ညအိပ်ခါနီး အပြန်အလှန် အနမ်းတွေပေးပြီး ကြည်နူးနေကြတဲ့ မြင့်မြတ်တို့ သားအဖ




Read in UNICODE

မြင့်မြတ်ကတော့ တက္ကသိုလ်တက်စဉ်ကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တစ်ယောက်အဖြစ် King တစ်ယောက်ဖြစ်ခဲ့သလို အနုပညာလောကထဲ ဝင်ရောက်ချိန်မှာလည်း အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့ပါတယ်။ မြင့်မြတ်က အကယ်ဒမီဆုရှင် မင်းသားတစ်လက်အဖြစ် အနုပညာအသိုင်းအဝိုင်းမှာ နာမည်ကြီးဖြစ်သလို ချစ်စရာကောင်းပြီး နွေးထွေးတဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားတဲ့ သူ့ရဲ့

မိသားစုလေးကြောင့်လည်း ပရိသတ်တွေ အားပေးခြင်း ခံရသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မြင့်မြတ်အပြင် မြင့်မြတ်ရဲ့ တစ်ဦးတည်းသောသားလေး မြတ်သူလေးကိုပါ ချစ်ခင်အားပေးကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်က လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးမပြုပဲ မြင့်မြတ်နဲ့ အနီးကပ်ရှိသူ သူ့ရဲ့မန်နေဂျာတွေကတဆင့် မြင့်မြတ်ရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေက သိရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မြင့်မြတ်က သားလေးမြတ်သူနဲ့အတူတူ ညအိပ်ယာဝင်ခါနီးမှာ

တစ်ယောက်ကိုတစ်ယောက် အနမ်းတွေအပြန်အလှန်ပေးပြီး ကြည်နူးနေကြတာကို တွေ့ရပါတယ်။ မြင့်မြတ်ကတော့ အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အချိန်တော်တော်များများကို သားလေးအနားမှာသာ ကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ အသွားအပြန်မေတ္တာကို ကြည့်ပြီး ကြည်နူးနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Myat Wai Tun’s Facebook

Add a Comment

Your email address will not be published. Required fields are marked *