ေလျဖတ္ေနသူ လူၾကမ္းသ႐ုပ္ေဆာင္ ဦးတင္ျမင့္ကို ေငြက်ပ္(၂)သိန္းနဲ႔ စားေသာက္စရာေတြ လွဴဒါန္းရင္း ပီတိျဖစ္ၿပီး ငိုခဲ့ရတဲ့ ျဖဴျဖဴေထြး

ျဖဴျဖဴေထြးက သူမကိုယ္တိုင္လည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနသလို ခ်ိဳ႕တဲ့ၿပီး အသက္ႀကီးေနၿပီျဖစ္တဲ့ အႏုပညာအသိုင္းအဝိုင္းက လူႀကီးသူမေတြကိုလည္း သူမတတ္ႏိုင္သေလာက္ေလး ကူညီေပးေလ့ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ ဒီကေန႔ ၾသဂုတ္လ

(၁၆) ရက္ေန႔မွာလည္း ျဖဴျဖဴေထြးက ေလျဖန္းၿပီး ကိုယ္တစ္ျခမ္းေသေနတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးတင္ျမင့္ဆီ သြားေရာက္ခဲ့ပါတယ္။ ျဖဴျဖဴေထြးက လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးတင္ျမင့္အတြက္ ေငြက်ပ္ (၂) သိန္းနဲ႔အတူတူ၊ ဆန္၊ ဆီ၊ ငါးေသတၱာ၊ ေခါက္ဆြဲေျခာက္ႏွင့္ စားေသာက္ကုန္မ်ားကို

သူမကိုယ္တိုင္ သြားေရာက္လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ျဖဴျဖဴေထြးရဲ႕ လႉဒါန္းမႈအတြက္ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးတင္ျမင့္က မ်က္ရည္ေတြက်ၿပီး ဝမ္းသာခဲ့ရသလို ျဖဴျဖဴေထြးကလည္း “ပီတိ ျဖစ္လို႔မဆုံး တျဗဳန္းျဗဳန္းပါပဲ 😢🥰” ပဲ ဆိုျပီး ဝမ္းသာစြာ ေျပာထားပါတယ္။ ျဖဴျဖဴေထြးကေတာ့

အမွန္တကယ္လိုအပ္ေနသူထံကို ထိထိေရာက္ေရာက္ လွဴဒါန္းရင္း ကုသုိလ္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျဖဴျဖဴေထြးရဲ့ ဒီကေန့ျပဳခဲ့တဲ့ မြန္ျမတ္လွတဲ့ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ၾကပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

ဖြူဖြူထွေးက သူမကိုယ်တိုင်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသလို ချို့တဲ့ပြီး အသက်ကြီးနေပြီဖြစ်တဲ့ အနုပညာအသိုင်းအဝိုင်းက လူကြီးသူမတွေကိုလည်း သူမတတ်နိုင်သလောက်လေး ကူညီပေးလေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ

(၁၆) ရက်နေ့မှာလည်း ဖြူဖြူထွေးက လေဖြန်းပြီး ကိုယ်တစ်ခြမ်းသေနေတဲ့ လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်ဆီ သွားရောက်ခဲ့ပါတယ်။ ဖြူဖြူထွေးက လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်အတွက် ငွေကျပ် (၂) သိန်းနဲ့အတူတူ၊ ဆန်၊ ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ကုန်များကို

သူမကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးရဲ့ လှူဒါန်းမှုအတွက် လူကြမ်းသရုပ်ဆောင်ကြီး ဦးတင်မြင့်က မျက်ရည်တွေကျပြီး ဝမ်းသာခဲ့ရသလို ဖြူဖြူထွေးကလည်း “ပီတိ ဖြစ်လို့မဆုံး တဗြုန်းဗြုန်းပါပဲ 😢🥰” ပဲ ဆိုပြီး ဝမ်းသာစွာ ပြောထားပါတယ်။ ဖြူဖြူထွေးကတော့

အမှန်တကယ်လိုအပ်နေသူထံကို ထိထိရောက်ရောက် လှူဒါန်းရင်း ကုသိုလ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ဒီကနေ့ပြုခဲ့တဲ့ မွန်မြတ်လှတဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Phyu Phyu Htwe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *