ငါးေထာင္တန္အျပည့္ပါတဲ့ဘူးႀကီးအျပင္ လက္ေဆာင္ပစၥည္းေတြနဲ႔ ပရိသတ္ေတြက စပ႐ိုက္လုပ္ေပးတာခံခဲ့ရတဲ့ ေအးျမျဖဴ
|အႏုပညာနယ္ပယ္စုံမွာ ငယ္႐ြယ္သူတစ္ေယာက္ျဖစ္ေပမယ့္ ထူးခြၽန္သူမိုးသိုေလးကေတာ့ အမာခံပရိသတ္အင္အားေတာင့္တင္းသူတစ္ေယာက္ပါ။ ျဖဴစင္႐ိုးသားတဲ့ စိတ္ထားရွိသူေလးမို႔လည္း ပရိသတ္ေတြက ကေလးေလးတစ္ေယာက္ကို ခ်စ္သလိုမ်ိဳး တိုးတိုးၿပီး

အခ်စ္ပိုေနရတာပါ။ ၿပိဳင္ပြဲၿပီးကတည္းက ေက်ာင္းတစ္ဖက္နဲ႔ မအားလပ္တဲ့မိုးသိုေလးကေတာ့ ေဖ်ာ္ေျဖပြဲေတြလည္း ဆက္တိုက္သြားေနရတဲ့အျပင္ ပရိသတ္ေတြနားဆင္ဖို႔ Cover Song ေလးေတြလည္း မၾကာခဏဆိုသလိုသီဆို မွ်ေဝေပးေနသူပါ။ ဒါ့အျပင္

မအားလပ္တဲ့ၾကားက ပရိသတ္ေတြအတြက္ ကိုယ္ပိုင္သီခ်င္းေလးေတြ ခ်ျပႏိုင္ဖို႔ ႀကိဳးစားေနသူျဖစ္ၿပီး မေန႔ကေတာ့ မိုးသိုေလးရဲ႕ ဒုတိယေျမာက္ Single Song ေလးျဖစ္တဲ့ ” ေနာ္ ” သီခ်င္းေလးထြက္ရွိခဲ့ပါတယ္။ ပထမတစ္ပုဒ္ ” လြမ္းေနလို႔ ” သီခ်င္းေလးကေတာ့

အဆြမ္းသီခ်င္းေလးျဖစ္ၿပီး ဒုတိယတစ္ပုဒ္ျဖစ္တဲ့ ” ေနာ္” သီခ်င္းေလးကေတာ့ ျမဴးျမဴးႂကြႂကြေလးကိုမွ ႏွစ္သက္သူေတြအတြက္ အႀကိဳက္ေတြ႕ေစမွာပါ။ မေန႔ညကေတာ့ ဒီသီခ်င္းအသစ္ေလးအတြက္ အမာခံပရိသတ္ Raindrops ေလးေတြက

မိုးသိုအတြက္ Surprise လက္ေဆာင္ေလးေပးခဲ့ပါတယ္။ ဂုဏ္ျပဳပန္းစည္း၊ ကိတ္၊ ေက်ာက္စီပန္းခ်ီကားနဲ႔ ၊ ပိုက္ဆံ Box ေလးကို ဂုဏ္ျပဳလက္ေဆာင္ေပးခဲ့ၿပီး Raindrops ေလးေတြေၾကာင့္ ေပ်ာ္ခဲ့ေၾကာင္း မိုးသိုရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့တာပဲ ျဖစ္ပါတယ္။
Read in UNICODE
အနုပညာနယ်ပယ်စုံမှာ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပေမယ့် ထူးချွန်သူမိုးသိုလေးကတော့ အမာခံပရိသတ်အင်အားတောင့်တင်းသူတစ်ယောက်ပါ။ ဖြူစင်ရိုးသားတဲ့ စိတ်ထားရှိသူလေးမို့လည်း ပရိသတ်တွေက ကလေးလေးတစ်ယောက်ကို ချစ်သလိုမျိုး တိုးတိုးပြီး

အချစ်ပိုနေရတာပါ။ ပြိုင်ပွဲပြီးကတည်းက ကျောင်းတစ်ဖက်နဲ့ မအားလပ်တဲ့မိုးသိုလေးကတော့ ဖျော်ဖြေပွဲတွေလည်း ဆက်တိုက်သွားနေရတဲ့အပြင် ပရိသတ်တွေနားဆင်ဖို့ Cover Song လေးတွေလည်း မကြာခဏဆိုသလိုသီဆို မျှဝေပေးနေသူပါ။ ဒါ့အပြင်

မအားလပ်တဲ့ကြားက ပရိသတ်တွေအတွက် ကိုယ်ပိုင်သီချင်းလေးတွေ ချပြနိုင်ဖို့ ကြိုးစားနေသူဖြစ်ပြီး မနေ့ကတော့ မိုးသိုလေးရဲ့ ဒုတိယမြောက် Single Song လေးဖြစ်တဲ့ ” နော် ” သီချင်းလေးထွက်ရှိခဲ့ပါတယ်။ ပထမတစ်ပုဒ် ” လွမ်းနေလို့ ” သီချင်းလေးကတော့

အဆွမ်းသီချင်းလေးဖြစ်ပြီး ဒုတိယတစ်ပုဒ်ဖြစ်တဲ့ ” နော်” သီချင်းလေးကတော့ မြူးမြူးကြွကြွလေးကိုမှ နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ မနေ့ညကတော့ ဒီသီချင်းအသစ်လေးအတွက် အမာခံပရိသတ် Raindrops လေးတွေက

မိုးသိုအတွက် Surprise လက်ဆောင်လေးပေးခဲ့ပါတယ်။ ဂုဏ်ပြုပန်းစည်း၊ ကိတ်၊ ကျောက်စီပန်းချီကားနဲ့ ၊ ပိုက်ဆံ Box လေးကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့ပြီး Raindrops လေးတွေကြောင့် ပျော်ခဲ့ကြောင်း မိုးသိုရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
Source : Aye Mya Phyu | Reference & Credit : Cele Gabar