ချစ်ရတဲ့သူတစ်ယောက်ဆီက တန်ဖိုးကြီး မောင်နှံ(၇)ဖော် ရွှေလက်စွပ်လေး လက်ဆောင်ရရှိခဲ့တဲ့ မေမီကိုကို
Read in UNICODE
မေမီကိုကိုဟာဆိုရင် ပျားရည်အိုင်ဇာတ်လမ်းတွဲမှမြိုင်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေ သိရှိလာသူလေးပါ။ Star Awards (2018 ) မှာ သူမဟာ Best TV Series Actress Award ဆုကိုရရှိထားတဲ့သူလေးဖြစ်တဲ့အပြင် ပရိသတ်တွေအပေါ် အရမ်းအလေးထားတဲ့သူ
ဆိုပြီး ပရိသတ်အချစ်အပြည့်အဝရထားသူလေးပဲ ဖြစ်ပါတယ်။ လူကြီးလူငယ်မရွေး အားပေးခံရတဲ့ MRTV-(4) ဇာတ်လမ်းတွဲမင်းသမီးလေးဖြစ်တဲ့အပြင် ပရိသတ်တွေ အထူးကြိုက်နှစ်သက်ခဲ့တဲ့ ” လိပ်ပြာနှောင်ကြိုး ” ဇာတ်လမ်းတွဲမှာ သရဲမလေး “ဂျူရီ ” အဖြစ်
ပါဝင်ခဲ့ပါသေးတယ်။မေမီကိုကိုကတော့ TikTokလေးတွေ အမြဲဆော့ကာ ပရိသတ်တွေကို ပြန်လည်မျှဝေလေ့ရှိပါသေးတယ်။ ဒါ့အပြင် ဝတ္ထုတိုလေးတွေကိုလည်း သူမရဲ့ ပရိသတ်တွေအတွက် ရေးတင်ပေးလေ့ရှိပါသေးတယ်။ မကြာသေးမီကဇာတ်သိမ်းသွားတဲ့ ”ဂျီဟောသူ”ဇာတ်လမ်းတွဲမှာလည်း
ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခဲ့သူပါ။ဒီနေ့မှာတော့ တန်ဖိုးရှိတဲ့ရွှေလက်စွပ် မောင်နှံ ၇နှစ်ဖော်လက်စွပ်လေးကို လက်ဆောင်ရရှိခဲ့ကြောင်းသူမရဲ့ My dayမှာတင်လာခဲ့တာပါ။ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : May Mi Ko Ko’s Facebook
Add a Comment
Your email address will not be published. Required fields are marked *