ဆယ္တန္းမေအာင္ေပမယ့္လဲ မိသားစုကို ရွာေကြ်းႏိုင္လို႔ ဂုဏ္ယူေၾကာင္း ရင္ဖြင့္ခဲ့တဲ့ ေရႊမွံုရတီ

(၁၀)တန္းေအာင္ စာရင္းေတြ ထြက္တဲ့ အခ်ိန္မွာ ေ႐ႊမႈံရတီကေတာ့ သူ႔ရင္ထဲက ခံစားခ်က္ကို ေျပာျပလာပါတယ္။ သူမအေနနဲ႔ (၁၀) တန္းမေအာင္တာကို စိတ္မေကာင္းမျဖစ္ပဲ မိသားစုကို ရွာေကြၽးႏိုင္တဲ့ သူျဖစ္ေနလို႔ ကိုယ့္ကိုယ္ကိုယ္ ဂုဏ္ယူေနတာပါလို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။ ” သဲ (၁၀) တန္းမေအာင္ရတဲ့ အေၾကာင္းအရင္းကလည္း တစ္ခုကို အာ႐ုံစိုက္လိုက္ရလို႔ ေနာက္တစ္ခုကို

လစ္ဟင္းသြားတာပါ။ သဲက အႏုပညာအလုပ္မလုပ္ဘူးဆိုရင္ (၁၀) တန္းေအာင္မွာ အေသအခ်ာပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ သဲ ငယ္ငယ္က ေက်ာင္းမွာ စာအရမ္းေတာ္ပါတယ္။ 1 to 3 ပဲ အၿမဲေနပါတယ္။ ဘာပဲေျပာေျပာ သဲ အာ႐ုံစိုက္လိုက္တဲ့ အလုပ္တစ္ခုက သဲရဲ႕ မိသားစုေတြကို ရွာေကြၽးဖို႔အတြက္ ျဖစ္သြားတယ္။ အဲဒီအတြက္ အရမ္းဝမ္းသာတယ္။ (၁၀) တန္းမေအာင္သည့္ တိုင္ေအာင္

သဲကိုယ္သဲ အၿမဲ ဂုဏ္ျပဳတယ္။ ငါသည္ ငါ့မိသားစုကို ရွာေကြၽးႏိုင္တာပဲ ဆိုတဲ့ ဂုဏ္ယူတဲ့ စိတ္နဲ႔ အၿမဲေနပါတယ္” လို႔ ဆိုပါတယ္။ေ႐ႊမႈံရတီဟာ အခြင့္အေရးရရင္ (၁၀)တန္းစာေမးပြဲ ျပန္ေျဖမယ္လို႔ ဆိုပါတယ္။ (၁၀) တန္းမေအာင္တဲ့သူတစ္ေယာက္မို႔ ပရိသတ္ေတြရဲ႕ စေနာက္ျခင္း ခံရတာကိုလည္း စိတ္မေကာင္းျဖစ္ေနမိတယ္လို႔ ၾသဂုတ္လ (၁၀) ရက္ေန႔က ဝိန႔္စိန္ ေ႐ႊဆိုင္ ေၾကာ္ျငာ႐ိုက္ကြင္းမွာ

မီဒီယာေတြကို ေျဖဆိုခဲ့တာပါ။” သဲအေနနဲ႔ (၁၀)တန္းျပန္ေျဖခ်င္ပါတယ္။ အခ်ိန္အခါအခြင့္သင့္လို႔ရွိရင္လည္း ျပန္ေျဖမွာပါ။ သမီးကို (၁၀) တန္းမေအာင္လို႔ ႏွိမ္ၾကတဲ့အတြက္လည္း အရမ္းဝမ္းနည္းရပါတယ္။ (၁၀) တန္းမေအာင္တာနဲ႔ပတ္သက္ၿပီး Troll ၾကတဲ့ အေပၚမွာလည္း ေက်းဇူးတင္ပါတယ္။ ဒါက သဲကို (၁၀) တန္းျပန္ေျဖဖို႔အတြက္ သတိေပးေနသလိုပါပဲ။ သဲ အခု (၂၂) ႏွစ္ဆိုေတာ့

ျပန္ေျဖလို႔ရမယ္လို႔လည္း ထင္ပါတယ္။ ဇာတ္ၫႊန္းေတြေတာင္ ဖတ္ႏိုင္ေသးတာပဲ။ စာက်က္ႏိုင္တဲ့ ဦးေႏွာက္ရွိေသးတယ္လို႔လည္း သဲထင္ပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။ေ႐ႊမႈံရတီ ဟာ အႏုပညာပ်ိဳးခင္းကေန စင္တင္ေပးလိုက္တဲ့ မင္းသမီးေခ်ာေလးတစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူမဟာ ထိပ္တန္းစာရင္းဝင္ မင္းသမီးတစ္ဦးျဖစ္လို႔ေနပါၿပီ။ ပရိသတ္

အခ်စ္ကို ခိုင္ခိုင္မာမာ ရရွိထားသူျဖစ္သလို က်ရာ ဇာတ္႐ုပ္မွာလည္း အေကာင္းဆုံးျဖစ္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ မင္းသမီး တစ္ေယာက္ပါ။ သူမဟာ ခင္ပြန္းျဖစ္သူ အဆိုေတာ္ ေ႐ႊထူးနဲ႔ ၂၀၁၈ ခုႏွစ္က လက္ထပ္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဂီတဘက္ကိုပါ ေျခလွမ္းလာၿပီျဖစ္တဲ့ သူမဟာ ေ႐ႊထူးနဲ႔ အတူ သီခ်င္းေတြ ဆိုလာတာကိုလည္း ေတြ႕ရပါတယ္။

Read in UNICODE

(၁၀)တန်းအောင် စာရင်းတွေ ထွက်တဲ့ အချိန်မှာ ရွှေမှုံရတီကတော့ သူ့ရင်ထဲက ခံစားချက်ကို ပြောပြလာပါတယ်။ သူမအနေနဲ့ (၁၀) တန်းမအောင်တာကို စိတ်မကောင်းမဖြစ်ပဲ မိသားစုကို ရှာကျွေးနိုင်တဲ့ သူဖြစ်နေလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတာပါလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ” သဲ (၁၀) တန်းမအောင်ရတဲ့ အကြောင်းအရင်းကလည်း တစ်ခုကို အာရုံစိုက်လိုက်ရလို့ နောက်တစ်ခုကို

လစ်ဟင်းသွားတာပါ။ သဲက အနုပညာအလုပ်မလုပ်ဘူးဆိုရင် (၁၀) တန်းအောင်မှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ သဲ ငယ်ငယ်က ကျောင်းမှာ စာအရမ်းတော်ပါတယ်။ 1 to 3 ပဲ အမြဲနေပါတယ်။ ဘာပဲပြောပြော သဲ အာရုံစိုက်လိုက်တဲ့ အလုပ်တစ်ခုက သဲရဲ့ မိသားစုတွေကို ရှာကျွေးဖို့အတွက် ဖြစ်သွားတယ်။ အဲဒီအတွက် အရမ်းဝမ်းသာတယ်။ (၁၀) တန်းမအောင်သည့် တိုင်အောင်

သဲကိုယ်သဲ အမြဲ ဂုဏ်ပြုတယ်။ ငါသည် ငါ့မိသားစုကို ရှာကျွေးနိုင်တာပဲ ဆိုတဲ့ ဂုဏ်ယူတဲ့ စိတ်နဲ့ အမြဲနေပါတယ်” လို့ ဆိုပါတယ်။ရွှေမှုံရတီဟာ အခွင့်အရေးရရင် (၁၀)တန်းစာမေးပွဲ ပြန်ဖြေမယ်လို့ ဆိုပါတယ်။ (၁၀) တန်းမအောင်တဲ့သူတစ်ယောက်မို့ ပရိသတ်တွေရဲ့ စနောက်ခြင်း ခံရတာကိုလည်း စိတ်မကောင်းဖြစ်နေမိတယ်လို့ သြဂုတ်လ (၁၀) ရက်နေ့က ဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ

မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။” သဲအနေနဲ့ (၁၀)တန်းပြန်ဖြေချင်ပါတယ်။ အချိန်အခါအခွင့်သင့်လို့ရှိရင်လည်း ပြန်ဖြေမှာပါ။ သမီးကို (၁၀) တန်းမအောင်လို့ နှိမ်ကြတဲ့အတွက်လည်း အရမ်းဝမ်းနည်းရပါတယ်။ (၁၀) တန်းမအောင်တာနဲ့ပတ်သက်ပြီး Troll ကြတဲ့ အပေါ်မှာလည်း ကျေးဇူးတင်ပါတယ်။ ဒါက သဲကို (၁၀) တန်းပြန်ဖြေဖို့အတွက် သတိပေးနေသလိုပါပဲ။ သဲ အခု (၂၂) နှစ်ဆိုတော့

ပြန်ဖြေလို့ရမယ်လို့လည်း ထင်ပါတယ်။ ဇာတ်ညွှန်းတွေတောင် ဖတ်နိုင်သေးတာပဲ။ စာကျက်နိုင်တဲ့ ဦးနှောက်ရှိသေးတယ်လို့လည်း သဲထင်ပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ရွှေမှုံရတီ ဟာ အနုပညာပျိုးခင်းကနေ စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူမဟာ ထိပ်တန်းစာရင်းဝင် မင်းသမီးတစ်ဦးဖြစ်လို့နေပါပြီ။ ပရိသတ်

အချစ်ကို ခိုင်ခိုင်မာမာ ရရှိထားသူဖြစ်သလို ကျရာ ဇာတ်ရုပ်မှာလည်း အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီး တစ်ယောက်ပါ။ သူမဟာ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးနဲ့ ၂၀၁၈ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဂီတဘက်ကိုပါ ခြေလှမ်းလာပြီဖြစ်တဲ့ သူမဟာ ရွှေထူးနဲ့ အတူ သီချင်းတွေ ဆိုလာတာကိုလည်း တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *