ဒေါက်ဖိနပ်ကြောင့် ခြေထောက်ခေါက်လဲခဲ့ပြီး ယောင်ကိုင်းကာ မသက်သာကြောင်း ပြောပြခဲ့တဲ့ နန်းစန္ဒာလှထွန်း
Read in UNICODE
နန်းစန္ဒာလှထွန်းကတော့ MRTV -4မှာ ပြသခဲ့တဲ့ ” ” ဇာတ်လမ်းတွဲမှာရေဝတီဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိသတ်ရင်ထဲ အရင်ဆုံးရောက်ရှိခဲ့သူလေးပါ။ ပရိသတ်တွေတခဲနက်အားပေးခဲ့ရတဲ့ အရိပ်ဇာတ်လမ်းတွဲမှာလည်း နာစ့်မဆရာမလေး သက်သက်အနေနဲ့ ပုရိသပရိသတ်တွေ
တဖြုတ်ဖြုတ်ကြွေခဲ့ရသူလေးပါ။နာမည်လေးကြားရုံနဲ့ ရှမ်းတိုင်းရင်းသူလေးဆိုတာ အထူးပြောစရာမလိုအောင်ပါပဲနော်။ လက်ရှိမှာလည်းအသစ်သစ်သော ဇာတ်လမ်းတွဲတွေကိုထပ်မံရိုက်ကူးနေပြီး ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းမှာလည်း အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ဇာတ်လမ်းတွဲမင်းသမီးစစ်စစ်တစ်လက်ဖြစ်တာကြောင့်
လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝါရင့်အနုပညာရှင်တွေကတောင်ချီးကျုးရတဲ့အထိပါပဲနော်။ လတ်တလောမှာတော့ ဒေါက်ဖိနပ်ကြောင့် ခြေထောက်အရွတ်ပြဲသွားခဲ့တဲ့ နန်းစန္ဒါလှထွန်းကတော့ ဒီနေ့မှာ “မယောင်လို့မရတော့ဘူးလား”ဆိုတဲ့စာလေးနဲ့ ခြေထောက်လေးယောင်ကိုင်းနေတဲ့ပုံလေးကိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။နန်းနန်းရဲ့ပရိသတ်တေ်ကတော့
စိတ်ပူနေကြတော့မှာအမှန်ပါပဲနော်။ နန်းနန်းတစ်ယောက်အမြန်ဆုံးပြန်လည်သက်သာပြီးအလုပ်တွေပြန်လုပ်နိုင်ပါစေလို့ မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source : Nan Sandar Hla Tun’s Facebook
Add a Comment
Your email address will not be published. Required fields are marked *