ဆြတ္ခူးရရွိခဲ့တဲ့ အကယ္ဒမီဆု(၆)ခုနဲ႔အတူ အမွတ္တရဓာတ္ပံုေတြ ႐ိုက္ကူးခဲ့တဲ့ ရန္ေအာင္

နာမည္ေက်ာ္မင္းသားႀကီး ရန္ေအာင္ကေတာ့ျမန္မာႏိုင္ငံရဲ႕ထိပ္တန္း မင္းသားတစ္လက္ျဖစ္ၿပီး အကယ္ဒမီဆုေပါင္းမ်ားစြာကို ဆြတ္ခူး ႏိုင္ခဲ့တဲ့ အႏုပညာေလာကမွာ မွတ္ေက်ာက္တင္ရေလာက္ေအာင္ သ႐ုပ္ေဆာင္ပညာမွာထူးခြၽန္တဲ့သူတစ္ေယာက္ပါ ။ သူ႔ရဲ႕သ႐ုပ္ေဆာင္ပညာေတြကေတာ့

ေနာင္လာေနာင္သာေတြ အတြက္ သင္ယူမဆုံးႏိုင္တဲ့ တကယ္ေတာ္တဲ့အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ ၾသဂုတ္လ (၁၄) ရက္ေန႔က ဓါတ္ပုံ ေနမင္းထြန္း အတြက္ ဓါတ္ပုံ႐ိုက္ေပးရင္း ႀကဳံလို႔ အိမ္က အကယ္ဒမီ႐ုပ္ေတြ ယူၿပီးအကယ္ဒမီ ၆ ဆုနဲ႔

အမွတ္တရ ႐ိုက္ျဖစ္ခဲ့တယ္လို႔သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ ပရိသတ္ေတြကိုမွ်ေဝေပးထားပါတယ္ ။ ႐ိုက္ထားတဲ့ပုံေတြမ်ားတဲ့အထဲက ေကာင္းႏိုးရာရာပုံေလး အမွတ္တရ ၾကည့္ရေအာင္လို႔ ပရိသတ္ေတြကိုမွ်ေဝေပးခဲ့တာျဖစ္ၿပီး အဝတ္အစားေတြကို “ဒီဇိုင္နာမ်ိဳးမင္းစိုး”

ကခ်ဳပ္ေပးထားတာျဖစ္တယ္လို႔သိရပါတယ္ ။ေ႐ႊစလြယ္အျဖစ္ ေ႐ႊႀကိဳးေတြက ေတာ့ “ေအာင္သမာဓိ”ေ႐ႊဆိုင္က ဆင္ျမန္းေပးထားတာျဖစ္တယ္လို႔ေရးသားေဖာ္ျပထားပါေသးတယ္ ။ ျမန္မာႏိုင္ငံမွာအကယ္ဒမီဆုအမ်ားဆုံးပိုင္ဆိုင္ထားတဲ့ အကယ္ဒမီမ်ားရွင္ရန္ေအာင္ရဲ႕ အမွတ္တရပုံရိပ္ေတြကို ပရိသတ္ေတြၾကည့္ရႈႏိုင္ဖို႔ ထပ္မံမွ်ေဝေပးပါဦးမယ္ေနာ္ ။

Read in UNICODE

နာမည်ကျော်မင်းသားကြီး ရန်အောင်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသားတစ်လက်ဖြစ်ပြီး အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူး နိုင်ခဲ့တဲ့ အနုပညာလောကမှာ မှတ်ကျောက်တင်ရလောက်အောင် သရုပ်ဆောင်ပညာမှာထူးချွန်တဲ့သူတစ်ယောက်ပါ ။ သူ့ရဲ့သရုပ်ဆောင်ပညာတွေကတော့

နောင်လာနောင်သာတွေ အတွက် သင်ယူမဆုံးနိုင်တဲ့ တကယ်တော်တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သြဂုတ်လ (၁၄) ရက်နေ့က ဓါတ်ပုံ နေမင်းထွန်း အတွက် ဓါတ်ပုံရိုက်ပေးရင်း ကြုံလို့ အိမ်က အကယ်ဒမီရုပ်တွေ ယူပြီးအကယ်ဒမီ ၆ ဆုနဲ့

အမှတ်တရ ရိုက်ဖြစ်ခဲ့တယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကိုမျှဝေပေးထားပါတယ် ။ ရိုက်ထားတဲ့ပုံတွေများတဲ့အထဲက ကောင်းနိုးရာရာပုံလေး အမှတ်တရ ကြည့်ရအောင်လို့ ပရိသတ်တွေကိုမျှဝေပေးခဲ့တာဖြစ်ပြီး အဝတ်အစားတွေကို “ဒီဇိုင်နာမျိုးမင်းစိုး”

ကချုပ်ပေးထားတာဖြစ်တယ်လို့သိရပါတယ် ။ရွှေစလွယ်အဖြစ် ရွှေကြိုးတွေက တော့ “အောင်သမာဓိ”ရွှေဆိုင်က ဆင်မြန်းပေးထားတာဖြစ်တယ်လို့ရေးသားဖော်ပြထားပါသေးတယ် ။ မြန်မာနိုင်ငံမှာအကယ်ဒမီဆုအများဆုံးပိုင်ဆိုင်ထားတဲ့ အကယ်ဒမီများရှင်ရန်အောင်ရဲ့ အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေကြည့်ရှုနိုင်ဖို့ ထပ်မံမျှဝေပေးပါဦးမယ်နော် ။

Source : Yan Aung | Source : Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *