ေရႊထူးကို သီခ်င္းဗီဒီယိုထဲမွာ တကယ္ပါး႐ိုက္ခဲ့ရလို႔ စိတ္မေကာင္းျဖစ္ေနတဲ့ ေရႊမွံုရတီ

ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ဟာ “မိုးစက္မ်ားက ေျပာေသာ” Music Video ေလးထဲမွာ မာနေတြ အၿပိဳင္ေနၾကတဲ့ ခ်စ္သူစုံတြဲအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။ ဒီ သီခ်င္းထဲမွာ ေ႐ႊမႈံရတီက ေ႐ႊထူးကို ပါးတကယ္ ႐ိုက္ခဲ့တာဟာ ရင္ထဲလုံးဝမေကာင္းခဲ့ဘူးလို႔ မီဒီယာေတြကို ေျပာျပလာပါတယ္။ “ အျပင္မွာေတာ့ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ေတာ့ ရွိတတ္တယ္။ ဒါေပမယ့္ နည္းနည္းပဲ ရန္ျဖစ္ၾကတာ။ MV ထဲမွာ ကိုေ႐ႊထူးကို သဲက ပါး တကယ္႐ိုက္လိုက္တာ။ ကိုေ႐ႊထူးကေတာ့ သဲကို တကယ္မ႐ိုက္ပါဘူး။ သူ႔ကို ႐ိုက္ရတာ ရင္ထဲေတာ့

တကယ္ မေကာင္းဘူးေပါ့။ ႐ိုက္ေနတဲ့ အခ်ိန္မွာေတာ့ ဘာမွာ မျဖစ္ဘူး။ ႐ိုက္ၿပီးသြားတဲ့ အခ်ိန္မွာ တကယ္ စိတ္မေကာင္းဘူး။ကိုယ္ ဘယ္ေလာက္ေတာင္ ႐ိုက္လိုက္မိတယ္မသိဘူး။ သူ႔ မ်က္ႏွာႀကီး တစ္ျခမ္းေတာ့ ေယာင္သြားတယ္” လို႔ သူက ဆိုပါတယ္။ေ႐ႊထူးနဲ႔ ေ႐ႊမႈံရတီတို႔ရဲ႕ အတြဲသီခ်င္း အသစ္ေလးျဖစ္တဲ့ “မိုးစက္မ်ားက ေျပာေသာ” သီခ်င္းကို ဇူလိုင္လ (၁၂) ရက္ေန႔က ေ႐ႊထူးရဲ႕ Facebook Page ကေန ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ ဒီသီခ်င္းကို မိတ္ဆက္ေပးခဲ့တဲ့ (၄) နာရီအတြင္းမွာ

အားေပးသူ ပရိသတ္ေပါင္း (၂) မီလီယံအထိ ရွိခဲ့တာပါ။ ၾသဂုတ္လ (၁၂)ရက္ေန႔မွာေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈဟာ (၆.၃) မီလီယံ အထိရွိခဲ့ၿပီျဖစ္ပါတယ္။ ဒီသီခ်င္းကို စိတ္တိုင္းက် ပုံေဖာ္႐ိုက္ကူူးခဲ့တဲ့ ရည္႐ြယ္ခ်က္ကိုလည္း ေ႐ႊမႈံရတီက ဝိန႔္စိန္ေ႐ႊဆိုင္ ေၾကာ္ျငာ႐ိုက္ကြင္းမွာ အခုလို ေျပာျပခဲ့ပါတယ္။ “ ဒီသီခ်င္းက သြင္းထားတာ တစ္ႏွစ္လား၊ ႏွစ္ႏွစ္လား မသိဘူး။ ဒီႏွစ္မွ သီခ်င္းကို ထြက္ျဖစ္သြားတယ္။ ဘာပဲေျပာေျပာ ေအာင္ေအာင္ျမင္ျမင္၊ ဆန္းဆန္းျပားျပားေလး

လုပ္ထားပါတယ္။ ပရိသတ္ သိတဲ့အတိုင္း ေ႐ႊမႈံရတီကေတာ့ အၿမဲတမ္း ဂယက္ထေအာင္ လုပ္ရမွဆိုေတာ့ နည္းနည္း ဂယက္ထေအာင္ လုပ္လိုက္တဲ့ သေဘာပါ။ က်န္တာေတာ့ ဘာမွ မရွိပါဘူး။ အျပင္မွာ အရမ္းခ်စ္ၾကတဲ့ စုံတြဲျဖစ္ေနလို႔ MV ထဲမွာ ၾကမ္းၾကမ္းေလး သ႐ုပ္ေဆာင္ၾကမယ္ ဆိုၿပီး လက္ဝါး႐ိုက္လိုက္တာပါ။ စိတ္မေကာင္းျဖစ္ခဲ့ရတဲ့ ပရိသတ္ေတြကိုလည္း ေတာင္းပန္ပါတယ္လို႔ သဲ ေျပာခ်င္ပါတယ္” လို႔ ဆိုပါတယ္။ေ႐ႊမႈံရတီ ဟာ အႏုပညာပ်ိဳးခင္းကေန စင္တင္ေပးလိုက္တဲ့

မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူမဟာ ထိပ္တန္းစာရင္းဝင္ မင္းသမီးတစ္ဦးျဖစ္လို႔ေနပါၿပီ။ ပရိသတ္ အခ်စ္ကို ခိုင္ခိုင္မာမာ ရရွိထားသူျဖစ္သလို က်ရာ ဇာတ္႐ုပ္မွာလည္း အေကာင္းဆုံးျဖစ္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီး တစ္ေယာက္ပါ။ သူမဟာ ခင္ပြန္းျဖစ္သူ အဆိုေတာ္ ေ႐ႊထူးနဲ႔ ၂၀၁၈ ခုႏွစ္က လက္ထပ္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဂီတဘက္ကိုပါ ေျခလွမ္းလာၿပီျဖစ္တဲ့ သူမဟာ ေ႐ႊထူးနဲ႔ အတူ သီခ်င္းေတြ ဆိုလာတာကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ “မိုးစက်များက ပြောသော” Music Video လေးထဲမှာ မာနတွေ အပြိုင်နေကြတဲ့ ချစ်သူစုံတွဲအဖြစ် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ သီချင်းထဲမှာ ရွှေမှုံရတီက ရွှေထူးကို ပါးတကယ် ရိုက်ခဲ့တာဟာ ရင်ထဲလုံးဝမကောင်းခဲ့ဘူးလို့ မီဒီယာတွေကို ပြောပြလာပါတယ်။ “ အပြင်မှာတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တော့ ရှိတတ်တယ်။ ဒါပေမယ့် နည်းနည်းပဲ ရန်ဖြစ်ကြတာ။ MV ထဲမှာ ကိုရွှေထူးကို သဲက ပါး တကယ်ရိုက်လိုက်တာ။ ကိုရွှေထူးကတော့ သဲကို တကယ်မရိုက်ပါဘူး။ သူ့ကို ရိုက်ရတာ ရင်ထဲတော့

တကယ် မကောင်းဘူးပေါ့။ ရိုက်နေတဲ့ အချိန်မှာတော့ ဘာမှာ မဖြစ်ဘူး။ ရိုက်ပြီးသွားတဲ့ အချိန်မှာ တကယ် စိတ်မကောင်းဘူး။ကိုယ် ဘယ်လောက်တောင် ရိုက်လိုက်မိတယ်မသိဘူး။ သူ့ မျက်နှာကြီး တစ်ခြမ်းတော့ ယောင်သွားတယ်” လို့ သူက ဆိုပါတယ်။ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အတွဲသီချင်း အသစ်လေးဖြစ်တဲ့ “မိုးစက်များက ပြောသော” သီချင်းကို ဇူလိုင်လ (၁၂) ရက်နေ့က ရွှေထူးရဲ့ Facebook Page ကနေ ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီသီချင်းကို မိတ်ဆက်ပေးခဲ့တဲ့ (၄) နာရီအတွင်းမှာ

အားပေးသူ ပရိသတ်ပေါင်း (၂) မီလီယံအထိ ရှိခဲ့တာပါ။ သြဂုတ်လ (၁၂)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့ အားပေးမှုဟာ (၆.၃) မီလီယံ အထိရှိခဲ့ပြီဖြစ်ပါတယ်။ ဒီသီချင်းကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူူးခဲ့တဲ့ ရည်ရွယ်ချက်ကိုလည်း ရွှေမှုံရတီက ဝိန့်စိန်ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ အခုလို ပြောပြခဲ့ပါတယ်။ “ ဒီသီချင်းက သွင်းထားတာ တစ်နှစ်လား၊ နှစ်နှစ်လား မသိဘူး။ ဒီနှစ်မှ သီချင်းကို ထွက်ဖြစ်သွားတယ်။ ဘာပဲပြောပြော အောင်အောင်မြင်မြင်၊ ဆန်းဆန်းပြားပြားလေး

လုပ်ထားပါတယ်။ ပရိသတ် သိတဲ့အတိုင်း ရွှေမှုံရတီကတော့ အမြဲတမ်း ဂယက်ထအောင် လုပ်ရမှဆိုတော့ နည်းနည်း ဂယက်ထအောင် လုပ်လိုက်တဲ့ သဘောပါ။ ကျန်တာတော့ ဘာမှ မရှိပါဘူး။ အပြင်မှာ အရမ်းချစ်ကြတဲ့ စုံတွဲဖြစ်နေလို့ MV ထဲမှာ ကြမ်းကြမ်းလေး သရုပ်ဆောင်ကြမယ် ဆိုပြီး လက်ဝါးရိုက်လိုက်တာပါ။ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်လို့ သဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့

မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ် အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *