ယနေ့ကျရောက်တဲ့ မွေးနေ့မှာ ပရိသတ်တစ်ဦးက သူမရဲ့ နာမည်ကို အသားအနာခံပြီး တက်တူးထိုးပေးခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်နေတဲ့ ရတနာမိုင်





Read in UNICODE

ချစ်စရာကောင်းလွန်းတဲ့ အဆိုတော် ရတနာမိုင်ကိုတော့ ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ရတနာမိုင်ကတော့ အသံနဲ့လိုက်ဖက်တဲ့သီချင်းတွေကို သီဆိုရင်းကနေ အောင်မြင်လာတဲ့အဆိုတော်တစ်လက်ပါပဲနော်။ သူမရဲ့ထွက်ရှိသမျှသီချင်းတိုင်းဟာဆိုရင်

ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့သီချင်းတွေပဲဖြစ်ပါတယ်။ ရတနာမိုင်ကတော့ ကိုဗစ်ကာလအတွင်း သီချင်းအသစ်တွေထွက်ရှိလာနိုင်ဖို့ကိုလည်း ကြိုးစားနေလျက်ရှိပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေကို ရိုက်ကူးထားတဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ သြဂုတ်လ(၁၇)ရက်နေ့မှာ ကျရောက်တဲ့

သူမရဲ့ မွေးနေ့လေးဖြစ်တာကြောင့် ရတနာမိုင်က” မွေးနေ့လက်ဆောင်အနေနဲ့ ကိုယ့်ရဲ့ We love ထဲကကိုယ့်နာမည်ကိုထိုးလိုက်တာတဲ့ ပီတိဖြစ်လိုက်တာ ဒါပေမယ့်နောက်ဆို အဲလိုမလုပ်ရဘူးနော် လမင်းမိုင်လေး အရမ်းချစ်တယ်နော်”လို့ဆိုပြီး သူမနာမည်လေးကို အနာခံကာတက်တူးထိုးထားတဲ့ ပရိသတ်တစ်ဦးကြောင့်

ပျော်ရွှင်နေတာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေပေးလာခဲ့တာပြဲဖစ်ပါတယ်။ ဒီကနေ့မှာ ကျရောက်တဲ့ သူမရဲ့မွေးနေ့လေးဖြစ်တာမို့ ပရိသတ်တွေကလည်း မွေးနေ့ဆုမွန်တောင်းလေးတွေကို ရေးပေးခဲ့ကြပါအုံးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Yadanar My’s Facebook

Add a Comment

Your email address will not be published. Required fields are marked *