အချစ်ရေးမှာ မစွံသော်ငြား မျက်စိကတော့ စွံနေပြီဖြစ်ကြောင်း ဟာသလေးနှောပြီး ပြောပြခဲ့တဲ့ ခေးဆက်သွင်





Read in UNICODE

ခေးဆက်သွင်ကတော့ MRTV-4 မင်းသမီးလေးလို့ လူသိများတဲ့ နာမည်ကျော်မင်းသမီးလေး ပရိသတ်တွေရဲ့ အချစ်တွေကိုအများကြီးရထားတဲ့မင်းသမီးလေးပါ ။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲတွေဟာ ပရိသတ်တွေတော်တော်လေး အကြိုက်တွေ့ခဲ့ကြပြီး

အားပေးမှုတွေ တခဲနက်ရရှိခဲ့တာပါ ။ခေးဆက်သွင်တစ်ယောက် သူမရဲ့တစ်နေ့တာလှုပ်ရှားမှုတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးလေ့ရှိပြီး လတ်တလောမှာတော့ စွံစရာရှားလို့မျက်စိမှ

စွံရသလား လို့လူစွံပါလားဟယ် ဆိုတဲ့ စာသားလေးနဲ့အတူ သူမမျက်စိစွံ နေတဲ့ပုံရိပ်လေးကို မိုင်ဒေးကနေတဆင့် ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်ကြီးရေ ခေးဆက်သွင်ကတော့ အနုပညာအလုပ်တွေ မအားမလပ်အောင်

လုပ်ဆောင်နေရပြီး အချစ်ရေးဘက်ကို ခြေဦးမလှည့်နိုင်သေးတဲ့ စင်ဂယ် လေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သူမရဲ့ အချစ်ရေးကလည်း လက်ရှိမှာတော့ တစ်ယောက်ထဲ စင်ဂယ်ဘဝနဲ့ သူမချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာပါနော် ။

Source : Khay Sett Thwin’s Facebook

Add a Comment

Your email address will not be published. Required fields are marked *