ရှာဖွေထားရတဲ့ အနုပညာကြေးလေးတွေနဲ့ သီလရှင်ကျောင်းမှာ နေ့ဆွမ်းအလှူလေး ပြုလုပ်ခဲ့တဲ့ ရွှေသမီး
Read in UNICODE
ရွှေသမီးကတော့ ရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ ကြည်နူးစရာကောင်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်လိုက်ပြန်ပါပြီနော်။ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ရွှေသမီးက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်
အချိန်ခဏလေးအတွင်းမှာ ပရိသတ်ရင်ထဲ နေရာတစ်ခုကို အခိုင်အမာရရှိခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဝါရင့် သရုပ်ဆောင်များနဲ့အတူ တွဲဖက်ပြီး သရုပ်ဆောင်နေတဲ့ ရွှေသမီးက ကြော်ငြာတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာကို
တွေ့ရပါတယ်။ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မင်းသမီးချောလေး ရွှေသမီးက ပုရိသ ပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း အပြည့်အဝရရှိထားတာပါနော်။ ရုပ်ရည်လေးကလည်း လှပသလို စိတ်ထားလေးကလည်း
မွန်မြတ်ဖြူစင်လွန်းတာကြောင့် အများက အချစ်ပိုနေတာကိုလည်း တွေ့ရပါတယ်။ပြည်သူချစ် မင်းသမီးချောလေး ရွှေသမီးက ကြည်နူးစရာကောင်းတဲ့ အလှူတစ်ခုကို ပြုလုပ်လိုက်တာပဲဖြစ်ပါတယ်။ အမှန်တကယ်လိုအပ်နေတဲ့ ဇမ္ဗုဥသျှောင်သီလရှင် ဆရာလေးကျောင်းအတွက် ၈.၈.၂၀၂၀( စနေနေ့ ) က
နေ့ဆွမ်းသွားရောက် လှူဒါန်းခဲ့တာပါ။ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို ရွှေသမီးက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေကြည့်ပြီး ပီတိဖြစ်နေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Source : ေ႐ႊသမီး – Shwe Tha Mee’s Facebook | Reference & Credit : Myanmarlaod
Add a Comment
Your email address will not be published. Required fields are marked *