အသက္အရြယ္ရလာေတာ့ အရင္ကထက္ပိုၿပီး ရင့္က်က္လာတယ္ဆိုတဲ့ ဝတ္မွံုေရႊရည္

ဝတ္မႈံေ႐ႊရည္ကေတာ့ ၾသဂုတ္လ(၁၀) ရက္ေန႔မွာ အသက္ (၃၂) ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ သူမရဲ႕ အသက္အ႐ြယ္အရ ေျပာင္းလဲလာတဲ့ ရင့္က်က္မႈေတြကိုလည္း မီဒီယာေတြကို အခုလို ေျပာျပခဲ့ပါေသးတယ္။ “ ေျပာင္းလဲမႈေတြကေတာ့ အမ်ားႀကီးပဲ တစ္ႏွစ္ထက္ တစ္ႏွစ္၊ တစ္ရက္ထက္ တစ္ရက္ မတူဘူး။ ပတ္ဝန္းက်င္၊ အေတြ႕အႀကဳံ၊ အလုပ္၊ ဒါေတြကပဲ ကိုယ့္ကို ေျပာင္းလဲေစတာေပါ့။ ဒါေတြကေကာင္းေသာ ေျပာင္းလဲျခင္းပါ။ ပိုၿပီးေတာ့ သိလာတာ၊ ခြင့္လႊတ္တတ္တာ၊ နားလည္ တတ္တာ၊ အေကာင္းျမင္တတ္လာမႈေတြက

ပိုၿပီးေတာ့ ရင့္က်က္လာတာေတြ၊ ေကာင္းေသာ ရင့္က်က္ျခင္းေတြလို႔ ကစ္ကေတာ့ ခံယူထားတယ္” ဆိုၿပီးေတာ့ ၾသဂုတ္လ(၈) ရက္ေန႔က သူမရဲ႕ ေမြးေန႔အႀကိဳ အလႉမွာ ေျဖဆိုခဲ့တာပါ။ ပရိသတ္ေတြကေတာ့ ဝတ္မႈံေ႐ႊရည္ကို အသက္(၃၂) ႏွစ္လို႔ မထင္ရေအာင္ အရမ္းႏုပ်ိဳတယ္လို႔ သတ္မွတ္ထားၾကပါတယ္။ ဝတ္မႈံေ႐ႊရည္ကိုယ္တိုင္ကလည္း စိတ္ကို အ႐ိုးရွင္ဆုံးေနတတ္သူပါလို႔ ဆက္လက္ ေျပာျပခဲ့ပါေသးတယ္။ “ ကစ္ကေတာ့ ကိုယ့္စိတ္ကို အၿမဲတမ္းျပဳျပင္တယ္။ စိတ္ကို အတတ္ႏိုင္ဆုံး ရွင္းရွင္းထားတယ္။ Positive မျဖစ္ေအာင္

အၿမဲတမ္း ေတြးတယ္၊ ဆင္ျခင္တယ္။ စိတ္ေတြ ညစ္ေနရင္၊ စိတ္ေတြရႈပ္ေနရင္ ဘယ္ေလာက္ပဲ အလွျပင္ျပင္ ကိုယ့္မ်က္ႏွာမွာ ေပၚေနတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ စိတ္ကို ရွင္းရွင္းထားတယ္၊ ေပ်ာ္ေအာင္ေနတယ္ ဒါေၾကာင့္လည္း ႏုေနတာ ထင္ပါရဲ႕။ ကစ္တဲ့ ပိုႏုတဲ့ သူေတြလည္း ရွိပါေသးတယ္” လို႔ ရယ္ရယ္ေမာေမာ နဲ႔ ေျပာျပလာပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို

ေရာက္ရွိလာတာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္႐ိုက္ကူးခဲ့ပါတယ္။ ေၾကာ္ျငာမ်ားနဲ႔ လူႀကိဳက္မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္ တစ္ဦး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ ၂၀၁၃ ခုႏွစ္က “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႔က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လႉဒါန္းခဲ့ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ ” ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကိုလည္း ရရွိထားပါတယ္။

Read in UNICODE

ဝတ်မှုံရွှေရည်ကတော့ သြဂုတ်လ(၁၀) ရက်နေ့မှာ အသက် (၃၂) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူမရဲ့ အသက်အရွယ်အရ ပြောင်းလဲလာတဲ့ ရင့်ကျက်မှုတွေကိုလည်း မီဒီယာတွေကို အခုလို ပြောပြခဲ့ပါသေးတယ်။ “ ပြောင်းလဲမှုတွေကတော့ အများကြီးပဲ တစ်နှစ်ထက် တစ်နှစ်၊ တစ်ရက်ထက် တစ်ရက် မတူဘူး။ ပတ်ဝန်းကျင်၊ အတွေ့အကြုံ၊ အလုပ်၊ ဒါတွေကပဲ ကိုယ့်ကို ပြောင်းလဲစေတာပေါ့။ ဒါတွေကကောင်းသော ပြောင်းလဲခြင်းပါ။ ပိုပြီးတော့ သိလာတာ၊ ခွင့်လွှတ်တတ်တာ၊ နားလည် တတ်တာ၊ အကောင်းမြင်တတ်လာမှုတွေက

ပိုပြီးတော့ ရင့်ကျက်လာတာတွေ၊ ကောင်းသော ရင့်ကျက်ခြင်းတွေလို့ ကစ်ကတော့ ခံယူထားတယ်” ဆိုပြီးတော့ သြဂုတ်လ(၈) ရက်နေ့က သူမရဲ့ မွေးနေ့အကြို အလှူမှာ ဖြေဆိုခဲ့တာပါ။ ပရိသတ်တွေကတော့ ဝတ်မှုံရွှေရည်ကို အသက်(၃၂) နှစ်လို့ မထင်ရအောင် အရမ်းနုပျိုတယ်လို့ သတ်မှတ်ထားကြပါတယ်။ ဝတ်မှုံရွှေရည်ကိုယ်တိုင်ကလည်း စိတ်ကို အရိုးရှင်ဆုံးနေတတ်သူပါလို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ “ ကစ်ကတော့ ကိုယ့်စိတ်ကို အမြဲတမ်းပြုပြင်တယ်။ စိတ်ကို အတတ်နိုင်ဆုံး ရှင်းရှင်းထားတယ်။ Positive မဖြစ်အောင်

အမြဲတမ်း တွေးတယ်၊ ဆင်ခြင်တယ်။ စိတ်တွေ ညစ်နေရင်၊ စိတ်တွေရှုပ်နေရင် ဘယ်လောက်ပဲ အလှပြင်ပြင် ကိုယ့်မျက်နှာမှာ ပေါ်နေတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စိတ်ကို ရှင်းရှင်းထားတယ်၊ ပျော်အောင်နေတယ် ဒါကြောင့်လည်း နုနေတာ ထင်ပါရဲ့။ ကစ်တဲ့ ပိုနုတဲ့ သူတွေလည်း ရှိပါသေးတယ်” လို့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို

ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ ” နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *