ဆယ်တန်းကို (၅)ဘာသာဂုဏ်ထူးထွက်ခဲ့ပြီး အမေရိကန်တက္ကသိုလ်မှာ ပညာဆည်းပူးခွင့်ရခဲ့တဲ့ ညီမလေးအတွက် ဂုဏ်ယူနေတဲ့ နော်ဖောအယ်ထား
Read in UNICODE
မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ ချစ်စရာကောင်းတဲ့အပြုံးလှလှလေးတွေကို ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ် ။ နော်ဖောအယ်ထားက ရုပ်ရည်ချောမောလှပသလို စကားပြောတဲ့ပုံစံလေးကလည်း
ဆွဲဆောင်မှုရှိနေတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ယောက်ျားလေးပရိသတ်တွေ တော်တော်များများက နော်ဖောအယ်ထားကို သည်းသည်းလှုပ် ဝန်းရံအားပေးနေကြတာပဲ ဖြစ်ပါတယ် ။ကြော်ငြာတွေနဲ့ Photo Shooting တွေဆက်တိုက်ရိုက်ကူးနေရတဲ့ နော်ဖောအယ်ထားက
အရင်ကထက်ပိုမိုအောင်မြင်လာတာပဲ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ နော်ဖောအယ်ထားက ပညာရေးမှာထူးချွန်တဲ့ ချစ်ညီမလေးနဲ့ပုံလေးတွေကို အမှတ်တရမျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။ နော်ဖောအယ်ထားရဲ့ညီမလေးကတော့ ဆယ်တန်းစာမေးပွဲကြီးကို ဂုဏ်ထူး (၅)ဘာသာနဲ့
ထူးချွန်စွာအောင်မြင်ခဲ့ပြီး နိုင်ငံခြားမှာကျောင်းတက်နေတာပဲ ဖြစ်ပါတယ် ။နော်ဖောရဲ့ညီမလေး နော်အယ်ထားဖိုးက အမေရိကန်ရဲ့နာမည်ကြီးတက္ကသိုလ်တစ်ခုဖြစ်တဲ့ “Universtiy of the Pacific” မှာ Business Administration: Double concentration in Finance and MIS နဲ့ ကျောင်းတက်နေတာပဲ ဖြစ်ပါတယ် ။ သူမနဲ့
ရုပ်ချင်းဆင်သလို အရမ်းလည်းချစ်စရာကောင်းတဲ့ ညီမချောချောလေးအတွက် နော်ဖောတစ်ယောက် ဂုဏ်ယူနေရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် နော်ဖောအယ်ထားတို့ညီအစ်မနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source : Naw Phaw Eh Htar’s Facebook | Reference & Credit : Myanmarload
Add a Comment
Your email address will not be published. Required fields are marked *