ဘာသနာ့ေဘာင္ထဲဝင္တာ မိဘႏွစ္ပါးကို ေက်းဇူးဆပ္ဖို႔ပါ ဆိုတဲ့ မင္းသန္႔ေမာင္ေမာင္
|စင္ေရာ္ေမာင္ေမာင္ နဲ႔ ေမသန္းႏုတို႔ရဲ႕ တစ္ဦးတည္းေသာ သားေလး မင္းသန႔္ေမာင္ေမာင္ကေတာ့ ၾသဂုတ္လ (၁၆) ရက္ေန႔က ေယာဆရာေတာ္ေက်ာင္းတိုက္မွာ ရဟန္းဝတ္ခဲ့ပါတယ္။ သူ႔ရဲ႕ ဘြဲ႕နာမည္ကေတာ့ “အရွင္ပုည” ဘြဲ႕ျဖစ္ၿပီး (၁) ပတ္တိတိ သာသနာ့ေဘာင္ထဲမွာ တရားအားထုတ္သြားမယ္လို႔ သိရပါတယ္။ မင္းသန႔္ေမာင္ေမာင္ကလည္း သူခ်စ္ရတဲ့ မိဘႏွစ္ပါးကို စိတ္ခ်မ္းသာေစခ်င္တာေၾကာင့္ ရဟန္းဝတ္ခဲ့တာလို႔

မီဒီယာေတြကို ေျပာျပခဲ့ပါတယ္။ “ ကြၽန္ေတာ္ ရဟန္းဝတ္တယ္ဆိုတာက ကြၽန္ေတာ့္ရဲ႕ မိဘေတြကို ေက်းဇူးဆပ္ခ်င္လို႔ ၿပီးေတာ့ အေမ စိတ္ညစ္ေနရတဲ့ အခ်ိန္ေတြမွာ စိတ္ကို ၿငိမ္းခ်မ္းေစခ်င္လို႔ေရာ ဆိုတဲ့ ဆႏၵနဲ႔ ရဟန္းဝတ္တာပါ။ အဓိက ကေတာ့ ကြၽန္ေတာ္ ရဟန္းဝတ္မယ့္ အခ်ိန္မွာ စိတ္ကို တည္ၿငိမ္ဖို႔ထက္ မေကာင္းတဲ့ အရာေတြကို ခ်န္ခဲ့ႏိုင္ဖို႔၊ မိဘကို စိတ္ခ်မ္းသာေစဖို႔နဲ႔ ေက်းဇူးဆပ္ခ်င္တယ္ ဆိုတဲ့ ဆႏၵေတြေၾကာင့္ ရဟန္းဝတ္ဖို႔ ဆုံးျဖတ္လိုက္တာပါ” လို႔ သူက ဆိုပါတယ္။ မင္းသန႔္ေမာင္ေမာင္ဟာ

သူရဟန္းဝတ္တဲ့ ေန႔ထူးေန႔ျမတ္ေလးမွာ မိဘႏွစ္ပါးနဲ႔ အတူတူရွိခြင့္ရတာေၾကာင့္ ဝမ္းသာပီတိျဖစ္ေနတယ္လို႔ ဆိုပါတယ္။ “ ရဟန္းဝတ္ေနတဲ့ အခ်ိန္မွာ ဗုဒၶဘာသာနဲ႔ ပတ္သက္တဲ့ စာေလးေတြကို ေန႔တိုင္း႐ြတ္ေနမွာပါ။ ရဟန္းဝတ္ရလို႔လည္း အရမ္းကို ၾကည္ႏူးပီတိျဖစ္ရပါတယ္။ ကြၽန္ေတာ့္ရဲ႕ ဘဝအတြက္ အမွတ္တရ ျဖစ္ႏိုင္မယ့္ ရက္ေလးတစ္ရက္လို႔လည္း ေျပာလို႔ရပါတယ္။ ကြၽန္ေတာ္

ရွင္ျပဳတဲ့ အခ်ိန္မွာ မိဘႏွစ္ပါးစလုံး အနားမွာရွိမယ္၊ အဲဒီအတြက္ မိဘႏွစ္ပါးစလုံးကို အတူတူေက်းဇူးဆပ္ခြင့္ရတာေပါ့ေနာ္” ဆိုၿပီးေတာ့ ၾသဂုတ္လ(၁၆) ရက္ေန႔က ေယာဆရာေတာ္ ေက်ာင္းတိုက္မွာ ေျဖဆိုခဲ့တာပါ။ မင္းသန႔္ေမာင္ေမာင္ကိုေတာ့ ကေလးသ႐ုပ္ေဆာင္ ဘဝကတည္းက ပရိသတ္ေတြ အားေပးခဲ့ၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူဟာ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ ႏိုင္ငံ Los Angeles ၿမိဳ႕မွာရွိတဲ့ New York Film Academy မွာ ၃ ႏွစ္ေက်ာ္အၾကာ

ပညာသင္ၾကားခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ Bachelor of Fine Arts ဘြဲ႕ကိုလည္း ရရွိပိုင္ဆိုင္ခဲ့ပါေသးတယ္။ လက္ရွိမွာေတာ့ သူကိုယ္တိုင္လည္း ဖခင္နဲ႔အတူ တြဲဖက္ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္ “ထာဝရအေမ” ၊ “ တိမ္ေတြေပၚက ပန္း” စတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးထားတာ ေတြ႕ရပါတယ္။ မင္းသန႔္ေမာင္ေမာင္ကို ဒါ႐ိုက္တာ တစ္ေယာက္အျဖစ္သာမက သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္နဲ႔ပါ အႏုပညာအလုပ္ေတြ ဆက္လုပ္သြားမယ္လို႔ သိရပါတယ္။
Read in UNICODE
စင်ရော်မောင်မောင် နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်ကတော့ သြဂုတ်လ (၁၆) ရက်နေ့က ယောဆရာတော်ကျောင်းတိုက်မှာ ရဟန်းဝတ်ခဲ့ပါတယ်။ သူ့ရဲ့ ဘွဲ့နာမည်ကတော့ “အရှင်ပုည” ဘွဲ့ဖြစ်ပြီး (၁) ပတ်တိတိ သာသနာ့ဘောင်ထဲမှာ တရားအားထုတ်သွားမယ်လို့ သိရပါတယ်။ မင်းသန့်မောင်မောင်ကလည်း သူချစ်ရတဲ့ မိဘနှစ်ပါးကို စိတ်ချမ်းသာစေချင်တာကြောင့် ရဟန်းဝတ်ခဲ့တာလို့

မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ “ ကျွန်တော် ရဟန်းဝတ်တယ်ဆိုတာက ကျွန်တော့်ရဲ့ မိဘတွေကို ကျေးဇူးဆပ်ချင်လို့ ပြီးတော့ အမေ စိတ်ညစ်နေရတဲ့ အချိန်တွေမှာ စိတ်ကို ငြိမ်းချမ်းစေချင်လို့ရော ဆိုတဲ့ ဆန္ဒနဲ့ ရဟန်းဝတ်တာပါ။ အဓိက ကတော့ ကျွန်တော် ရဟန်းဝတ်မယ့် အချိန်မှာ စိတ်ကို တည်ငြိမ်ဖို့ထက် မကောင်းတဲ့ အရာတွေကို ချန်ခဲ့နိုင်ဖို့၊ မိဘကို စိတ်ချမ်းသာစေဖို့နဲ့ ကျေးဇူးဆပ်ချင်တယ် ဆိုတဲ့ ဆန္ဒတွေကြောင့် ရဟန်းဝတ်ဖို့ ဆုံးဖြတ်လိုက်တာပါ” လို့ သူက ဆိုပါတယ်။ မင်းသန့်မောင်မောင်ဟာ

သူရဟန်းဝတ်တဲ့ နေ့ထူးနေ့မြတ်လေးမှာ မိဘနှစ်ပါးနဲ့ အတူတူရှိခွင့်ရတာကြောင့် ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ “ ရဟန်းဝတ်နေတဲ့ အချိန်မှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ စာလေးတွေကို နေ့တိုင်းရွတ်နေမှာပါ။ ရဟန်းဝတ်ရလို့လည်း အရမ်းကို ကြည်နူးပီတိဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ဘဝအတွက် အမှတ်တရ ဖြစ်နိုင်မယ့် ရက်လေးတစ်ရက်လို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်

ရှင်ပြုတဲ့ အချိန်မှာ မိဘနှစ်ပါးစလုံး အနားမှာရှိမယ်၊ အဲဒီအတွက် မိဘနှစ်ပါးစလုံးကို အတူတူကျေးဇူးဆပ်ခွင့်ရတာပေါ့နော်” ဆိုပြီးတော့ သြဂုတ်လ(၁၆) ရက်နေ့က ယောဆရာတော် ကျောင်းတိုက်မှာ ဖြေဆိုခဲ့တာပါ။ မင်းသန့်မောင်မောင်ကိုတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံ Los Angeles မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ

ပညာသင်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ သူကိုယ်တိုင်လည်း ဖခင်နဲ့အတူ တွဲဖက်ဒါရိုက်တာ တစ်ယောက်အဖြစ် “ထာဝရအမေ” ၊ “ တိမ်တွေပေါ်က ပန်း” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတာ တွေ့ရပါတယ်။ မင်းသန့်မောင်မောင်ကို ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက သရုပ်ဆောင် တစ်ယောက်အဖြစ်နဲ့ပါ အနုပညာအလုပ်တွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။
Source : Cele YatKwat | Reference & Credit : Duwun