ဆယ်တန်းကို ဂုဏ်ထူး(၁)ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ ဝိုင်းချစ်ရဲ့သားလေးကို အိမ်တိုင်ရာရောက်သွားပြီး မုန့်ဖိုးပေးကာ ဂုဏ်ပြုခဲ့တဲ့ ပိုပို






Read in UNICODE

အနုပညာလောကမှာ ပိုပိုကတော့ အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားပြီး သီချင်းကောင်းလေးတွေကိုလည်း များစွာဖန်တီးနေတာဖြစ်ပါတယ်။ပိုပိုရဲ့သီချင်းဟောင်းလေးတွေဟာဆိုရင်လည်း ယနေ့အချိန်ထိတိုင် ခေတ်စားနေဆဲဖြစ်ပြီး နောက်ထပ်လည်း သီချင်းအသစ်

တွေထွက်ရှိထားပါတယ်နော်။ပိုပိုရဲ့အသံလေးကလည်း အရမ်းနားထောင်လို့ကောင်းတာကြောင့် သူမရဲ့သီချင်းလေးတွေက လူငယ်တွေကြားမှာ အရမ်းရေပန်းစားပါတယ်။ ပိုပိုက အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို မကြာခဏလှူဒါန်းပြီး အကူအညီလိုအပ်သူတွေကိုလည်း

အိမ်တိုင်ရာရောက်သွားပြီး ကူညီတတ်ပါတယ်။ပိုပိုက စိတ်ထားလေးကလည်းဖြူစင်ပြီး ပွင့်လင်းရိုးသားစွာနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း လူရွှင်တော်၊သရုပ်ဆောင် ဝိုင်းချစ်ရဲ့သားလေးကို ပိုပိုက သွားရောက်ဂုဏ်ပြုခဲ့သေးတာဖြစ်ပါတယ်နော်။ ဝိုင်းချစ်ရဲ့သားလေးက

ဆယ်တန်းစာမေးပွဲမှာ ဇီဝဗေဒဘာသာနဲ့ ဂုဏ်ထူးပါပြီး မိဘနှစ်ပါးကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ဝိုင်းချစ်ကတော့”ဖြူစင်သော စေတနာစိတ်ဖြင့် အိမ်တိုင်ရာရောက် လာရောက်ပြီးဂုဏ်ပြုပေးပါသော နိုင်ငံကျော် အဆိုတော် ပိုပို

နှင့်သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ် ကျန်းမာ ချမ်းသာစွာဖြင့် ထပ်မံပြီးအောင်မြင်မှုများစွာရရှိပါစေလို့ ကျွန်တော်တို့မိသားစုမှ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်”ဆိုပြီး ရေးသားထားကာ ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Source : Aung Khine Soe’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *