ပူပူေႏြးေႏြး ေမြးေန႔ရွင္ ခ်စ္ဇနီးေလးဆီက လက္ေဆာင္ေတြ ရရွိခဲ့ၿပီး အခ်စ္ေတြခံေနရေၾကာင္း ျပသခဲ့တဲ့ ေနဝင္း

အဆိုေတာ္ ေနဝင္းကေတာ့ လက္ရိွမွာ ရိႈးပြဲေတြကို မသီဆိုရေသးတာေၾကာင့္ သူ့ရဲ့ ဇနီးသည္ေလးနဲ့အတူတူ ၾကင္စဦးအိမ္ေထာင္သည္ဘဝေလးကို ေအးခ်မ္းစြာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ေနဝင္းက ျပီးခဲ့တဲ့ ဧျပီလအတြင္းကပဲ သူနဲ့ (၁၁)နွစ္တာ လက္တြဲလာတဲ့

ခ်စ္သူ ခရီးသြားဘေလာ္ဂါေလး အိမ့္ခ်စ္ေခ်ာနဲ့ တရားဝင္လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ေနဝင္းတို့ စံုတြဲေလးကို ခ်စ္သူဘဝကတည္းကေန ဒီေန့ဒီအခ်ိန္ထိ အားက်ေနရဆဲ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၾသဂုတ္လ (၁၂) ရက္ေန့ကေတာ့ ေနဝင္းရဲ့ ဇနီးေလး အိမ့္ခ်စ္ေခ်ာရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ ေနဝင္းကေတာ့

သူ့ရဲ့ဇနီးေလးရဲ့ ေမြးေန့မွာ ဇနီးသည္လုပ္ခ်င္သမွ် အလွဴအတန္းေတြမွာ လိုက္လံပါရမီျဖည့္ေပးရင္း တစ္ေန့တာကို ကုန္ဆံုးခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ ေနဝင္းက ေမြးေန့ရွင္ဇနီးေလးဆီကေတာင္ လက္ေဆာင္ေတြ ျပန္လည္ရရိွေနေၾကာင္း ပရိသတ္ေတြကို ၾကြားလံုးထုတ္လာတာပဲ ျဖစ္ပါတယ္။ ေနဝင္းကေတာ့

သူ့ရဲ့ ၾကင္စဦးအိမ္ေထာင္သည္ဘဝေလးမွာ အရမ္းကို ေပ်ာ္ရႊင္ေနတာပဲေနာ္။ ပရိသတ္ၾကီးလည္း အခ်စ္ခံရလြန္းတဲ့ Rapper ၾကီး ဦးေနဝင္းကို အားက်ေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Read in UNICODE

အဆိုတော် နေဝင်းကတော့ လက်ရှိမှာ ရှိုးပွဲတွေကို မသီဆိုရသေးတာကြောင့် သူ့ရဲ့ ဇနီးသည်လေးနဲ့အတူတူ ကြင်စဦးအိမ်ထောင်သည်ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေဝင်းက ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ သူနဲ့ (၁၁)နှစ်တာ လက်တွဲလာတဲ့

ချစ်သူ ခရီးသွားဘလော်ဂါလေး အိမ့်ချစ်ချောနဲ့ တရားဝင်လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ နေဝင်းတို့ စုံတွဲလေးကို ချစ်သူဘဝကတည်းကနေ ဒီနေ့ဒီအချိန်ထိ အားကျနေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၂) ရက်နေ့ကတော့ နေဝင်းရဲ့ ဇနီးလေး အိမ့်ချစ်ချောရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နေဝင်းကတော့

သူ့ရဲ့ဇနီးလေးရဲ့ မွေးနေ့မှာ ဇနီးသည်လုပ်ချင်သမျှ အလှူအတန်းတွေမှာ လိုက်လံပါရမီဖြည့်ပေးရင်း တစ်နေ့တာကို ကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ နေဝင်းက မွေးနေ့ရှင်ဇနီးလေးဆီကတောင် လက်ဆောင်တွေ ပြန်လည်ရရှိနေကြောင်း ပရိသတ်တွေကို ကြွားလုံးထုတ်လာတာပဲ ဖြစ်ပါတယ်။ နေဝင်းကတော့

သူ့ရဲ့ ကြင်စဦးအိမ်ထောင်သည်ဘဝလေးမှာ အရမ်းကို ပျော်ရွှင်နေတာပဲနော်။ ပရိသတ်ကြီးလည်း အချစ်ခံရလွန်းတဲ့ Rapper ကြီး ဦးနေဝင်းကို အားကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : Nay Win’s Facebook

Add a Comment

Your email address will not be published. Required fields are marked *