အစာအိမ္ အခ်ဥ္ေပါက္ျခင္းကို ခ်က္ခ်င္းသက္သာေစႏိုင္တဲ့ အာလူးစိမ္းရည္

အစာအိမ္အခ်ဥ္ေပါက္တာက အစာအိမ္တြင္အစာမရွိျခင္း၊ အစားမ်ားျခင္းနဲ႔ မတည့္တာေတြစားမိျခင္းအရက္စတဲ့ အေၾကာင္းေတြေၾကာင့္ျဖစ္ေလ့ရွိပါတယ္။ အစာအိမ္အခ်ဥ္ေပါက္ၿပီဆိုရင္ အစာအိမ္ထဲက အက္ဆစ္ေတြ အစာႁပြန္ထဲျပန္ေရာက္လာတတ္ၿပီး မအီမသာျဖစ္ျခင္း၊ ေလတက္ျခင္း၊ ရင္ပူျခင္းစတဲ့ လကၡဏာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ဒါေၾကာင့္ ခ်က္ခ်င္းလက္ငင္းသက္သာေပ်ာက္ကင္းေစမယ့္

အိမ္သုံးကုထုံးေလးကို ေဖာ္ျပေပးလိုက္တယ္ေနာ္။ အာလူးက မ်ားေသာအားျဖင့္ ခ်က္ျပဳတ္စားေသာက္ၾကရာမွာ နာမည္ႀကီးေပမယ့္ အာလူးအရည္ရဲ႕အက်ိဳးအာနိသင္ကိုေတာ့ သိတဲ့သူနည္းပါတယ္။ အာလူးမွာ ေရပါဝင္မႈပါတဲ့အျပင္ အမွ်င္ဓာတ္နဲ႔ carbs ေတြရဲ႕ အရင္းျမစ္လဲျဖစ္ပါတယ္။ ဒါတင္မကေသးပဲ အာလူးမွာဆိုရင္ vitamins, ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ မဂၢနီဆီယမ္၊ မန္းဂနိ၊

သံဓာတ္နဲ႔ ဇင့္ေတြလဲ ပါဝင္ေနပါေသးတယ္။ အာလူးအရည္ေသာက္ေပးတာကလဲ ခႏၲာကိုယ္ကို အံ့ဩစရာအက်ိဳးေက်းဇူးေတြ အမ်ားႀကီးေပးႏိုင္ပါေသးတယ္။ အာလူးက သဘာဝေရာင္ရမ္းဆန္႔က်င္ေပးႏိုင္တဲ့အစားအစာတစ္မ်ိဳးပါ။ ခႏၶာကိုယ္ကို ခြန္အားျပည့္ဝေစတဲ့အျပင္ မ်က္လုံး၊ သြား၊ အသားအရည္နဲ႔ အာ႐ုံေၾကာစနစ္ေတြကိုလဲ အားေကာင္းေစပါတယ္။ ဒါေတြတင္မကေသးပဲ အစာမေၾကတာကို ကူညီေပးႏိုင္ၿပီး အစာအိမ္အခ်ဥ္ေပါက္ျခင္းကိုလဲ လက္ငင္းသက္သာေစႏိုင္ပါတယ္။ အသားအရည္ကို

သန္႔စင္ေစၿပီး အ႐ြယ္မတိုင္မီအိုမင္းရင့္ေရာ္မႈေတြကိုလဲ ေလ်ာ့ခ်ေပးပါတယ္။ ကိုယ္ခံအားစနစ္ကိုလဲ တိုးျမႇင့္ေပးပါေသးတယ္။ ေကာင္းက်ိဳးေတြအမ်ားႀကီးေပးႏိုင္တဲ့ အာလူးစိမ္းရည္လုပ္နည္းကို ေလ့လာၾကည့္ရေအာင္ေနာ္။ လိုအပ္တဲ့ပစၥည္းေတြကေတာ့ အာလူး ပုံမွန္အ႐ြယ္တစ္လုံးခန္႔ ၊ေရ တစ္ခြက္၏

၄ပုံ၃ပုံခန္႔၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁-၂ဇြန္းခန္႔ တို႔ပဲျဖစ္ပါတယ္။ အာလူးက အစိမ္းနံ႔ရွိတာေၾကာင့္ ပ်ားရည္ထည့္ေပးဖို႔လိုတာပါ။ ျပဳလုပ္နည္းကေတာ့ အာလူးကို အတုံးေလးေတြတုံးၿပီး ႀကိတ္ေပးထားေပးပါ ႀကိတ္ထားတဲ့အာလူးေတြကို အရည္ညႇစ္ထားေပးပါ ၿပီးေနာက္ အာလူးရည္ကို ေရ၊ ပ်ားရည္တို႔နဲ႔ေရာထည့္ၿပီး ေသခ်ာေရာေမႊေသာက္ေပး႐ုံပါပဲ။ဒါဆိုရင္ေတာ့ အစာအိမ္အခ်ဥ္ေပါက္လို႔ မအီမသာျဖစ္လာရင္ ဒီေဖ်ာ္ရည္ေလးက ခ်က္ခ်င္းလက္ငင္းသက္သာေစမွာပါ။

Read in UNICODE

အစာအိမ်အချဉ်ပေါက်တာက အစာအိမ်တွင်အစာမရှိခြင်း၊ အစားများခြင်းနဲ့ မတည့်တာတွေစားမိခြင်းအရက်စတဲ့ အကြောင်းတွေကြောင့်ဖြစ်လေ့ရှိပါတယ်။ အစာအိမ်အချဉ်ပေါက်ပြီဆိုရင် အစာအိမ်ထဲက အက်ဆစ်တွေ အစာပြွန်ထဲပြန်ရောက်လာတတ်ပြီး မအီမသာဖြစ်ခြင်း၊ လေတက်ခြင်း၊ ရင်ပူခြင်းစတဲ့ လက္ခဏာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ချက်ချင်းလက်ငင်းသက်သာပျောက်ကင်းစေမယ့်

အိမ်သုံးကုထုံးလေးကို ဖော်ပြပေးလိုက်တယ်နော်။ အာလူးက များသောအားဖြင့် ချက်ပြုတ်စားသောက်ကြရာမှာ နာမည်ကြီးပေမယ့် အာလူးအရည်ရဲ့အကျိုးအာနိသင်ကိုတော့ သိတဲ့သူနည်းပါတယ်။ အာလူးမှာ ရေပါဝင်မှုပါတဲ့အပြင် အမျှင်ဓာတ်နဲ့ carbs တွေရဲ့ အရင်းမြစ်လဲဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အာလူးမှာဆိုရင် vitamins, ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မန်းဂနိ၊

သံဓာတ်နဲ့ ဇင့်တွေလဲ ပါဝင်နေပါသေးတယ်။ အာလူးအရည်သောက်ပေးတာကလဲ ခန္တာကိုယ်ကို အံ့ဩစရာအကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါသေးတယ်။ အာလူးက သဘာဝရောင်ရမ်းဆန့်ကျင်ပေးနိုင်တဲ့အစားအစာတစ်မျိုးပါ။ ခန္ဓာကိုယ်ကို ခွန်အားပြည့်ဝစေတဲ့အပြင် မျက်လုံး၊ သွား၊ အသားအရည်နဲ့ အာရုံကြောစနစ်တွေကိုလဲ အားကောင်းစေပါတယ်။ ဒါတွေတင်မကသေးပဲ အစာမကြေတာကို ကူညီပေးနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းကိုလဲ လက်ငင်းသက်သာစေနိုင်ပါတယ်။ အသားအရည်ကို

သန့်စင်စေပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုတွေကိုလဲ လျော့ချပေးပါတယ်။ ကိုယ်ခံအားစနစ်ကိုလဲ တိုးမြှင့်ပေးပါသေးတယ်။ ကောင်းကျိုးတွေအများကြီးပေးနိုင်တဲ့ အာလူးစိမ်းရည်လုပ်နည်းကို လေ့လာကြည့်ရအောင်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ အာလူး ပုံမှန်အရွယ်တစ်လုံးခန့် ၊ရေ တစ်ခွက်၏

၄ပုံ၃ပုံခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁-၂ဇွန်းခန့် တို့ပဲဖြစ်ပါတယ်။ အာလူးက အစိမ်းနံ့ရှိတာကြောင့် ပျားရည်ထည့်ပေးဖို့လိုတာပါ။ ပြုလုပ်နည်းကတော့ အာလူးကို အတုံးလေးတွေတုံးပြီး ကြိတ်ပေးထားပေးပါ ကြိတ်ထားတဲ့အာလူးတွေကို အရည်ညှစ်ထားပေးပါ ပြီးနောက် အာလူးရည်ကို ရေ၊ ပျားရည်တို့နဲ့ရောထည့်ပြီး သေချာရောမွှေသောက်ပေးရုံပါပဲ။ဒါဆိုရင်တော့ အစာအိမ်အချဉ်ပေါက်လို့ မအီမသာဖြစ်လာရင် ဒီဖျော်ရည်လေးက ချက်ချင်းလက်ငင်းသက်သာစေမှာပါ။

Source : Cupofmon

Add a Comment

Your email address will not be published. Required fields are marked *