စပွန်ဆာရှိလို့ အောင်မြင်တယ်ဆိုပြီး ဝေဖန်တိုက်ခိုက်တဲ့သူတွေကို ဒဲ့ဖြေရှင်းခဲ့တဲ့ အေးငြိမ်းဆွေ





Read in UNICODE

အေးငြိမ်းဆွေကိုတော့ Miss Myanmar International(2015)ရဲ့ သရဖူကို ရရှိပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အေးငြိမ်းဆွေကတော့ Missတစ်ယောက်ရဲ့ အရည်အချင်းနဲ့ပြည့်ဝရုံသာမက ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို

ပိုင်ဆိုင်ထားတာကြောင့် မြင်သူတိုင်းအားကျရတဲ့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမကို ဝေဖန်တိုက်ခိုက်နေကြတဲ့သူတွေကို ဖြေရှင်းပေးနေရတာပါပဲနော်။ ဒီနေ့မှာလည်း အေးငြိမ်းဆွေက” အရင်က Sponsorကြီးနဲ့လို့ ပြောနေတဲ့လူတွေကို ရယ်ပဲရယ်နေမိတယ်။ ကိုယ့်အဖေ အမေတင်မက ကိုယ့်အဘိုးအဘွားတွေပါ ဘာလုပ်ပဲ ဘယ်မှာဘယ်လိုနေခဲ့လဲ စုံစမ်းပြီးမှ

ပြောကြပါဟဲ့ ပြီးတော့ အရင်ရည်းစားတွေတင်မက အရင်ရည်းစားရဲ့မိဘတွေပါ လိုက်မေးလိုက်ဦး ဘာတွေများ တောင်းဘူး ချုဘူးသလဲလို့ တစ်ခုခုပြောချင်ရင်လည်း ကျွန်မအဖေဘာလုပ်လဲ အရင်ကြည့်ဦး ယောကျာ်းကိုတောင် နင်နဲ့ကွဲလည်း ငါ့အဖေနဲ့အမေရှိတယ်လို့ ခုထိ ချေနိုင်ဆဲအနေအထားပါနော်။ သိစေချင်တယ် အောလီကောင်တွေ အောလီမတွေကို”လို့ဆိုပြီး Sponsorရှိလို့ အောင်မြင်နေတာလို့ဝေဖန်နေတဲ့သူတွေအတွက်

လူမှုကွန်ယက်စာမျက်နှာMydayပေါ်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အေးငြိမ်းဆွေက Sponsorရှိလို့ အောင်မြင်နေတယ်လို့ပြောတဲ့သူတွေကို ဒဲ့ဖြေရှင်းလိုက်ကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Aye Nyein Swe’s Facebook

Add a Comment

Your email address will not be published. Required fields are marked *