမ္၍ စိမ္ေဆးအျဖစ္ေန႔စဥ္သုံးေဆာင္ပါက အစာေၾက ေလ ဝမ္းမွန္ေစသည္။ ယင္းစိမ္ေဆးျဖင့္အရက္ျဖတ္၍လည္းရသည္။အျခားေရာဂါမ်ားဝင္ေရာက္ျခင္းမွလည္းကာကြယ္နိုင္သည္။ ဒူလာလိပ္ေခါင္းေရာဂါအတြက္အျမစ္ကိုသံပုရာရည္ႏွင့္အျမစ္ကိုေသြးေသာက္ရသည္။ သက္ရင္းႀကီးေခါက္သည္ေဖာေရာင္ၿပီးဖ်ားေသာေရာဂါေပ်ာက္ကင္းေစ၍

အေဖာကိုက်ေစသည္။ အနာေဆြး။အနာေဟာင္းမ်ားမက်က္ဖဲၿပီတစိုစိုျဖစ္ေနလၽွင္သက္ရင္းႀကီးရြက္က္ိုအညက္က်ိတ္၍အုံေပးျခင္းျဖင့္အနာအသားႏုတက္ၿပီးအျမန္က်က္ေစသည္။ အရြက္ႏုက္ိုျပဳပ္တို႔စားျခင္းျဖင့္ဝမ္း ေလမွန္ေစ၍ဝမ္းကိုက္နာ။ဝမ္းသြားနာတို႔ေပ်ာက္ကင္းေစနိုင္သည္။

Read in UNICODE

အသည်းကြီးသူ။သရက်ရွက်ကြီးသူ။ရောင်သူ။ဖောသူ။ရေဖျဉ်းစွဲသူများသက်ရင်းကြီးရွက်နုကိုရေနွေးဖျောပြီးအတို့အမြှုပ်လုပ်ကာနေ့စဉ်စားသုံးပေးပါ။ အစာမကြေရောဂါရှိသူ။ ဝမ်းပိုက်စူဖောင်းပြီးလေဝဝသူ။ဝမ်းနှုတ်ဆေးစားမှဝမ်းမှန်သူ။သလိပ်မထွက်သောရင်ကြပ်ရောဂါရှိသူ။ ဝမ်းတွင်း၍အလုံးအကျိတ်ရှိသူ။ဝမ်းကြောတင်းသူများ

နေ့စဉ်စားလျှင်ဝမ်းမှန်လေသက်လာစေနိုင်သည်။ သက်ရင်းကြီးပင်သည်အရွက်။အခေါက်။အမြစ်အားလုံးဆေးဘက်ဝင်သောအပင်မျိုးဖြစ်ပြီးမြန်ပြည်နေရာတိုင်းတွင်ပေါက်ရောက်သည်။သတ်၍ပင်သေခဲသောအပင်မျိုးဖြစ်သည်။စာရေးသူဧ။် အဖိုးသည်ခါးနာရောဂါစွဲနေရာ သက်ရင်းကြီးရွက်ရရွက်ကိုခါးတွင်ထိုးပြီးညအိပ်သည်ကိုမှတ်မိဘူးပါသည်။

ဆေးကျမ်းများအလို

အမြစ်ကိုထန်းလျက်နှင့်စိမ်၍ စိမ်ဆေးအဖြစ်နေ့စဉ်သုံးဆောင်ပါက အစာကြေ လေ ဝမ်းမှန်စေသည်။ ယင်းစိမ်ဆေးဖြင့်အရက်ဖြတ်၍လည်းရသည်။အခြားရောဂါများဝင်ရောက်ခြင်းမှလည်းကာကွယ်နိုင်သည်။ ဒူလာလိပ်ခေါင်းရောဂါအတွက်အမြစ်ကိုသံပုရာရည်နှင့်အမြစ်ကိုသွေးသောက်ရသည်။ သက်ရင်းကြီးခေါက်သည်ဖောရောင်ပြီးဖျားသောရောဂါပျောက်ကင်းစေ၍

အဖောကိုကျစေသည်။ အနာဆွေး။အနာဟောင်းများမကျက်ဖဲပြီတစိုစိုဖြစ်နေလျှင်သက်ရင်းကြီးရွက်ကိုအညက်ကျိတ်၍အုံပေးခြင်းဖြင့်အနာအသားနုတက်ပြီးအမြန်ကျက်စေသည်။ အရွက်နုကိုပြုပ်တို့စားခြင်းဖြင့်ဝမ်း လေမှန်စေ၍ဝမ်းကိုက်နာ။ဝမ်းသွားနာတို့ပျောက်ကင်းစေနိုင်သည်။

Source : ၾကည္လြင္ျမင့္(မုျဒာ) 26.5.2015

Add a Comment

Your email address will not be published. Required fields are marked *