စိုးသူနဲ႔အတူ သီဆိုထားတဲ့ စံုတြဲသီခ်င္းေလး ထြက္ဖို႔ရွိတယ္ဆိုတဲ့ စႏၵီျမင့္လြင္

စႏၵီျမင့္လြင္ကေတာ့ Covid ကာလမွာ Single Song ေလးေတြ ထြက္ရွိေနတာျဖစ္သလို အခုဆိုရင္လည္း စိုးသူနဲ႔ စုံတြဲသီခ်င္းေလး ထြက္ေတာ့မယ္လို႔ ဆိုပါတယ္။ သီခ်င္းနာမည္ကိုေတာ့ “အဆုံးမရွိ” လို႔ နာမည္ေပးထားပါတယ္။ “ဦးစိုးသူနဲ႔ဒီးဒီရဲ႕ အတြဲသီခ်င္းအသစ္ဘယ္ေတာ့မ်ားမွ “အဆုံးမရွိ”Mv အတြက္ေမၿမိဳ႕႐ိုက္ကူးေရး ဒီလထဲထြက္ပါမယ္ေနာ္” ဆိုၿပီးေတာ့ ၾသဂုတ္လ (၁၅) ရက္ေန႔

မနက္ (၈) နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ပရိသတ္ေတြကလည္း ဒီသီခ်င္းေလးကို နားေထာင္ခ်င္ေနၾကၿပီလို႔ Comment ကေနတဆင့္ ေရးသားခဲ့ၾကပါတယ္။ စိုးသူဟာ အႏုပညာေလာကနဲ႔ ေဝးကြာေနတာ ၁၀စုႏွစ္ေက်ာ္ခဲ့ပါၿပီ။ သူ႔အေနနဲ႔ ၂၀၁၅ ခုႏွစ္က ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာတာ ျဖစ္ၿပီး မႏၲေလးမွာေရာ၊ ရန္ကုန္မွာပါ တစ္ကိုယ္ေတာ္

ေဖ်ာ္ေျဖပြဲေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ႐ိုက္ကူးထားပါေသးတယ္။ ျမန္မာႏိုင္ငံကို ျပန္ေရာက္ၿပီး ပထမဆုံး ႐ုပ္ရွင္ဇာတ္ကားအျဖစ္ တရားလားဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးခဲ့ပါေသးတယ္။ စႏၵီျမင့္လြင္ကိုေတာ့ Hip Hop အဆိုေတာ္ Rapper မေလး တစ္ေယာက္အျဖစ္ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ သူမဟာ သ႐ုပ္ေဆာင္ တစ္ေယာက္အျဖစ္

ဗီဒီယို ဇာတ္ကား၊ ႐ုပ္ရွင္ ဇာတ္ကားနဲ႔ တီဗီေၾကာ္ျငာေတြလည္း ႐ိုက္ကူးခဲ့ပါေသးတယ္။ အဲဒီေနာက္ ပထမဆုံးတစ္ကိုယ္ေတာ္အေခြျဖစ္တဲ့ ” ေဆးေရာင္လွလွျခယ္ရေအာင္” ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြနဲ႔ ပရိသတ္အခ်စ္ကို ဖမ္းစားႏိုင္ခဲ့သူေလးပါ။ ေနာက္ထပ္လည္း “Queen” ၊ “ကလီယိုပါထရာ” ၊ “Papi” ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြ ေတြလည္း ထြက္ရွိခဲ့ပါေသးတယ္။

Read in UNICODE

စန္ဒီမြင့်လွင်ကတော့ Covid ကာလမှာ Single Song လေးတွေ ထွက်ရှိနေတာဖြစ်သလို အခုဆိုရင်လည်း စိုးသူနဲ့ စုံတွဲသီချင်းလေး ထွက်တော့မယ်လို့ ဆိုပါတယ်။ သီချင်းနာမည်ကိုတော့ “အဆုံးမရှိ” လို့ နာမည်ပေးထားပါတယ်။ “ဦးစိုးသူနဲ့ဒီးဒီရဲ့ အတွဲသီချင်းအသစ်ဘယ်တော့များမှ “အဆုံးမရှိ”Mv အတွက်မေမြို့ရိုက်ကူးရေး ဒီလထဲထွက်ပါမယ်နော်” ဆိုပြီးတော့ သြဂုတ်လ (၁၅) ရက်နေ့

မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပရိသတ်တွေကလည်း ဒီသီချင်းလေးကို နားထောင်ချင်နေကြပြီလို့ Comment ကနေတဆင့် ရေးသားခဲ့ကြပါတယ်။ စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီ။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တစ်ကိုယ်တော်

ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားပါသေးတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် တရားလားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။ စန္ဒီမြင့်လွင်ကိုတော့ Hip Hop အဆိုတော် Rapper မလေး တစ်ယောက်အဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်

ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင် ဇာတ်ကားနဲ့ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ အဲဒီနောက် ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ ” ဆေးရောင်လှလှခြယ်ရအောင်” ဆိုတဲ့ တစ်ကိုယ်တော်အခွေနဲ့ ပရိသတ်အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပါ။ နောက်ထပ်လည်း “Queen” ၊ “ကလီယိုပါထရာ” ၊ “Papi” ဆိုတဲ့ တစ်ကိုယ်တော်အခွေ တွေလည်း ထွက်ရှိခဲ့ပါသေးတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *