မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ မနက်(၃)နာရီထပြီး ဒံပေါက်နဲ့ သင်္ကန်း ပရိက္ခရာ အစုံ(၁၀၀)တိတိ လှူဒါန်းခဲ့တဲ့ ဆုပန်ထွာရဲ့ ခင်ပွန်း




Read in UNICODE
ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားတာကြောင့် ဆုပန်ထွာကတော့ဆုပန်ထွာကတော့ အမြဲတမ်းစိတ်ချမ်းသာနေရပြီး နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ကိုဥက္ကာကျော်ကလည်း အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသပြီး မိသားစုအပေါ်မှာ

လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါနော်။ပရိသတ်တွေကလည်း ဆုပန်ထွာတို့မိသားစုလေးရဲ့ ကြည်နူးပျော်ရွှင်နေကြတာလေးတွေကို ကြည့်ပြီး အားကျနေကြတာဖြစ်ပါတယ်။ ကိုဥက္ကာကျော်က မိဘကိုလည်း

ဂရုစိုက်ပေးပြီး သိတတ်လိမ္မာတဲ့သားလေးဖြစ်တာကြောင့် မေမေ့ရဲ့မွေးနေ့လေးမှာ”Happy Birthday ပါ မေမေ… မေမေချစ်တဲ့မိသားစုလေးနဲ့ရော သားချစ်တဲ့မိသားစုလေးနဲ့ရော မိသားစုတွေအားလုံးအတူတူပျော်ပျော်ရွှင်ရွှင် မေမေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်

အသက်ရာကျော်ရှည်စွာ လူ့ဘဝကြီးမှာ နေနိုင်ပါစေ… သားတို့အရမ်းချစ်တယ်မေမေ…”ဆိုပြီး ရေးသားကာ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ကိုဥက္ကာကျော်က နောက်ထပ်လည်း မေမေ့ရဲ့မွေးနေ့အတွက် ကုသိုလ်ကောင်းမှူတွေကိုလည်း သူကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်နော်။သံဃာတော်အပါး၄၀၀၊ဆေးလိပ်ရုံမှ

ဝန်ထန်းများ ၊ဆေးခန်းမှ ဝန်ထန်းများ၊ဆောက်လုပ်ရေးမှ ဝန်ထန်းများ အားလုံး ကို မေမေ့ကိုယ်စား နံနက် ၃နာရီထပြီး ဒံပေါက် နှင့် သင်္ကန်း ပရိက္ခရာ အစုံ ၁၀၀ တို့အား လှုဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။
Source : Okkar Kyaw’s Facebook | Reference & Credit : Myanmarload