စိတ်ဆိုးမယ်ဆိုတာ သိသိကြီးနဲ့ ရန်အောင်ကို စနောက် ကျီစယ်ခဲ့တဲ့ စိုးမြတ်သူဇာ
Read in UNICODE
စိုးမြတ်သူဇာနဲ့ ရန်အောင်တို့က အဖြူအမည်းခေတ်ကတည်းကနေ ယနေ့ခေတ်ထိတိုင် အတွဲညီညီနဲ့ သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်ကြီးတွေ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲဖက်သရုပ်ဆောင်ခဲ့ကြတဲ့ ရန်အောင်နဲ့ စိုးမြတ်သူဇာတို့က အခုချိန်ထိတိုင် အခင်အမင်မပြတ်ပဲ မောင်နှမတွေလို ခင်မင်ရင်းနှီးကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း
ရန်အောင်လို့ ဆိုလိုက်တာနဲ့ စိုးမြတ်သူဇာကို ပူးတွဲပြီး တန်းမြင်ကြတဲ့အထိ အတူတူအောင်မြင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘယ်အရွယ်ရောက်ရောက် ပျော်ပျော်နေတတ်ပြီး စနောက်ကျီစယ်လေ့ရှိတဲ့ စိုးမြတ်သူဇာက ဒီကနေ့မှာလည်း သူမ လေးစားချစ်ခင်ရတဲ့
စီနီယာအစ်ကိုကြီး ရန်အောင်ကို စနောက်ထားပါတယ်။ စိုးမြတ်သူဇာက သူမနဲ့ ရန်အောင်တို့ နန်းဝတ်နန်းစားနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို မျှဝေပြီး “အတိတ် ဘဝ က ဖေဖေ နဲ့ 🤪🤪🤪🤪🤪( မြင်ရင် ဆဲမှာ အကိုကြီးက 😅)” ဆိုပြီး အရွှန်းဖောက်ထားပါတယ်။ စိုးမြတ်သူဇာကတော့ ရန်အောင် စိတ်ဆိုးမယ်မှန်းသိသိကြီးနဲ့တောင်
စနောက်ပြီး အရွှန်းဖောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးမြတ်သူဇာရဲ့ စကားတစ်ခွန်းကြောင့် သဘောကျနေကြမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Soe Myat Thuzar’s Facebook
Add a Comment
Your email address will not be published. Required fields are marked *