အမေဖြစ်သူရဲ့ မွေးနေ့မှာ (၃၅)သိန်းကျော်တန်ဖိုးရှိ စိန်လော့ကပ်နဲ့ အဖိုးတန် ဘိတ်ပုလဲ လက်ဆောင်ပေးခဲ့တဲ့ ခိုင်သင်းကြည်






Read in UNICODE

ခိုင်သင်းကြည်ကတော့ မခိုင်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်တစ်ဦးလို့တောင် ဆိုနိုင်ပါတယ်နော်။ ထပ်ဆင့်အကယ်ဒမီဆုရှင်ဖြစ်ပြီး အခုချိန်အထိ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ခိုင်သင်းကြည်က မာန်မာနကင်းပြီး

ပျော်ပျော်နေတတ်တာ ဖြစ်ပါတယ် ။ ခိုင်သင်းကြည်က သမီးလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ မိသားစုအပေါ်မှာ တန်ဖိုးထားတတ်တဲ့ မခိုင်လေးက ချစ်ခင်ပွန်းနဲ့သမီးလေးကို ဂရုစိုက်သလို သူမရဲ့မိဘနှစ်ပါးကိုလည်း

ပြုစုစောင့်ရှောက်ပေးနေတာ ဖြစ်ပါတယ် ။ ဒီနေ့ သြဂုတ်လ (၁၅)ရက်နေ့လေးကတော့ မခိုင်လေးမေမေရဲ့မွေးနေ့လေးဖြစ်တာကြောင့် သူမအနေနဲ့ မိခင်ကိုမွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မခိုင်လေးက သူမရဲ့မိခင်အတွက် မြန်မာငွေ (၃၅)သိန်း

တန်ဖိုးရှိတဲ့ အဖိုးတန်စိန်လော့ကတ်ကိုလည်း မွေးနေ့လက်ဆောင်အဖြစ် ပြင်ဆင်ပေးထားပါသေးတယ်။ ခိုင်သင်းကြည်သာမက သူမရဲ့သမီးထိပ်ထိပ်လေးကလည်း ဘွားဘွားဖြစ်သူအတွက် အဖိုးတန်ရတနာပစ္စည်းကို မုန့်ဖိုးလေးတွေစုပြီး လက်ဆောင်ဝယ်ပေးထားတာပဲ ဖြစ်ပါတယ် ။ ခိုင်သင်းကြည်ကတော့ “Happy Birthday

ချစ်တဲ့မာမီကျန်းမာပျော်ရွှင်ပြီးအသက်ရာကျော်ရှည်ပါစေ” ဆိုပြီး မိခင်အတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခိုင်သင်းကြည်တို့သားအမိရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Khine Thin Kyi’s Facebook | Reference & Credit : Myanmarload

Add a Comment

Your email address will not be published. Required fields are marked *