ခ်စ္ခင္ပြန္းနဲ႔အတူ ေမြးေန႔ အလွဴေတြလုပ္ရင္း ေပ်ာ္ရႊင္ပီတိျဖစ္ေနတဲ့ ခ်စ္သုေဝ

ၾသဂုတ္လ(၁၀) ရက္ေန႔ကေတာ့ အဆိုေတာ္ ခ်စ္သုေဝရဲ႕ ေမြးေန႔ ျဖစ္ပါတယ္။ သူမကေတာ့ ေမြးေန႔ရက္မတိုင္ခင္ အလႉအတန္းေတြ လုပ္ရင္း ပီတိျဖစ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ ” ေမြးလေလးရဲ႕ ဒုတိယေျမာက္အလႉ..ဒီႏွစ္ေမြးေန႔ေလးမွာ လႉခြင့္ရတာမွန္သမွ်အတြက္ ၾကည္ႏူးမဆုံးဘဲ။ ဒီလိုေတြလႉဒါန္းႏိုင္ေအာင္ေဘးကေနပံ့ပိုးကူညီၾကတဲ့သူငယ္ခ်င္းေတြ

ရွိေနရတာလည္းကံေကာင္းျခင္းတစ္ပါးပဲ။ အလုပ္ေတြလုပ္ႏိုင္စြမ္း အားရွိသေ႐ြ႕ သဒၵါအားပိုတိုးလို႔ လႉႏိုင္တန္းႏိုင္၊လႉခ်င္တန္းခ်င္ေသာသူပဲျဖစ္ရပါလို၏” ဆိုၿပီးေတာ့ ၾသဂုတ္လ (၉) ရက္ေန႔ ည ၈ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။ ခ်စ္သုေဝဟာ ၾသဂုတ္လ (၈) ရက္ေန႔

တုန္းက သူမရဲ႕ ေမြးေန႔အႀကိဳ ပထမဆုံးအလႉအျဖစ္ ပဲခူး႐ိုးမ၊ေက်ာက္တံခါးၿမိဳ႕နယ္၊ ကုန္းျမင့္သာေက်း႐ြာ(၁၂မိုင္) မွာရွိေနတဲ့ ကိုယ္ထူကိုယ္ထမူလတန္းေက်ာင္းေလးမွာ “စာၾကည့္တိုက္” ေဆာက္လုပ္ လႉဒါန္းဖို႔အတြက္ အလႉေငြမ်ား လႉဒါန္းခဲ့တာကိုလည္း ေတြ႕ရပါတယ္။ သူမရဲ႕ ေမြးေန႔ အလႉေတြမွာလည္း ခင္ပြန္းျဖစ္သူ အဆိုေတာ္ လင္းလင္းက ပါရမီျဖည့္ေပးခဲ့တာ ျဖစ္ၿပီး အႏုပညာရွင္

ေမာင္ႏွမမ်ားနဲ႔ ပရိသတ္ေတြကလည္း သာဓု (၃) ႀကိမ္ ေခၚဆိုခဲ့ၾကပါေသးတယ္။ ခ်စ္သူေဝဟာ ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔ ကိုဗစ္ကာလမွ အလႉအတန္းေတြ အဆက္မျပတ္ေဆာင္႐ြက္ေနတာေတြ႕ရပါတယ္။ COVID-19 ကာကြယ္ေရး ေဆးပစၥည္းေတြ လိုအပ္မႈရွိေနတဲ့ ေဆး႐ုံႀကီးေတြ၊ စားနပ္ရိကၡာ အခက္အခဲႀကဳံေတြ႕ေနရတဲ့ ေနရာ ေဒသေတြကို ကိုယ္တိုင္သြားေရာက္ၿပီး အလႉအတန္းေတြ

လုပ္ေနတာကိုလည္း ေတြ႕ရပါတယ္။ ခ်စ္သုေဝဟာ ခင္ပြန္းျဖစ္သူ လင္းလင္းနဲ႔အတူ အႁမႊာသမီးေလးေတြျဖစ္တဲ့ ေမျမန္မာသစ္နဲ႔ ေမျမန္မာေခတ္တို႔ကို ပိုင္ဆိုင္ထားသူေတြပါ။ သမီးေလး ႏွစ္ေယာက္နာမည္နဲ႔ ” ေခတ္သစ္ေဖာင္ေဒးရွင္း” ကိုလည္း ထူေထာင္ထားကာ ေမြးရာပါ ႏွလုံးေရာဂါပါရွိတဲ့ ကေလးငယ္ေတြကို အဓိကထား ခြဲစိတ္ကုသစာရိတ္ေထာက္ပံ့ေပးေနသလို ကေလးေတြရဲ႕ ပညာေရးအတြက္ပါ ေဆာင္႐ြက္ေပးေနတာ ေတြ႕ရပါတယ္။

Read in UNICODE

သြဂုတ်လ(၁၀) ရက်နေ့ကတော့ အဆိုတော် ချစ်သုဝေရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမကတော့ မွေးနေ့ရက်မတိုင်ခင် အလှူအတန်းတွေ လုပ်ရင်း ပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ” မွေးလလေးရဲ့ ဒုတိယမြောက်အလှူ..ဒီနှစ်မွေးနေ့လေးမှာ လှူခွင့်ရတာမှန်သမျှအတွက် ကြည်နူးမဆုံးဘဲ။ ဒီလိုတွေလှူဒါန်းနိုင်အောင်ဘေးကနေပံ့ပိုးကူညီကြတဲ့သူငယ်ချင်းတွေ

ရှိနေရတာလည်းကံကောင်းခြင်းတစ်ပါးပဲ။ အလုပ်တွေလုပ်နိုင်စွမ်း အားရှိသရွေ့ သဒ္ဒါအားပိုတိုးလို့ လှူနိုင်တန်းနိုင်၊လှူချင်တန်းချင်သောသူပဲဖြစ်ရပါလို၏” ဆိုပြီးတော့ သြဂုတ်လ (၉) ရက်နေ့ ည ၈ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ချစ်သုဝေဟာ သြဂုတ်လ (၈) ရက်နေ့

တုန်းက သူမရဲ့ မွေးနေ့အကြို ပထမဆုံးအလှူအဖြစ် ပဲခူးရိုးမ၊ကျောက်တံခါးမြို့နယ်၊ ကုန်းမြင့်သာကျေးရွာ(၁၂မိုင်) မှာရှိနေတဲ့ ကိုယ်ထူကိုယ်ထမူလတန်းကျောင်းလေးမှာ “စာကြည့်တိုက်” ဆောက်လုပ် လှူဒါန်းဖို့အတွက် အလှူငွေများ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ သူမရဲ့ မွေးနေ့ အလှူတွေမှာလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းက ပါရမီဖြည့်ပေးခဲ့တာ ဖြစ်ပြီး အနုပညာရှင်

မောင်နှမများနဲ့ ပရိသတ်တွေကလည်း သာဓု (၃) ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။ ချစ်သူဝေဟာ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ကိုဗစ်ကာလမှ အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတာတွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ

လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ချစ်သုဝေဟာ ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို ပိုင်ဆိုင်ထားသူတွေပါ။ သမီးလေး နှစ်ယောက်နာမည်နဲ့ ” ခေတ်သစ်ဖောင်ဒေးရှင်း” ကိုလည်း ထူထောင်ထားကာ မွေးရာပါ နှလုံးရောဂါပါရှိတဲ့ ကလေးငယ်တွေကို အဓိကထား ခွဲစိတ်ကုသစာရိတ်ထောက်ပံ့ပေးနေသလို ကလေးတွေရဲ့ ပညာရေးအတွက်ပါ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။

Source : Cele YatKwat | Reference & Credit : Duwun

Add a Comment

Your email address will not be published. Required fields are marked *