အသက်ကြီးနေပြီလားလို့ မေးခဲ့တဲ့တာကို ဇနီးဖြစ်သူ ရွှေမှုံရတီနဲ့ ခယ်မဖြစ်သူ ငွေမှုံရတီတို့ဆီက မတူတဲ့ မှတ်ချက်နှစ်ခုရရှိခဲ့တဲ့ ရွှေထူး
Read in UNICODE
ရွှေထူးကတော့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ကံကောင်းသူကြီးတစ်ယောက်ပါပဲ။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့ စကားအတိုင်း အချိန်တိုလေးအတွင်း တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာချစ်မိခဲ့ပြီး
ရွှေလက်တွဲခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးလေးက အစပိုင်းမှာတော့ အခက်အခဲတွေနဲ့ကြုံခဲ့ရပေမယ့် လက်ရှိမှာတော့ နှစ်ဘက်မိသားစုအဆင်ပြေပြေနဲ့ ပျော်စရာကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်နေပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးက
သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “အသက်ကြီးပြီလား … ??? ဒီကနေ့မှာတော့ ရွှေထူးက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ “အသက်ကြီးပြီလား … ???😒” ဆိုတဲ့ ကပ်ပရှင်လေးနဲ့အတူတူ မေးခွန်းထုတ်ခဲ့ပါတယ်။ ထိုမေးခွန်းလေးအပေါ် ဇနီးသည်ရွှေမှုံရတီက “မကြီးသေးပါဘူးးး ကိုကို🥺” ဆိုပြီး ချွဲချွဲနွဲ့နွဲ့လေးပြောခဲ့ပေမယ့် ခယ်မဖြစ်သူ ငွေမှုံရတီကတော့ “ကြီးနေပြီ😂😑” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ရွှေထူးကတော့
မေးခွန်းတစ်ခုတည်းမှာမှ မတူညီတဲ့ အဖြေနှစ်ခုပေးခဲ့တဲ့ ရွှေမှုံရတီနဲ့ ငွေမှုံရတီကိုကြည့်ပြီး ဇနီးသည်နဲ့ ခယ်မတို့ရဲ့ ကွာခြားချက်ကို ကောင်းကောင်းကြီး သိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ အဖြေတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source : Htoo Khant’s Facebook
Add a Comment
Your email address will not be published. Required fields are marked *